မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲကို အီသီဟတ်မှာ မကစားရဖို့ ဖိအားပေးနေတဲ့ ရီးရဲလ်မက်ဒရစ်

UNICODE – ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရံှူးထွက် ဒုတိယအကျော့ကို အီသီဟတ်မှာ မဟုတ်ဘဲ ကြားကွင်းမှာ ကစားခွင့်ရဖို့ တွန်းအားပေးနေကြောင်း The Athletic က ဖော်ပြပါတယ်။

မန်စီးတီးဟာ လာမယ့်ရာသီတွေမှာ ဥရောပပွဲ ကစားခွင့်ရရေးအား အယူခံဝင်ထားပြီး အားကစားခုံရုံးဘက်က လာမယ့်လမှာ ဆုံးဖြတ်ချက် ချပေးသွားမှာဖြစ်တယ်။ ဒီရာသီအတွက်ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဒုတိယအကျော့ပွဲကို ယှဉ်ပြိုင်ရပါမယ်။ မန်စီးတီးနဲ့ ဥရောပဘောလုံးအဖွဲ့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိခြင်းမှာ ရီးရဲလ်ဘက်က ကြားကွင်းကိစ္စ တောင်းဆိုမှုက ကတိကအောက်ဖြစ်စရာ ဖြစ်လာနေခဲ့တယ်။

ရီးရဲလ်မက်ဒရစ်က မန်ချက်စတာမှာ ယှဉ်ပြိုင်ဖို့ထက် လစ္စဘွန်းမှာ ၈ သင်းပတ်လည် ကစားမယ့် မီနီ ပြိုင်ပွဲတစ်ရပ် မတိုင်ခင် မန်စီးတီးနဲ့ ဒုတိယအကျော့ကို အပြတ်ဖြတ်လိုပါတယ်။ ဗြိတိန်က နိုင်ငံကို လာရောက်မယ့် ဧည့်သည်တွေကို ကွာရန်တင်း ၂ ပတ်ဝင်ဖို့ တားမြစ်ထားမှုက ဘောလုံးသွားကစားဖို့ အဟန့်အတား ဖြစ်စေတယ်လို့ ရီးရဲလ်ဘက်က ယူဆနေတာပါ။

ဒါ့အပြင် မန်စီးတီးရဲ့ အီသီဟတ်ကို သွားရောက်ရတာက သူတို့ရဲ့ ကစားသမားနဲ့ နည်းပြအဖွဲ့တွေအတွက် ကျန်းမာရေးဆိုင်ရာ စွန့်စားမှု ယူရနှုန်း မြင့်မားတယ်လို့ လာလီဂါကလပ်က ယူဆထားတယ်။ လစ္စဘွန်းကတော့ ချန်ပီယံလိဂ်အတွက် ပြင်ဆင်မှုတွေ ရှိနေလို့ မန်ချက်စတာထက်စာရင် ပိုမို အဆင်ပြေမယ်လို့ တွန်းအားပေးမှာ ဖြစ်ပါတယ်။

ဥရောပချန်ပီယံ ၁၃ ကြိမ် အနိုင်ရ ကလပ်ဟာ ယူအီးအက်ဖ်အေထံက ခွင့်ပြု မိန့် မရသေးပေမယ့် သူတို့ရဲ့ တောင်းဆိုမှု အောင်မြင်မယ်လို့လည်း ယုံကြည်ထားပါတယ်။ ပထမအကျော့တုန်းက မန်စီးတီးဟာ ဘာနေဗျူးကွင်းထဲသွားပြီး ယှဉ်ပြိုင်ခဲ့စဉ် ၂-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ZAWGYI – ရီးရဲလ္မက္ဒရစ္ဟာ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရံွဴးထြက္ ဒုတိယအေက်ာ့ကို အီသီဟတ္မွာ မဟုတ္ဘဲ ၾကားကြင္းမွာ ကစားခြင့္ရဖို႔ တြန္းအားေပးေနေၾကာင္း The Athletic က ေဖာ္ျပပါတယ္။

မန္စီးတီးဟာ လာမယ့္ရာသီေတြမွာ ဥေရာပပြဲ ကစားခြင့္ရေရးအား အယူခံဝင္ထားျပီး အားကစားခံုရံုးဘက္က လာမယ့္လမွာ ဆံုးျဖတ္ခ်က္ ခ်ေပးသြားမွာျဖစ္တယ္။ ဒီရာသီအတြက္ကေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဒုတိယအေက်ာ့ပြဲကို ယွဥ္ျပိဳင္ရပါမယ္။ မန္စီးတီးနဲ႔ ဥေရာပေဘာလံုးအဖြဲ႔ၾကား ေကာင္းမြန္တဲ့ ဆက္ဆံေရး မရွိျခင္းမွာ ရီးရဲလ္ဘက္က ၾကားကြင္းကိစၥ ေတာင္းဆိုမႈက ကတိကေအာက္ျဖစ္စရာ ျဖစ္လာေနခဲ့တယ္။

ရီးရဲလ္မက္ဒရစ္က မန္ခ်က္စတာမွာ ယွဥ္ျပိဳင္ဖို႔ထက္ လစၥဘြန္းမွာ ၈ သင္းပတ္လည္ ကစားမယ့္ မီနီ ျပိဳင္ပြဲတစ္ရပ္ မတိုင္ခင္ မန္စီးတီးနဲ႔ ဒုတိယအေက်ာ့ကို အျပတ္ျဖတ္လိုပါတယ္။ ျဗိတိန္က ႏုိင္ငံကို လာေရာက္မယ့္ ဧည့္သည္ေတြကို ကြာရန္တင္း ၂ ပတ္ဝင္ဖို႔ တားျမစ္ထားမႈက ေဘာလုံးသြားကစားဖို႔ အဟန္႔အတား ျဖစ္ေစတယ္လို႔ ရီးရဲလ္ဘက္က ယူဆေနတာပါ။

ဒါ့အျပင္ မန္စီးတီးရဲ႕ အီသီဟတ္ကို သြားေရာက္ရတာက သူတို႔ရဲ႕ ကစားသမားနဲ႔ နည္းျပအဖြဲ႔ေတြအတြက္ က်န္းမာေရးဆုိင္ရာ စြန္႔စားမႈ ယူရႏႈန္း ျမင့္မားတယ္လို႔ လာလီဂါကလပ္က ယူဆထားတယ္။ လစၥဘြန္းကေတာ့ ခ်န္ပီယံလိဂ္အတြက္ ျပင္ဆင္မႈေတြ ရွိေနလို႔ မန္ခ်က္စတာထက္စာရင္ ပိုမို အဆင္ေျပမယ္လို႔ တြန္းအားေပးမွာ ျဖစ္ပါတယ္။

ဥေရာပခ်န္ပီယံ ၁၃ ၾကိမ္ အႏုိင္ရ ကလပ္ဟာ ယူအီးအက္ဖ္ေအထံက ခြင့္ျပဳ မိန္႔ မရေသးေပမယ့္ သူတို႔ရဲ႕ ေတာင္းဆိုမႈ ေအာင္ျမင္မယ္လို႔လည္း ယံုၾကည္ထားပါတယ္။ ပထမအေက်ာ့တုန္းက မန္စီးတီးဟာ ဘာေနဗ်ဴးကြင္းထဲသြားျပီး ယွဥ္ျပိဳင္ခဲ့စဥ္ ၂-၁ နဲ႔ အႏုိင္ရခဲ့တာျဖစ္ပါတယ္။