ကွင်းလယ်လူကို ပေါင် ၄၅ သန်းဖြင့်ခေါ်ပြီး ဗဟိုခံစစ် ကစားခိုင်းမယ့် လမ်းပတ်

UNICODE – ချယ်ဆီးအသင်းဟာ ဝက်ဟမ်းအသင်း ကွင်းလယ်လူ ရိုက်ကို ပေါင် ၄၅ သန်းဖြင့် ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်တွေ ပိုအားကောင်းလာနေတယ်လို့ အင်္ဂလန်သတင်းဌာနတွေရဲ့ ဖော်ပြလာမှုအရ သိရပါတယ်။

လမ်းပတ်ရဲ့ တောင်းဆိုမှုကြောင့် ချယ်ဆီးက ရိုက်ကို ခေါ်ယူရေးကို ကြိုးစားလာတာလို့ သိရပြီး လမ်းပတ်ကတော့ အင်္ဂလန် ကွင်းလယ်လူကို ခံစစ်ကို ဆင်းကစားစေပြီး သူ့အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင်ခိုင်လိုနေပါတယ်။ ရိုက်ဟာ အသက် ၂၁ နှစ်အရွယ်ပဲ ရှိသေးပြီး မနှစ်ကရာသီမှာ စတင်တောက်ပလာသူဖြစ်တယ်။

ဇီယက်နဲ့ ဝါနာကို ခေါ်ယူပြီးတဲ့နောက် ချယ်ဆီးက ခံစစ်ပိုင်းကို အားဖြည့်လိမ့်မယ်လို့ သိထားရပြီး ဗဟိုခံစစ်သမားထက် ကွင်းလယ်ခံစစ်သမားဖြစ်တဲ့ ရိုက်ကို ပိုမို အာရုံစိုက်လာတာကတော့ အံ့သြစရာ ဖြစ်ပါတယ်။ လက်ရှိ ဝက်ဟမ်း ကွင်းလယ်ခံစစ်ကို ဦးဆောင်နေတဲ့ ရိုက်ဟာ ဗဟိုခံစစ်မှာလည်း ကစားနိုင်စွမ်း ရှိနေပါတယ်။

ဝုဗ်နဲ့ ဝက်ဟမ်းတို့ ယှဉ်ပြိုင်တဲ့ ပွဲမှာလည်း ရိုက်က ဗဟိုခံစစ်နေရာက ကစားပြီး တောက်ပတဲ့ ခြေစွမ်းကောင်း ပြသထားပါတယ်။ ချယ်ဆီးက မနှစ်တည်းက ရိုက်ကို ကင်းထောက် စောင့်ကြည့်နေတာဖြစ်ပြီး အသက် ၁၄ နှစ်မှာ အသင်းကနေ ထွက်ခွာသွားတဲ့ အကယ်ဒမီ ကစားသမားဟောင်းကို ပြန်ခေါ်နိုင်ဖို့ကို မျက်စိကျနေတာဖြစ်တယ်။

ချယ်ဆီးကွင်းလယ်မှာ ကန်တေ ကြံ့ခိုင်မှု ရုန်းကန်နေသလို၊ ဂျော်ဂျင်ဟိုရဲ့ ကွင်းလယ်ခံစစ် ကစားပုံထက် အသင်းရဲ့ ခံစစ်ကို ပိုမို အကျိုးဖြစ်မယ့် ရိုက်ကို နှစ်နေရာ သုံးနိုင်ဖို့ လမ်းပတ်က ရည်ရွယ်တယ်လို့ ယူဆရတယ်။ ချယ်ဆီးက တိုက်စစ်သမားတွေကို ခေါ်ယူထားလို့ ကွင်းလယ် အတွင်းလူနေရာကနေ အခွင့်အရေး ဖန်တီးပေးမှာထက် ခံစစ်ကို ပိုမို အာရုံစိုက်ပေးမယ့် ကွင်းလယ်ခံစစ်သမားမျိုး ပိုလိုအပ်မှာ ဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ဝက္ဟမ္းအသင္း ကြင္းလယ္လူ ရိုက္ကို ေပါင္ ၄၅ သန္းျဖင့္ ေခၚယူႏုိင္ဖို႔ ယံုၾကည္ခ်က္ေတြ ပိုအားေကာင္းလာေနတယ္လို႔ အဂၤလန္သတင္းဌာနေတြရဲ႕ ေဖာ္ျပလာမႈအရ သိရပါတယ္။

လမ္းပတ္ရဲ႕ ေတာင္းဆိုမႈေၾကာင့္ ခ်ယ္ဆီးက ရိုက္ကို ေခၚယူေရးကို ၾကိဳးစားလာတာလို႔ သိရျပီး လမ္းပတ္ကေတာ့ အဂၤလန္ ကြင္းလယ္လူကို ခံစစ္ကို ဆင္းကစားေစျပီး သူ႔အသင္းရဲ႕ ခံစစ္ေၾကာင္းကို ဦးေဆာင္ခိုင္လိုေနပါတယ္။ ရိုက္ဟာ အသက္ ၂၁ ႏွစ္အရြယ္ပဲ ရွိေသးျပီး မႏွစ္ကရာသီမွာ စတင္ေတာက္ပလာသူျဖစ္တယ္။

ဇီယက္နဲ႔ ဝါနာကို ေခၚယူျပီးတဲ့ေနာက္ ခ်ယ္ဆီးက ခံစစ္ပိုင္းကို အားျဖည့္လိမ့္မယ္လို႔ သိထားရျပီး ဗဟိုခံစစ္သမားထက္ ကြင္းလယ္ခံစစ္သမားျဖစ္တဲ့ ရိုက္ကို ပိုမို အာရံုစိုက္လာတာကေတာ့ အံ့ၾသစရာ ျဖစ္ပါတယ္။ လက္ရွိ ဝက္ဟမ္း ကြင္းလယ္ခံစစ္ကို ဦးေဆာင္ေနတဲ့ ရိုက္ဟာ ဗဟိုခံစစ္မွာလည္း ကစားႏုိင္စြမ္း ရွိေနပါတယ္။

ဝုဗ္နဲ႔ ဝက္ဟမ္းတို႔ ယွဥ္ျပိဳင္တဲ့ ပြဲမွာလည္း ရိုက္က ဗဟိုခံစစ္ေနရာက ကစားျပီး ေတာက္ပတဲ့ ေျခစြမ္းေကာင္း ျပသထားပါတယ္။ ခ်ယ္ဆီးက မႏွစ္တည္းက ရိုက္ကို ကင္းေထာက္ ေစာင့္ၾကည့္ေနတာျဖစ္ျပီး အသက္ ၁၄ ႏွစ္မွာ အသင္းကေန ထြက္ခြာသြားတဲ့ အကယ္ဒမီ ကစားသမားေဟာင္းကို ျပန္ေခၚႏုိင္ဖို႔ကို မ်က္စိက်ေနတာျဖစ္တယ္။

ခ်ယ္ဆီးကြင္းလယ္မွာ ကန္ေတ ၾကံ႕ခိုင္မႈ ရုန္းကန္ေနသလို၊ ေဂ်ာ္ဂ်င္ဟိုရဲ႕ ကြင္းလယ္ခံစစ္ ကစားပံုထက္ အသင္းရဲ႕ ခံစစ္ကို ပိုမို အက်ိဳးျဖစ္မယ့္ ရိုက္ကို ႏွစ္ေနရာ သံုးႏုိင္ဖို႔ လမ္းပတ္က ရည္ရြယ္တယ္လို႔ ယူဆရတယ္။ ခ်ယ္ဆီးက တိုက္စစ္သမားေတြကို ေခၚယူထားလို႔ ကြင္းလယ္ အတြင္းလူေနရာကေန အခြင့္အေရး ဖန္တီးေပးမွာထက္ ခံစစ္ကို ပိုမို အာရံုစိုက္ေပးမယ့္ ကြင္းလယ္ခံစစ္သမားမ်ိဳး ပိုလိုအပ္မွာ ျဖစ္ပါတယ္။