ယူနိုက်တက်က မန်စီးတီးနဲ့ လီဗာပူးကို စိန်ခေါ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ ရွိုင်ကိန်း

UNICOD – နောက်နှစ်မှာ ယူနိုက်တက်ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးကို ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ သရဲနီဟောင်းကြီး ရွိုင်ကိန်းက မယုံကြည်ပါဘူး။

The Independent နဲ့ အင်တာဗျူးမှာတော့ ရွိုင်ကိန်းက အသင်းဟောင်းဟာ ခံစစ်ပိုင်းမှာ အခုချိန်ထိ လုံလောက်အောင် မကောင်းဘူးလို့ ပြောပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲဆက်တိုက် ရံှူးပွဲမရှိတဲ့ ယူနိုက်တက်ဟာ မနက်က ယှဉ်ပြိုင်ကစားတဲ့ နော်ဝစ်နဲ့ပွဲကို အနိုင်ယူပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီလည်း ဖြစ်ပါတယ်။

ရွိုင်းကိန်က ‘ အမှတ်ပေးဇယားက ဘယ်တော့မှ မလိမ်ဘူး ‘ လို့ ခပ်ပြတ်ပြတ် ပြောပါတယ်။ သူကပဲ ဆက်ပြီး ‘ ခံစစ်ပိုင်းမှာ ယူနိုက်တက်က အားနည်းနေတယ် ‘ ဆိုပြီး မှတ်ချက်ပေးပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ချယ်ဆီးနဲ့ ၅ မှတ်အကွာ၊ အဆင့် ၅ နေရာမှာ ဝုဗ်ကို တစ်ပွဲလျော့ ၃ မှတ်အကွာမှာ ရှိနေတာပါ။ ယူနိုက်တက်ရဲ့ ခံစစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ခံစစ်အကောင်းဆုံး အသင်း ၅ သင်းထဲမှာ ပါဝင်နေတာဖြစ်တယ်။

ယူနိုက်တက် ခံစစ်ကို မက်ဂွဲရားနဲ့ ဘစ်ဆာကာတို့ ရောက်လာပြီးနောက် ပိုမို တည်ငြိမ်လာခဲ့သလို ကွင်းလယ်ကလည်း ဘရူနို ဖာနန်ဒက်စ် ရောက်လာပြီးနောက် ပိုမို ကျစ်လစ်လာခဲ့တယ်။ ဒါပေမယ့် ရွိုင်းကိန်ကတော့ ယူနိုက်တက် ခံစစ်က လိုအပ်ချက် ရှိနေဆဲဖြစ်ပြီး ဗဟိုခံစစ်မှာ နောက်ထပ် ကစားသမား တစ်ဦး ထပ်ဖြည့်တာမျိုးကို မြင်လိုနေပါတယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ် ၃၁ ပွဲမှာ ၂၈ ပွဲထိ အနိုင်ရဖို့ ခံစစ်က အဓိက အထောက်အပံ့ဖြစ်စေခဲ့တယ်။ မန်စီးတီးရဲ့ လိဂ်ပွဲ ၃၁ ပွဲမှာ သွင်းဂိုး ၇၇ ဂိုးတောင် ရမှုမှာလည်း ကွင်းလယ်နဲ့ တိုက်စစ်က အဓိက ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ဒီရာသီမှာ လိဂ်နိုင်ပွဲ ၁၃ ပွဲပဲ ရသလို တိုက်စစ်က ၄၈ ဂိုးပဲ သွင်းနိုင်ပါတယ်။

‘ လာမယ့် ၁၂ လမှာ လီဗာပူးနဲ့ မန်စီးတီးတို့ကို ယူနိုက်တက် ကျော်ဖြတ်နိုင်ဖို့ဆိုတာ ခက်ခဲလွန်းပါလိမ့်မယ် ‘ လို့ ကိန်းက ဆက်ပြောပါတယ်။

ရွိုင်ကိန်းပြောသလို ယူနိုက်တက်က နွေမှာ ခံစစ်ကို အားဖြည့်မလား (သို့) သွင်းဂိုးတွေအတွက် တိုက်စစ်ကို အားဖြည့်ဖို့ စဉ်းစားမလားက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI – ေနာက္ႏွစ္မွာ ယူႏုိက္တက္ဟာ ျပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးနဲ႔ မန္စီးတီးကို ယွဥ္ျပိဳင္ႏုိင္လိမ့္မယ္လို႔ သရဲနီေဟာင္းၾကီး ရိြဳင္ကိန္းက မယံုၾကည္ပါဘူး။

The Independent နဲ႔ အင္တာဗ်ဴးမွာေတာ့ ရိြဳင္ကိန္းက အသင္းေဟာင္းဟာ ခံစစ္ပိုင္းမွာ အခုခ်ိန္ထိ လံုေလာက္ေအာင္ မေကာင္းဘူးလို႔ ေျပာပါတယ္။ ျပိဳင္ပြဲစံု ေနာက္ဆံုး ၁၃ ပြဲဆက္တိုက္ ရံွဴးပြဲမရွိတဲ့ ယူႏုိက္တက္ဟာ မနက္က ယွဥ္ျပိဳင္ကစားတဲ့ ေနာ္ဝစ္နဲ႔ပြဲကို အႏုိင္ယူျပီး အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားျပီလည္း ျဖစ္ပါတယ္။

ရိြဳင္းကိန္က ‘ အမွတ္ေပးဇယားက ဘယ္ေတာ့မွ မလိမ္ဘူး ‘ လို႔ ခပ္ျပတ္ျပတ္ ေျပာပါတယ္။ သူကပဲ ဆက္ျပီး ‘ ခံစစ္ပိုင္းမွာ ယူႏုိက္တက္က အားနည္းေနတယ္ ‘ ဆိုျပီး မွတ္ခ်က္ေပးပါတယ္။

ယူႏုိက္တက္ဟာ ဒီရာသီ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရပ္တည္ေနျပီး အဆင့္ ၄ ေနရာက ခ်ယ္ဆီးနဲ႔ ၅ မွတ္အကြာ၊ အဆင့္ ၅ ေနရာမွာ ဝုဗ္ကို တစ္ပြဲေလ်ာ့ ၃ မွတ္အကြာမွာ ရွိေနတာပါ။ ယူႏုိက္တက္ရဲ႕ ခံစစ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ခံစစ္အေကာင္းဆံုး အသင္း ၅ သင္းထဲမွာ ပါဝင္ေနတာျဖစ္တယ္။

ယူႏုိက္တက္ ခံစစ္ကို မက္ဂြဲရားနဲ႔ ဘစ္ဆာကာတို႔ ေရာက္လာျပီးေနာက္ ပိုမို တည္ျငိမ္လာခဲ့သလို ကြင္းလယ္ကလည္း ဘရူႏို ဖာနန္ဒက္စ္ ေရာက္လာျပီးေနာက္ ပိုမို က်စ္လစ္လာခဲ့တယ္။ ဒါေပမယ့္ ရိြဳင္းကိန္ကေတာ့ ယူႏုိက္တက္ ခံစစ္က လိုအပ္ခ်က္ ရွိေနဆဲျဖစ္ျပီး ဗဟိုခံစစ္မွာ ေနာက္ထပ္ ကစားသမား တစ္ဦး ထပ္ျဖည့္တာမ်ိဳးကို ျမင္လိုေနပါတယ္။

လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ၃၁ ပြဲမွာ ၂၈ ပြဲထိ အႏုိင္ရဖို႔ ခံစစ္က အဓိက အေထာက္အပံ့ျဖစ္ေစခဲ့တယ္။ မန္စီးတီးရဲ႕ လိဂ္ပြဲ ၃၁ ပြဲမွာ သြင္းဂိုး ၇၇ ဂိုးေတာင္ ရမႈမွာလည္း ကြင္းလယ္နဲ႔ တိုက္စစ္က အဓိက ျဖစ္ပါတယ္။ ယူႏုိက္တက္ကေတာ့ ဒီရာသီမွာ လိဂ္ႏုိင္ပြဲ ၁၃ ပြဲပဲ ရသလို တိုက္စစ္က ၄၈ ဂိုးပဲ သြင္းႏုိင္ပါတယ္။

‘ လာမယ့္ ၁၂ လမွာ လီဗာပူးနဲ႔ မန္စီးတီးတို႔ကို ယူႏုိက္တက္ ေက်ာ္ျဖတ္ႏုိင္ဖို႔ဆိုတာ ခက္ခဲလြန္းပါလိမ့္မယ္ ‘ လို႔ ကိန္းက ဆက္ေျပာပါတယ္။

ရိြဳင္ကိန္းေျပာသလို ယူႏုိုက္တက္က ေႏြမွာ ခံစစ္ကို အားျဖည့္မလား (သို႔) သြင္းဂိုးေတြအတြက္ တိုက္စစ္ကို အားျဖည့္ဖို႔ စဥ္းစားမလားက ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။