အာဆင်နယ် ဂိုးသွင်းပြီး မန်စီးတီး ဂိုးပြတ်နိုင်မယ်ဆိုတဲ့ ချာလီရဲ့ ပွဲကြို သုံးသပ်နဲ့ ခန့်မှန်းချက်

UNICODE – ဒီကနေ့ညနက် မြန်မာစံတော်ချိန် ၁း၄၅ မှာတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် မန်စီးတီးဟာ အီသီဟတ်မှာ အာဆင်နယ်ကို ဧည့်ခံကစားမှာဖြစ်ပါတယ်။

မန်စီးတီးဟာ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေပြီး အာဆင်နယ်ကတော့ အဆင့် ၉ နေရာမှာ ရှိနေတာပါ။ ဒီပွဲကို အရေးနိမ့်ရင် ပထမအပတ်ပွဲမှာတင် လီဗာပူးက ပရီးမီးယားလိဂ်ဖလား အနိုင်ရသွားနိုင်လို့ မန်စီးတီးက ကြိုးစားမှာဖြစ်ပြီး အာဆင်နယ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဒီပွဲကို အနိုင်ရလိုပါလိမ့်မယ်။

ပွဲစဉ်နဲ့ ပက်သက်လို့ စကိုင်းစပေါ့မှ ချာလီ နီကိုးလက်စ်က ” ဘောလုံးရာသီ ရပ်နားခဲ့တာက အာဆင်နယ်အတွက် ကောင်းပါတယ်။ သူတို့က အာတီတာလက်အောက် တိုးတက်လာနေခဲ့တာပါ။ နည်းဗျူဟာနဲ့ ပက်သက်ပြီး သူနည်းနည်း ပိုလုပ်နိုင်ခဲ့တယ်။ အာဆင်နယ်ဟာ အဆင့် ၉ နေရာမှာ ရမှတ် ၄၀ နဲ့ ရှိနေတာပါ။ ပွဲစဉ် ၂၈ ပွဲမှာ ၁၃ ပွဲထိ သရေကျထားပြီး တစ်ရာသီလုံး ၆ ပွဲပဲ ရံှူးထားပါတယ်။

ဆိုကရေးတက်စ်၊ ဒေးဗစ်လူးဝစ်၊ မူစတာဖီတို့နဲ့ အလုပ် တွဲလုပ်ပြီး တိုးတက်လာအောင် လုပ်လို့ရတယ်။ ဒါပေမယ့် အများကြီးတော့ တိုးတက်လာတော့မှာ မဟုတ်ဘူး။ နောက်ရာသီမှာ လူးဝစ် ထွက်သွားနိုင်ပြီး ဆိုကရေးတက်စ်နဲ့ မူစတာဖီတို့ကလည်း ရောင်းထုတ်ခံရနိုင်ပါတယ်။

မန်စီးတီးနဲ့ ရင်ဆိုင်ကစားရင် အခက်ခဲဆုံးက ဘောလုံးရထားချိန်မှာပါပဲ။ ဝါးလုံးထိုး ဝင်လာမှုတွေကြောင့် ဆုံးဖြတ်ချက်တွေလုပ်ဖို့နဲ့ ဘောလုံးထိန်းဖို့က ခက်ပါတယ်။ မန်စီးတီးက ဘောလုံးကို ပိုမို အသာရထားမယ် အာဆင်နယ်ကတော့ ခံစစ်ထိုင်ပြီး တိုက်စစ်မှာ အထောင်တစ်ဦးတည်း ထားကစားပါမယ်။ အာတီတာက ၄-၃-၃ ကို နှစ်သက်ပေမယ့် အားနည်းတဲ့ ခံစစ်ကို ကာကွယ်ဖို့ လုပ်ရမှာပါ။

ဂွာဒီယိုလာရဲ့ အသင်း အရမ်းကို အားကောင်းတဲ့ နေရာက ကွင်းလယ်နဲ့ တောင်ပံတွေဖြစ်ပါတယ်။ ဆာနေး ဆက်နေမလား မနေဘူးလား မသိပေမယ့် သူက ပွဲထွက်လူစာရင်းကနေ ကစားနိုင်တယ်။ မန်စီးတီးမှာ ဘာနာတို ဆေးဗား၊ မာရက်စ်၊ စတာလင်၊ အဂွယ်ရိုနဲ့ ဂျီးဆပ်တို့လည်း ရှိတယ်။ မယုံနိုင်စရာ လူစာရင်းပါပဲ။

အာဆင်နယ်မှာတော့ တိုက်စစ်သုံးယောက်အတွက် လူစာရင်းရေးပြီဆိုရင် တိုက်စစ်မှူးနေရာမှာ အူဘာမီယန် မဟုတ်ရင် အန်ကတ်တီးယားပဲ ရှိတယ်။ မန်စီးတီးမှာက စတာလင်ကလည်း ပုံစံကောင်း ပြန်ရလာနိုင်တယ်။ ကီဗင် ဒီဘရိုင်းကလည်း သူ့ရဲ့ ထူးချွန်မှုတွေ ဆက်ပြနိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။ မန်စီးတီးကပဲ ပွဲကို ချုပ်ကိုင်သွားမှာပါ ” လို့ သုံးသပ်သွားတာဖြစ်တယ်။

မန်စီးတီး V အာဆင်နယ်ပွဲအတွက် ချာလီ နီကိုးလက်စ်ရဲ့ ရလဒ် ခန့်မှန်းကတော့ မန်စီးတီးက ၃-၁ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI – ဒီကေန႔ညနက္ ျမန္မာစံေတာ္ခ်ိန္ ၁း၄၅ မွာေတာ့ ပရီးမီးယားလိဂ္ပြဲအျဖစ္ မန္စီးတီးဟာ အီသီဟတ္မွာ အာဆင္နယ္ကို ဧည့္ခံကစားမွာျဖစ္ပါတယ္။

မန္စီးတီးဟာ အမွတ္ေပးဇယား အဆင့္ ၂ ေနရာမွာ ရွိေနျပီး အာဆင္နယ္ကေတာ့ အဆင့္ ၉ ေနရာမွာ ရွိေနတာပါ။ ဒီပြဲကို အေရးနိမ့္ရင္ ပထမအပတ္ပြဲမွာတင္ လီဗာပူးက ပရီးမီးယားလိဂ္ဖလား အႏုိင္ရသြားႏုိင္လုိ႔ မန္စီးတီးက ၾကိဳးစားမွာျဖစ္ျပီး အာဆင္နယ္ကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ဒီပြဲကို အႏုိင္ရလိုပါလိမ့္မယ္။

ပြဲစဥ္နဲ႔ ပက္သက္လို႔ စကိုင္းစေပါ့မွ ခ်ာလီ နီကိုးလက္စ္က ” ေဘာလံုးရာသီ ရပ္နားခဲ့တာက အာဆင္နယ္အတြက္ ေကာင္းပါတယ္။ သူတို႔က အာတီတာလက္ေအာက္ တိုးတက္လာေနခဲ့တာပါ။ နည္းဗ်ဴဟာနဲ႔ ပက္သက္ျပီး သူနည္းနည္း ပိုလုပ္ႏုိင္ခဲ့တယ္။ အာဆင္နယ္ဟာ အဆင့္ ၉ ေနရာမွာ ရမွတ္ ၄၀ နဲ႔ ရွိေနတာပါ။ ပြဲစဥ္ ၂၈ ပြဲမွာ ၁၃ ပြဲထိ သေရက်ထားျပီး တစ္ရာသီလံုး ၆ ပြဲပဲ ရံွဴးထားပါတယ္။

ဆိုကေရးတက္စ္၊ ေဒးဗစ္လူးဝစ္၊ မူစတာဖီတို႔နဲ႔ အလုပ္ တြဲလုပ္ျပီး တိုးတက္လာေအာင္ လုပ္လို႔ရတယ္။ ဒါေပမယ့္ အမ်ားၾကီးေတာ့ တိုးတက္လာေတာ့မွာ မဟုတ္ဘူး။ ေနာက္ရာသီမွာ လူးဝစ္ ထြက္သြားႏုိင္ျပီး ဆိုကေရးတက္စ္နဲ႔ မူစတာဖီတို႔ကလည္း ေရာင္းထုတ္ခံရႏုိင္ပါတယ္။

မန္စီးတီးနဲ႔ ရင္ဆိုင္ကစားရင္ အခက္ခဲဆံုးက ေဘာလံုးရထားခ်ိန္မွာပါပဲ။ ဝါးလံုးထိုး ဝင္လာမႈေတြေၾကာင့္ ဆံုးျဖတ္ခ်က္ေတြလုပ္ဖို႔နဲ႔ ေဘာလံုးထိန္းဖို႔က ခက္ပါတယ္။ မန္စီးတီးက ေဘာလံုးကို ပိုမို အသာရထားမယ္ အာဆင္နယ္ကေတာ့ ခံစစ္ထိုင္ျပီး တိုက္စစ္မွာ အေထာင္တစ္ဦးတည္း ထားကစားပါမယ္။ အာတီတာက ၄-၃-၃ ကို ႏွစ္သက္ေပမယ့္ အားနည္းတဲ့ ခံစစ္ကို ကာကြယ္ဖို႔ လုပ္ရမွာပါ။

ဂြာဒီယိုလာရဲ႕ အသင္း အရမ္းကို အားေကာင္းတဲ့ ေနရာက ကြင္းလယ္နဲ႔ ေတာင္ပံေတြျဖစ္ပါတယ္။ ဆာေနး ဆက္ေနမလား မေနဘူးလား မသိေပမယ့္ သူက ပြဲထြက္လူစာရင္းကေန ကစားႏုိင္တယ္။ မန္စီးတီးမွာ ဘာနာတို ေဆးဗား၊ မာရက္စ္၊ စတာလင္၊ အဂြယ္ရိုနဲ႔ ဂ်ီးဆပ္တုိ႔လည္း ရွိတယ္။ မယံုႏုိင္စရာ လူစာရင္းပါပဲ။

အာဆင္နယ္မွာေတာ့ တိုက္စစ္သံုးေယာက္အတြက္ လူစာရင္းေရးျပီဆိုရင္ တိုက္စစ္မွဴးေနရာမွာ အူဘာမီယန္ မဟုတ္ရင္ အန္ကတ္တီးယားပဲ ရွိတယ္။ မန္စီးတီးမွာက စတာလင္ကလည္း ပံုစံေကာင္း ျပန္ရလာႏုိင္တယ္။ ကီဗင္ ဒီဘရိုင္းကလည္း သူ႔ရဲ႕ ထူးခၽြန္မႈေတြ ဆက္ျပႏုိင္ဖို႔ ေမွ်ာ္လင့့္ႏုိင္ပါတယ္။ မန္စီးတီးကပဲ ပြဲကို ခ်ဳပ္ကိုင္သြားမွာပါ ” လို႔ သံုးသပ္သြားတာျဖစ္တယ္။

မန္စီးတီး V အာဆင္နယ္ပြဲအတြက္ ခ်ာလီ နီကိုးလက္စ္ရဲ႕ ရလဒ္ ခန္႔မွန္းကေတာ့ မန္စီးတီးက ၃-၁ နဲ႔ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။