ဘဏ္ဍာရေးဆိုင်ရာ ကပ်ဘေးမှာ အကြပ်အတည်းတွေကြောင့် ငွေချေးယူရမယ့် ရီးရဲလ်နဲ့ ဘာကာ

UNICODE – လာလီဂါကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ ဘဏ္ဍာရေးပိုင်းမှာ အခက်အခဲတွေ ရင်ဆိုင်နေရပြီး ဖြေရှင်းဖို့ နည်းလမ်းတွေ မရှာနိုင် ဖြစ်နေကြတယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်း ဘာနေဗျူးကို ပြန်လည် တည်ဆောက်ရေးကိစ္စတွေ စတင်ထားပြီဖြစ်တယ်။ ၎င်းတို့ဟာ ကွင်းတိုးချဲ့မှုအတွက် ယူရို ၅၇၅ သန်း ထုတ်ချေးထားသလို ၂၀၂၃ ခုနှစ်ကနေစပြီး နှစ်အလိုက် ပြန်ဆပ်သွားရမှာဖြစ်တယ်။ အစောပိုင်းက ၈ နှစ်ကြာ ချေးယူမှုလို့ သတင်းထွက်ခဲ့ပေမယ့် တစ်နှစ်ကို ယူရို ၂၉.၅ သန်းနှုန်းဖြင့် ၂၆ နှစ်ကြာ ချေးယူမှုလို့လည်း သိရတယ်။

ဒီအပတ်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ အစိုးရ အာမခံပေးတဲ့ ငွေချေးမှုကို ဘဏ်တွေကနေ ထုတ်ချေးဖို့ ပြင်ဆင်နေပြီး ယူရို သန်း ၁၀၀ နဲ့ ယူရို သန်း ၁၂၀ ထိ ထုတ်ချေးသွားဖို့ လျှောက်လွှာတင်ကြမှာဖြစ်တယ်။ နှစ်သင်းလုံးက တစ်နှစ်မှာ ၂ ကြိမ် လုပ်ခစာရင်း ထုတ်ရတာဖြစ်ပြီး ဒုတိယအသုတ်ကို ဇူလိုင်လ ၁ ရက်နေ့မှာ ပေးရမှာဖြစ်တယ်။

ဘာစီလိုနာဟာ ကစားသမားလုပ်ခပေးမှု အမြင့်ဆုံးအသင်းဖြစ်ပြီး တစ်နှစ်ကို ယူရို ၅၂၉ သန်း သုံးနေရတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ယူရို ၄၃၁ သန်း ပေးနေရပါတယ်။ ဒါကြောင့် ဒီနွေမှာ ဘာစီလိုနာဟာ လုပ်ခကြီးတဲ့ ကော်တင်ညိုလို ကစားသမားကို ရှင်းထုတ်ဖို့ကို အရေးကြီး ကိစ္စအဖြစ် လုပ်ဆောင်လိုနေတာပါ။

မနှစ်ကနွေမှာ ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့အတွက် ယူရို ၂၇၄ သန်း သုံးခဲ့ပြီး ဟာဇက်၊ မန်ဒီ၊ ဂျိုဗစ်တို့ကို ခေါ်ယူခဲ့တယ်။ ဈေးကွက်ကနေ ကစားသမား ရောင်းထုတ်မှုမှာ ယူရို ၁၁၂ သန်း ရခဲ့ပါတယ်။ ဒီနွေမှာလည်း ရီးရဲလ်မက်ဒရစ်ဟာ ကစားသမား ရောင်းထုတ်မှုကနေ ယူရို သန်း ၁၀၀ ထိ ရှာဖွေဖို့ ရည်မှန်းထားပါတယ်။

နှစ်သင်းလုံးက ကိုရိုနာကပ်ဘေးကြောင့် အသင်းကစားသမားတွေရဲ့ တန်ကြေးက တက်လာဖို့ မရှိသလို အချို့ ကစားသမားတွေရဲ့ တန်ကြေး ကျဆင်းသွားမယ်ဆိုတာ နားလည်တယ်။ ကိုရိုနာကပ်ဘေးကြောင့် နှစ်သင်းလုံးက အထိနာဖို့ရှိနေပြီး ကစားသမားဟောင်းတွေကို မရှင်းထုတ်ပါဘဲ လာမယ့် နှစ်အတွင်း ဈေးကွက်ထဲ ဝင်လာဖို့က ခက်ခဲလွန်းမယ့် အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။

ZAWGYI – လာလီဂါကလပ္ေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ဟာ ဘ႑ာေရးပိုင္းမွာ အခက္အခဲေတြ ရင္ဆိုင္ေနရျပီး ေျဖရွင္းဖို႔ နည္းလမ္းေတြ မရွာႏုိင္ ျဖစ္ေနၾကတယ္လို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အိမ္ကြင္း ဘာေနဗ်ဴးကို ျပန္လည္ တည္ေဆာက္ေရးကိစၥေတြ စတင္ထားျပီျဖစ္တယ္။ ၄င္းတို႔ဟာ ကြင္းတိုးခ်ဲ႔မႈအတြက္ ယူရို ၅၇၅ သန္း ထုတ္ေခ်းထားသလို ၂၀၂၃ ခုႏွစ္ကေနစျပီး ႏွစ္အလိုက္ ျပန္ဆပ္သြားရမွာျဖစ္တယ္။ အေစာပိုင္းက ၈ ႏွစ္ၾကာ ေခ်းယူမႈလို႔ သတင္းထြက္ခဲ့ေပမယ့္ တစ္ႏွစ္ကို ယူရို ၂၉.၅ သန္းႏႈန္းျဖင့္ ၂၆ ႏွစ္ၾကာ ေခ်းယူမႈလို႔လည္း သိရတယ္။

ဒီအပတ္မွာေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ဟာ အစိုးရ အာမခံေပးတဲ့ ေငြေခ်းမႈကို ဘဏ္ေတြကေန ထုတ္ေခ်းဖို႔ ျပင္ဆင္ေနျပီး ယူရို သန္း ၁၀၀ နဲ႔ ယူရို သန္း ၁၂၀ ထိ ထုတ္ေခ်းသြားဖို႔ ေလွ်ာက္လႊာတင္ၾကမွာျဖစ္တယ္။ ႏွစ္သင္းလံုးက တစ္ႏွစ္မွာ ၂ ၾကိမ္ လုပ္ခစာရင္း ထုတ္ရတာျဖစ္ျပီး ဒုတိယအသုတ္ကို ဇူလိုင္လ ၁ ရက္ေန႔မွာ ေပးရမွာျဖစ္တယ္။

ဘာစီလိုနာဟာ ကစားသမားလုပ္ခေပးမႈ အျမင့္ဆံုးအသင္းျဖစ္ျပီး တစ္ႏွစ္ကို ယူရို ၅၂၉ သန္း သံုးေနရတယ္။ ရီးရဲလ္မက္ဒရစ္ကေတာ့ ယူရို ၄၃၁ သန္း ေပးေနရပါတယ္။ ဒါေၾကာင့္ ဒီေႏြမွာ ဘာစီလိုနာဟာ လုပ္ခၾကီးတဲ့ ေကာ္တင္ညိဳလို ကစားသမားကို ရွင္းထုတ္ဖို႔ကို အေရးၾကီး ကိစၥအျဖစ္ လုပ္ေဆာင္လိုေနတာပါ။

မႏွစ္ကေႏြမွာ ရီးရဲလ္မက္ဒရစ္ဟာ အေျပာင္းအေရႊ႔အတြက္ ယူရို ၂၇၄ သန္း သံုးခဲ့ျပီး ဟာဇက္၊ မန္ဒီ၊ ဂ်ိဳဗစ္တို႔ကို ေခၚယူခဲ့တယ္။ ေစ်းကြက္ကေန ကစားသမား ေရာင္းထုတ္မႈမွာ ယူရို ၁၁၂ သန္း ရခဲ့ပါတယ္။ ဒီေႏြမွာလည္း ရီးရဲလ္မက္ဒရစ္ဟာ ကစားသမား ေရာင္းထုတ္မႈကေန ယူရို သန္း ၁၀၀ ထိ ရွာေဖြဖို႔ ရည္မွန္းထားပါတယ္။

ႏွစ္သင္းလံုးက ကိုရိုနာကပ္ေဘးေၾကာင့္ အသင္းကစားသမားေတြရဲ႕ တန္ေၾကးက တက္လာဖို႔ မရွိသလို အခ်ိဳ႔ ကစားသမားေတြရဲ႕ တန္ေၾကး က်ဆင္းသြားမယ္ဆိုတာ နားလည္တယ္။ ကိုရိုနာကပ္ေဘးေၾကာင့္ ႏွစ္သင္းလံုးက အထိနာဖို႔ရွိေနျပီး ကစားသမားေဟာင္းေတြကို မရွင္းထုတ္ပါဘဲ လာမယ့္ ႏွစ္အတြင္း ေစ်းကြက္ထဲ ဝင္လာဖို႔က ခက္ခဲလြန္းမယ့္ အေနအထားမွာ ရွိေနတယ္လို႔ သိရပါတယ္။