လီဗာပူးကို ပြန်ရောင်းထုတ်ဖို့ အသင်းပိုင်ရှင်တွေ ပြန်စဉ်းစားမယ့် အချိန်ကို ရောက်ရှိလာပြီ

UNICODE – လီဗာပူးအသင်း ဥက္ကဌဟောင်း ဆာ မာတင်ဘရောက်တန်က မကြာခင်မှာ လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG အဖွဲ့က အန်ဖီးကို ပြန်လည် ရောင်းချပြီး စွန့်ခွာတော့မယ်လို့ မာဆေးဆိုဒ်အခြေစိုက် သတင်းဌာနအတွက် ခေါင်းကြီးသတင်းတစ်ခုကို ပေးသွားခဲ့ပါတယ်။

ဘရောက်တန်ဟာ ၂၀၁၀ ခုနှစ်တုန်းက လီဗာပူးအသင်းကို တွမ်ဟစ်နဲ့ ဂျီလစ်တို့ လက်ထဲကနေ FSG ဝယ်ယူနိုင်ဖို့ အကူအညီပေးခဲ့တဲ့ လီဗာပူးဥက္ကဌဟောင်း ဖြစ်ပါတယ်။ လီဗာပူးဟာ ပိုင်ရှင်အပြောင်းအလဲနဲ့အတူ ကုန်ခဲ့တဲ့ ဘောလုံးရာသီတွေမှာ ကွင်းတွင်း၊ ကွင်းပြင် အကြီးစား ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပြီး မော်ဒန်ဘောလုံးလောကမှာ ထိပ်တန်းနေရာက ရပ်တည်နိုင်ဖို့ ကြိုးစားလာခဲ့တာဖြစ်တယ်။

အမေရိကန် ဘေ့စ်ဘောအသင်းဖြစ်တဲ့ Boston Red Sox အသင်းပိုင်ရှင် FSG အဖွဲ့ဟာ လီဗာပူးအသင်း အောင်မြင်မှုတွေ ရလာဖို့ အဓိကကျသူဖြစ်ပြီး သူဟာ မန်နေဂျာယာဂင်ကလော့ပ်ကို အပြည့်အဝ ထောက်ပံ့မှု လုပ်ပေးသူဖြစ်တယ်။ ဒါ့အပြင် သူဟာ လီဗာပူးအမာခံပရိသတ်ဖြစ်တဲ့ လက်ရှိ ဥက္ကဌ ပီတာမိုးလို ပုဂ္ဂိုလ်အပြင် ကင်းကင်နီ၊ အီရန်ရှပ် အပါအဝင် လီဗာပူးဆိုင်ရာ သိက္ခာရှိ ပုဂ္ဂိုလ်တွေရဲ့ အကြံကိုလည်း အမြဲ လက်ခံပေးသူဖြစ်ပါတယ်။

ဘရောက်တန်က ” ဒါက ခြောက်လှန့်စကား ပြောတာ မဟုတ်ပါဘူး။ ထွက်ခွာဖို့ စဉ်းစားတာက ပုံမှန်ပဲ ဖြစ်ပါတယ်။ မင်းတို့ထက် ငါပိုသိတယ်လို့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေက Red Sox မှာနဲ့ အတူတူပဲဖြစ်ပြီး FSG ဟာ အားကစားအတွက် ငွေကြေးတွေအများကြီး ဝင်ထားရပါတယ်။ သူတို့က သမိုင်းကြောင်းကြီးပြီး အရမ်းကို အောင်မြင်တဲ့ Red Sox ကိုလည်း ဆက်ပြီး လည်ပတ်အောင် လုပ်ရပါဦးမယ်။

ဘေစ့်ဘောအသင်းတိုင်းရဲ့ တန်ဖိုးတွေက ဒီကာလမှာ ကျဆင်းနေပြီး Red Sox ဟာ လီဗာပူးထက် သူတို့ အချိန်ကြာကြာ ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်တယ်။ သူတို့ ဘေစ့်ဘောအသင်းကို ရောင်းမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် တူညီတဲ့မေးခွန်းတစ်ခုကို မေးမယ်ဆိုရင် လီဗာပူးကို သူတို့ ဝယ်ထားတာက ဘာအတွက်လဲ? ဘာတွေ ပြန်ရနိုင်မလဲ? ဒီအခြေအနေမှာ လီဗာပူးကို ရောင်းထုတ်မလား ဆက်ပြီး စီမံမလား? ဆိုတာ ရွေးချယ်ရမှာပါ။

သူတို့က Red Sox ကို ပိုင်ခဲ့တာ နှစ် ၂၀ ရှိပြီ လီဗာပူးကိုတော့ ၁၀ နှစ်ပဲ ရှိသေးတယ်။ ငွေဖော်ဖို့အတွက်တော့ သူတို့က အလောတကြီးတော့ ဖြစ်နေမှာ မဟုတ်ပါဘူး။

လီဗာပူးကို သူတို့ အောင်မြင်အောင် လုပ်ပေးနိုင်တာအတွက် အံ့သြခြင်း မရှိပါဘူး။ သူတို့ ဘေစ့်ဘော အသင်းကိုလည်း အောင်မြင်အောင် လုပ်ပေးနိုင်တာကို မြင်ထားတာပါပဲ။ သူတို့က မှန်ကန်တဲ့ လူတွေကို တာဝန်ပေးဖို့နဲ့ ရင်းနှီးမြုပ်နှံဖို့အတွက် ဆုံးဖြတ်နိုင်စွမ်း ရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – လီဗာပူးအသင္း ဥကၠဌေဟာင္း ဆာ မာတင္ဘေရာက္တန္က မၾကာခင္မွာ လီဗာပူးပိုင္ရွင္ေတြျဖစ္တဲ့ FSG အဖြဲ႔က အန္ဖီးကို ျပန္လည္ ေရာင္းခ်ျပီး စြန္႔ခြာေတာ့မယ္လို႔ မာေဆးဆိုဒ္အေျခစိုက္ သတင္းဌာနအတြက္ ေခါင္းၾကီးသတင္းတစ္ခုကို ေပးသြားခဲ့ပါတယ္။

ဘေရာက္တန္ဟာ ၂၀၁၀ ခုႏွစ္တုန္းက လီဗာပူးအသင္းကို တြမ္ဟစ္နဲ႔ ဂ်ီလစ္တို႔ လက္ထဲကေန FSG ဝယ္ယူႏုိင္ဖို႔ အကူအညီေပးခဲ့တဲ့ လီဗာပူးဥကၠဌေဟာင္း ျဖစ္ပါတယ္။ လီဗာပူးဟာ ပိုင္ရွင္အေျပာင္းအလဲနဲ႔အတူ ကုန္ခဲ့တဲ့ ေဘာလံုးရာသီေတြမွာ ကြင္းတြင္း၊ ကြင္းျပင္ အၾကီးစား ျပဳျပင္မႈေတြ ျပဳလုပ္ခဲ့ျပီး ေမာ္ဒန္ေဘာလံုးေလာကမွာ ထိပ္တန္းေနရာက ရပ္တည္ႏုိင္ဖို႔ ၾကိဳးစားလာခဲ့တာျဖစ္တယ္။

အေမရိကန္ ေဘ့စ္ေဘာအသင္းျဖစ္တဲ့ Boston Red Sox အသင္းပိုင္ရွင္ FSG အဖြဲ႔ဟာ လီဗာပူးအသင္း ေအာင္ျမင္မႈေတြ ရလာဖို႔ အဓိကက်သူျဖစ္ျပီး သူဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ကို အျပည့္အဝ ေထာက္ပံ့မႈ လုပ္ေပးသူျဖစ္တယ္။ ဒါ့အျပင္ သူဟာ လီဗာပူးအမာခံပရိသတ္ျဖစ္တဲ့ လက္ရွိ ဥကၠဌ ပီတာမိုးလို ပုဂၢိဳလ္အျပင္ ကင္းကင္နီ၊ အီရန္ရွပ္ အပါအဝင္ လီဗာပူးဆိုင္ရာ သိကၡာရွိ ပုဂၢိဳလ္ေတြရဲ႔ အၾကံကိုလည္း အျမဲ လက္ခံေပးသူျဖစ္ပါတယ္။

ဘေရာက္တန္က ” ဒါက ေျခာက္လွန္႔စကား ေျပာတာ မဟုတ္ပါဘူး။ ထြက္ခြာဖို႔ စဥ္းစားတာက ပံုမွန္ပဲ ျဖစ္ပါတယ္။ မင္းတို႔ထက္ ငါပိုသိတယ္လို႔လည္း မဟုတ္ပါဘူး။ ဒါေပမယ့္ အေျခအေနက Red Sox မွာနဲ႔ အတူတူပဲျဖစ္ျပီး FSG ဟာ အားကစားအတြက္ ေငြေၾကးေတြအမ်ားၾကီး ဝင္ထားရပါတယ္။ သူတို႔က သမိုင္းေၾကာင္းၾကီးျပီး အရမ္းကို ေအာင္ျမင္တဲ့ Red Sox ကိုလည္း ဆက္ျပီး လည္ပတ္ေအာင္ လုပ္ရပါဦးမယ္။

ေဘစ့္ေဘာအသင္းတိုင္းရဲ႕ တန္ဖိုးေတြက ဒီကာလမွာ က်ဆင္းေနျပီး Red Sox ဟာ လီဗာပူးထက္ သူတို႔ အခ်ိန္ၾကာၾကာ ပိုင္ဆုိင္ထားတဲ့ အသင္းျဖစ္တယ္။ သူတို႔ ေဘစ့္ေဘာအသင္းကို ေရာင္းမွာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ တူညီတဲ့ေမးခြန္းတစ္ခုကို ေမးမယ္ဆိုရင္ လီဗာပူးကို သူတို႔ ဝယ္ထားတာက ဘာအတြက္လဲ? ဘာေတြ ျပန္ရႏုိင္မလဲ? ဒီအေျခအေနမွာ လီဗာပူးကို ေရာင္းထုတ္မလား ဆက္ျပီး စီမံမလား? ဆိုတာ ေရြးခ်ယ္ရမွာပါ။

သူတို႔က Red Sox ကို ပိုင္ခဲ့တာ ႏွစ္ ၂၀ ရွိျပီ လီဗာပူးကိုေတာ့ ၁၀ ႏွစ္ပဲ ရွိေသးတယ္။ ေငြေဖာ္ဖို႔အတြက္ေတာ့ သူတို႔က အေလာတၾကီးေတာ့ ျဖစ္ေနမွာ မဟုတ္ပါဘူး။

လီဗာပူးကို သူတို႔ ေအာင္ျမင္ေအာင္ လုပ္ေပးႏုိင္တာအတြက္ အံ့ၾသျခင္း မရွိပါဘူး။ သူတို႔ ေဘစ့္ေဘာ အသင္းကိုလည္း ေအာင္ျမင္ေအာင္ လုပ္ေပးႏုိင္တာကို ျမင္ထားတာပါပဲ။ သူတို႔က မွန္ကန္တဲ့ လူေတြကို တာဝန္ေပးဖို႔နဲ႔ ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္ ဆံုးျဖတ္ႏုိင္စြမ္း ရွိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။