ဘရိုက်တန် အသင်းသားတွေကို ဆဲဆိုပြီး လုပ်ခနဲ့ ပက်သက်လို့ စော်ကားခဲ့တဲ့ ဂွမ်ဒေါင်ဇီ

UNICODE – စနေနေ့က အာဆင်နယ်နဲ့ ဘရိုက်တန်ပွဲအပြီး အာဆင်နယ်အသင်းသားတွေက နိမ့်ချဖို့ကို သင်ယူသင့်တယ်လို့ မောပေး လှောင်ပြောင်ခဲ့တာက ဂွမ်ဒေါင်ဇီရဲ့ စော်ကားမှုကြောင့်ဖြစ်တယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

အဆိုပါပွဲမှာ လီနိုကို ဒူးဒဏ်ရာရအောင် လုပ်ခဲ့တဲ့ မောပေးကို ဂွမ်ဒေါင်ဇီက လည်ပင်းညစ်ခဲ့ပေမယ့် အက်ဖ်အေဘက်က ဘာပြစ်ဒဏ်မှ ပေးမှာ မဟုတ်ကြောင်း ကြေညာခဲ့ပြီးဖြစ်တယ်။ ကွင်းအတွင်းမှာ မောပေးက လီနိုကို တွန်းတိုက်ခဲ့ပေမယ့် အဆိုပါဖြစ်ရက်က ကစားသမားချင်း ထိတွေ့မှုဖြစ်ခြင်းကြောင့် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ပေးခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့်လို့ မောပေးက အာဆင်နယ်ကို ဘာလို့ လှောင်ပြောင်သွားသလဲဆိုတဲ့ အမေးအတွက် အဆိုပါ သတင်းက ဖော်ပြရမှာ ဂွမ်ဒေါင်ဇီက ဘရိုက်တန်အသင်းသားတွေရဲ့ လုပ်ခကို ချိုးနိမ့်တဲ့ စကားမျိုး ပြောခဲ့တယ်လို့ သိရတယ်။ ဂွမ်ဒေါင်ဇီဟာ အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀ ရနေပြီး အာဆင်နယ်ရဲ့ အမြင့်ဆုံး လုပ်ခရှင် အိုဇေးက တစ်ပတ် ပေါင် ၃၅၀၀၀၀ ရနေပါတယ်။ ဘရိုက်တန်မှာတော့ အမြင့်ဆုံး လုပ်ခရ ကစားသမားက ပေါင် ၅၀၀၀၀ ဖြစ်ပါတယ်။

ဒေးလီးမေလ်းကတော့ သတင်းပေးသူထံက သိရခြင်းမှာ ‘ ဂွမ်ဒေါင်ဇီက ဘရိုက်တန် အသင်းသားတွေကို -ျီးထုပ်တွေ လို့ ရေရွတ်ခဲ့တယ်။ သူကပဲ သူနဲ့ အာဆင်နယ်အသင်းသားတွေက ဘရိုက်တန် တစ်သင်းလုံးရတဲ့ လုပ်ခထက် ပိုရတယ် ‘ ဆိုပြီး ချိုးနိမ့်ခဲ့တယ်လို့ သိရတယ်။

ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆန်က နှစ်ဦးလုံးရဲ့ ဖြစ်ရပ်တွေကို စစ်ဆေးဖို့ လွဲခဲ့ပေမယ့် VAR က ပြန်ကြည့်ခဲ့ပြီး ဘယ်လို ပြစ်ဒဏ်မှ ပေးမှာမဟုတ်ကြောင်း အက်ဖ်အေက အတည်ပြုပါတယ်။

မော်ပေးက ‘ အချို့သော အာဆင်နယ် ကစားသမားတွေက တခါတလေမှာ နှိမ့်ချမှုဆိုတာကို သင်ယူသင့်ပါတယ်။ ပထမပိုင်းမှာ သူတို့တွေက စကားအရမ်းများတယ်။ ဒုတိယပိုင်းမှာ သူတို့က ၁-၀ နဲ့ အသာရနေတာပါ။ သူတို့နဲ့ ထိုက်တန်တာကို သူတို့ ရသွားတာပါပဲ။ ‘ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပယ်ရီ ဂရို့စ်က အာတီတာအနေနဲ့ အသင်းသားတွေရဲ့ စိတ်ဓါတ်ပိုင်းကို ထိန်းသိမ်းသင့်ကြောင်းနဲ့ ပွဲမှာ နိုင်တဲ့သူပြောတာက မှန်ကန်ပြီး အရံှူးသမားအနေနဲ့ ဘာကို ခြေပခွင့်ရှိမလဲလို့ သတိပေးသွားခဲ့ပါတယ်။

ZAWGYI – စေနေန႔က အာဆင္နယ္နဲ႔ ဘရိုက္တန္ပြဲအျပီး အာဆင္နယ္အသင္းသားေတြက နိမ့္ခ်ဖို႔ကို သင္ယူသင့္တယ္လို႔ ေမာေပး ေလွာင္ေျပာင္ခဲ့တာက ဂြမ္ေဒါင္ဇီရဲ႕ ေစာ္ကားမႈေၾကာင့္ျဖစ္တယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

အဆိုပါပြဲမွာ လီႏိုကို ဒူးဒဏ္ရာရေအာင္ လုပ္ခဲ့တဲ့ ေမာေပးကို ဂြမ္ေဒါင္ဇီက လည္ပင္းညစ္ခဲ့ေပမယ့္ အက္ဖ္ေအဘက္က ဘာျပစ္ဒဏ္မွ ေပးမွာ မဟုတ္ေၾကာင္း ေၾကညာခဲ့ျပီးျဖစ္တယ္။ ကြင္းအတြင္းမွာ ေမာေပးက လီႏိုကို တြန္းတိုက္ခဲ့ေပမယ့္ အဆိုပါျဖစ္ရက္က ကစားသမားခ်င္း ထိေတြ႔မႈျဖစ္ျခင္းေၾကာင့္ ကြင္းလယ္ဒိုင္က ျပစ္ဒဏ္ေပးခဲ့ျခင္း မရွိပါဘူး။

ဒါေပမယ့္လို႔ ေမာေပးက အာဆင္နယ္ကို ဘာလို႔ ေလွာင္ေျပာင္သြားသလဲဆိုတဲ့ အေမးအတြက္ အဆိုပါ သတင္းက ေဖာ္ျပရမွာ ဂြမ္ေဒါင္ဇီက ဘရိုက္တန္အသင္းသားေတြရဲ႕ လုပ္ခကို ခ်ိဳးနိမ့္တဲ့ စကားမ်ိဳး ေျပာခဲ့တယ္လို႔ သိရတယ္။ ဂြမ္ေဒါင္ဇီဟာ အာဆင္နယ္မွာ တစ္ပတ္လုပ္ခ ေပါင္ ၄၀၀၀၀ ရေနျပီး အာဆင္နယ္ရဲ႕ အျမင့္ဆံုး လုပ္ခရွင္ အိုေဇးက တစ္ပတ္ ေပါင္ ၃၅၀၀၀၀ ရေနပါတယ္။ ဘရိုက္တန္မွာေတာ့ အျမင့္ဆံုး လုပ္ခရ ကစားသမားက ေပါင္ ၅၀၀၀၀ ျဖစ္ပါတယ္။

ေဒးလီးေမလ္းကေတာ့ သတင္းေပးသူထံက သိရျခင္းမွာ ‘ ဂြမ္ေဒါင္ဇီက ဘရိုက္တန္ အသင္းသားေတြကို -်ီးထုပ္ေတြ လို႔ ေရရြတ္ခဲ့တယ္။ သူကပဲ သူနဲ႔ အာဆင္နယ္အသင္းသားေတြက ဘရိုက္တန္ တစ္သင္းလံုးရတဲ့ လုပ္ခထက္ ပိုရတယ္ ‘ ဆိုျပီး ခ်ိဳးနိမ့္ခဲ့တယ္လို႔ သိရတယ္။

ကြင္းလယ္ဒိုင္ မာတင္ အက္ကင္ဆန္က ႏွစ္ဦးလံုးရဲ႕ ျဖစ္ရပ္ေတြကို စစ္ေဆးဖို႔ လြဲခဲ့ေပမယ့္ VAR က ျပန္ၾကည့္ခဲ့ျပီး ဘယ္လို ျပစ္ဒဏ္မွ ေပးမွာမဟုတ္ေၾကာင္း အက္ဖ္ေအက အတည္ျပဳပါတယ္။

ေမာ္ေပးက ‘ အခ်ိဳ႔ေသာ အာဆင္နယ္ ကစားသမားေတြက တခါတေလမွာ ႏွိမ့္ခ်မႈဆိုတာကို သင္ယူသင့္ပါတယ္။ ပထမပိုင္းမွာ သူတို႔ေတြက စကားအရမ္းမ်ားတယ္။ ဒုတိယပိုင္းမွာ သူတို႔က ၁-၀ နဲ႔ အသာရေနတာပါ။ သူတို႔နဲ႔ ထိုက္တန္တာကို သူတို႔ ရသြားတာပါပဲ။ ‘ လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ ကစားသမားေဟာင္း ပယ္ရီ ဂရို႔စ္က အာတီတာအေနနဲ႔ အသင္းသားေတြရဲ႕ စိတ္ဓါတ္ပိုင္းကို ထိန္းသိမ္းသင့္ေၾကာင္းနဲ႔ ပြဲမွာ ႏုိင္တဲ့သူေျပာတာက မွန္ကန္ျပီး အရံွဴးသမားအေနနဲ႔ ဘာကို ေျခပခြင့္ရွိမလဲလို႔ သတိေပးသြားခဲ့ပါတယ္။