မန်စီးတီးမှာပဲ စာချုပ်သစ်ဖြင့် ဆက်နေဖို့ မစဉ်းစားချင်သေးဘူး ပြောလာတဲ့ ဂွာဒီယိုလာ

UNICODE – ဂွာဒီယိုလာက မန်စီးတီးနဲ့ စာချုပ်ကုန်ပြီးတဲ့နောက်မှာ သက်တမ်းတိုးပြီး ဆက်နေမလားဆိုတဲ့ ကိစ္စကို မရေရာတဲ့ အဖြေကိုပဲ ပေးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက လာမယ့်ရာသီ မန်စီးတီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် မရရင်တောင်မှ မန်ချက်စတာကလပ်မှာ ဆက်ေနေမယ်လို့ အတည်ပြုထားတာပါ။ ပရီးမီးယားလိဂ်ဖလားကို ဆုံးရံှူးခဲ့ပြီဖြစ်လို့ သူဟာ စီးတီးနဲ့ အက်ဖ်အေဖလား။ ချန်ပီယံလိဂ်ဖလားတွေကို အောင်နိုင်ဖို့ကိုပဲ အာရုံစိုက်နေတာဖြစ်တယ်။

မန်စီးတီးဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းချိုးဖောက်မှုကြောင့် ဥရောပပြိုင်ပွဲတွေကနေ ၂ ရာသီ ထုတ်ပယ်ခံထားရတာဖြစ်တယ်။ စီးတီးဘက်က အယူခံဝင်ထားပြီး ရလဒ်ကိုတော့ ဇူလိုင်လထဲမှာ ကြေညာပေးမှာ ဖြစ်ပါတယ်။ မန်စီးတီး အယူခံဝင်မှု မအောင်မြင်ခဲ့ရင် ဒီဘရိုင်း ထွက်ခွာသွားမှာဖြစ်ပြီး ဂွာဒီယိုလာကတော့ ၂၀၂၁ ခုနှစ် နောက်ပိုင်မှာ ဆက်ရှိနေဖို့ မသေချာကြောင်း ပြောလာခဲ့ပါတယ်။

ဂွာဒီယိုလာက “ လက်ကျန် ရာသီအတွက်ကော လာမယ့် ရာသီအတွက်ပါ ကျနော် အတော်လေး စိတ်လှုပ်ရှားနေပါတယ်။ ဒီအသင်းမှာ အလုပ်လုပ်ရတာနဲ့ ကျနေ်ာတို့ အကောင်းဆုံးတွေအတွက် အတူတကွ ကြိုးစားရတာအတွက် ကျနော် အတော်လေး အားရကျေနပ်မှု ရှိတယ်။

ဒါပေမယ့် နောက်ပိုင်း ကာလမှာ ဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ မတွေးချင်ပါဘူး။ အဲ့လို တွေးဖို့လည်း အချိန် မဟုတ်သေးပါဘူး။ လက်ရှိ ကာလကိုပဲ ကျနော် စဉ်းစားလိုပါတယ်။ ကစားသမားတွေ ပြန်လည် ကြံ့ခိုင်လာဖို့နဲ့ နယူးကာဆယ်နဲ့ အက်ဖ်အေပွဲကိုပဲ အာရုံစိုက်လိုပါတယ် ” လို့ ဖြေဆိုခဲ့တာဖြစ်တယ်။

မန်စီးတီးဟာ လက်တလောမှာ ခံစစ်ပိုင်း ပြဿနာတွေ ရှိနေပြီး ဖာနန်ဒင်ဟိုက နယူးကာဆယ်နဲ့ပွဲကို လွဲမှာဖြစ်သလို ဂျွန်စတုန်းကလည်း ဒဏ်ရာကနေ မသက်သာလာသေးပါဘူး။

“ စတုန်းက ဒဏ်ရာရနေဆဲဖြစ်တယ်။ လော့ဒေါင်း ကာလအပြီး ပြင်ဆင်ချိန်တွေ နည်းခဲ့ပါတယ်။ ဒီပွဲတွေမှာ ကျနေ်ာတို့ အကောင်းဆုံး လုပ်နိုင်ဖို့လိုတယ်။ ချန်ပီယံလိဂ်အတွက်လည်း ကြိုးစားရမှာဖြစ်ပြီး ကောင်းမွန်တဲ့ တနင်္ဂနွေနေ့ ဖြစ်အောင် လုပ်ရပါမယ် ” လို့ ဂွာဒီယိုလာက ပြောခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ဂြာဒီယိုလာက မန္စီးတီးနဲ႔ စာခ်ဳပ္ကုန္ျပီးတဲ့ေနာက္မွာ သက္တမ္းတိုးျပီး ဆက္ေနမလားဆိုတဲ့ ကိစၥကို မေရရာတဲ့ အေျဖကိုပဲ ေပးသြားခဲ့ပါတယ္။

ဂြာဒီယိုလာက လာမယ့္ရာသီ မန္စီးတီးအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ မရရင္ေတာင္မွ မန္ခ်က္စတာကလပ္မွာ ဆက္ေေနမယ္လို႔ အတည္ျပဳထားတာပါ။ ပရီးမီးယားလိဂ္ဖလားကို ဆံုးရံွဴးခဲ့ျပီျဖစ္လို႔ သူဟာ စီးတီးနဲ႔ အက္ဖ္ေအဖလား။ ခ်န္ပီယံလိဂ္ဖလားေတြကို ေအာင္နုိင္ဖို႔ကိုပဲ အာရံုစိုက္ေနတာျဖစ္တယ္။

မန္စီးတီးဟာ ယူအီးအက္ဖ္ေအရဲ႕ ဘ႑ာေရးဆိုင္ရာ စည္းကမ္းခ်ိဳးေဖာက္မႈေၾကာင့္ ဥေရာပျပိဳင္ပြဲေတြကေန ၂ ရာသီ ထုတ္ပယ္ခံထားရတာျဖစ္တယ္။ စီးတီးဘက္က အယူခံဝင္ထားျပီး ရလဒ္ကိုေတာ့ ဇူလိုင္လထဲမွာ ေၾကညာေပးမွာ ျဖစ္ပါတယ္။ မန္စီးတီး အယူခံဝင္မႈ မေအာင္ျမင္ခဲ့ရင္ ဒီဘရိုင္း ထြက္ခြာသြားမွာျဖစ္ျပီး ဂြာဒီယိုလာကေတာ့ ၂၀၂၁ ခုႏွစ္ ေနာက္ပိုင္မွာ ဆက္ရွိေနဖို႔ မေသခ်ာေၾကာင္း ေျပာလာခဲ့ပါတယ္။

ဂြာဒီယိုလာက “ လက္က်န္ ရာသီအတြက္ေကာ လာမယ့္ ရာသီအတြက္ပါ က်ေနာ္ အေတာ္ေလး စိတ္လႈပ္ရွားေနပါတယ္။ ဒီအသင္းမွာ အလုပ္လုပ္ရတာနဲ႔ က်ေန္ာတုိ႔ အေကာင္းဆံုးေတြအတြက္ အတူတကြ ၾကိဳးစားရတာအတြက္ က်ေနာ္ အေတာ္ေလး အားရေက်နပ္မႈ ရွိတယ္။

ဒါေပမယ့္ ေနာက္ပိုင္း ကာလမွာ ဘာဆက္ျဖစ္မယ္ဆိုတာကိုေတာ့ မေတြးခ်င္ပါဘူး။ အဲ့လို ေတြးဖို႔လည္း အခ်ိန္ မဟုတ္ေသးပါဘူး။ လက္ရွိ ကာလကိုပဲ က်ေနာ္ စဥ္းစားလိုပါတယ္။ ကစားသမားေတြ ျပန္လည္ ၾကံ႕ခိုင္လာဖို႔နဲ႔ နယူးကာဆယ္နဲ႔ အက္ဖ္ေအပြဲကိုပဲ အာရံုစိုက္လိုပါတယ္ ” လို႔ ေျဖဆိုခဲ့တာျဖစ္တယ္။

မန္စီးတီးဟာ လက္တေလာမွာ ခံစစ္ပိုင္း ျပႆနာေတြ ရွိေနျပီး ဖာနန္ဒင္ဟိုက နယူးကာဆယ္နဲ႔ပြဲကို လြဲမွာျဖစ္သလို ဂၽြန္စတုန္းကလည္း ဒဏ္ရာကေန မသက္သာလာေသးပါဘူး။

“ စတုန္းက ဒဏ္ရာရေနဆဲျဖစ္တယ္။ ေလာ့ေဒါင္း ကာလအျပီး ျပင္ဆင္ခ်ိန္ေတြ နည္းခဲ့ပါတယ္။ ဒီပြဲေတြမွာ က်ေန္ာတို႔ အေကာင္းဆံုး လုပ္ႏုိင္ဖို႔လိုတယ္။ ခ်န္ပီယံလိဂ္အတြက္လည္း ၾကိဳးစားရမွာျဖစ္ျပီး ေကာင္းမြန္တဲ့ တနဂၤေႏြေန႔ ျဖစ္ေအာင္ လုပ္ရပါမယ္ ” လို႔ ဂြာဒီယိုလာက ေျပာခဲ့တာ ျဖစ္ပါတယ္။