NEWS: စပါး ၁-၂ နော်ဝစ် ချစ်ကြည်ရေးပွဲ ပါဝင်ကစားခဲ့တဲ့ နော်ဝစ်အသင်းသားမှာ ကိုဗစ်ပိုးတွေ့

UNICODE – နောက်ဆုံးအကြိမ် ကိုဗစ် စစ်ဆေးမှုရလဒ်မှာတော့ ပရီးမီးယားလိဂ်ကလပ် နော်ဝစ်အသင်းမှ အသင်းသားတစ်ဦးမှာ ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးချက်ထွက်လာပါတယ်။

နောက်ဆုံးအကြိမ် ကိုဗစ် စစ်ဆေးမှုပေါင်း ၁၂၀၀ အနက် ပိုးတွေ့သူ နှစ်ဦးထဲမှာ တစ်ဦးက နော်ဝစ်အသင်းသား ဖြစ်နေတာပါ။ သူဟာ သောကြာနေ့တုန်းက စပါးကို ရင်ဆိုင်ကစားတဲ့ ချစ်ကြည်ရေးပွဲမှာ ပါဝင်ကစားခဲ့သေးတယ်လို့ စကိုင်းစပေါ့က အတည်ပြုပါတယ်။

နော်ဝစ် ကစားသမားကို ၇ ရက်ကြာ သီးသန့်ထားမှာဖြစ်ပြီး ပရီးမီးယားလိဂ် စည်းမျဉ်းအရ နောက်အပတ် သောကြာနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဆောက်သမ်တန်နဲ့ပွဲကို ပါဝင်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ကစားသမားဟာ ပိုကင်းစင်ကြောင်း ရလဒ်ထွက်ပေါ်မှပဲ နော်ဝစ် လေ့ကျင့်ရေးကွင်းထံ ပြန်လာခွင့်ရမယ်လို့ ၎င်းတို့ကလပ်ရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

လူတစ်ဦးရဲ့ အတွင်းရေးကို လေးစားပေးဖို့ နော်ဝစ်အသင်းသားရဲ့ တောင်းဆိုမှုအရ ပို့တွေ့ လူနာက ဘယ်သူဖြစ်တယ်ဆိုတာကို ထုတ်ပြန်ပေးမှာ မဟုတ်ပါဘူး။ သောကြာနေ့ လေ့ကျင့်ရေးမှာ နော်ဝစ်က စပါးကို ၂-၁ နဲ့ အနိုင်ရခဲ့တာဖြစ်တယ်။ နှစ်ဘက် ကစားသမားတွေထဲက ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူတွေကို သီးသန့်ထားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါဟာ ဗြိတိန်အစိုးရက လမ်းညွှန်ထားတဲ့ လမ်းညွှန်ချက်ဖြစ်ပြီး ကွင်းထဲမှာ ကစားသမားတွေက မလိုအပ်ဘဲ ထိတွေ့ခွင့် မရှိသလို၊ ထိတွေ့ခဲ့ပြီဆိုရင်လည်း လုံလောက်တဲ့ ကြာမြှင့်ချိန်ထိ ထိတွေ့ခြင်း မဟုတ်လို့ ပိုးကူးစက်မှုနှုန်း နည်းပါးမယ်လို့ သိပါတယ်။

ZAWGYI – ေနာက္ဆံုးအၾကိမ္ ကိုဗစ္ စစ္ေဆးမႈရလဒ္မွာေတာ့ ပရီးမီးယားလိဂ္ကလပ္ ေနာ္ဝစ္အသင္းမွ အသင္းသားတစ္ဦးမွာ ကိုဗစ္ပိုးရွိေၾကာင္း စစ္ေဆးခ်က္ထြက္လာပါတယ္။

ေနာက္ဆံုးအၾကိမ္ ကိုဗစ္ စစ္ေဆးမႈေပါင္း ၁၂၀၀ အနက္ ပိုးေတြ႔သူ ႏွစ္ဦးထဲမွာ တစ္ဦးက ေနာ္ဝစ္အသင္းသား ျဖစ္ေနတာပါ။ သူဟာ ေသာၾကာေန႔တုန္းက စပါးကို ရင္ဆုိင္ကစားတဲ့ ခ်စ္ၾကည္ေရးပြဲမွာ ပါဝင္ကစားခဲ့ေသးတယ္လို႔ စကိုင္းစေပါ့က အတည္ျပဳပါတယ္။

ေနာ္ဝစ္ ကစားသမားကို ၇ ရက္ၾကာ သီးသန္႔ထားမွာျဖစ္ျပီး ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ ေနာက္အပတ္ ေသာၾကာေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ ေဆာက္သမ္တန္နဲ႔ပြဲကို ပါဝင္ခြင့္ရွိမွာ မဟုတ္ပါဘူး။ ကစားသမားဟာ ပိုကင္းစင္ေၾကာင္း ရလဒ္ထြက္ေပၚမွပဲ ေနာ္ဝစ္ ေလ့က်င့္ေရးကြင္းထံ ျပန္လာခြင့္ရမယ္လို႔ ၄င္းတို႔ကလပ္ရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

လူတစ္ဦးရဲ႕ အတြင္းေရးကို ေလးစားေပးဖို႔ ေနာ္ဝစ္အသင္းသားရဲ႕ ေတာင္းဆိုမႈအရ ပို႔ေတြ႔ လူနာက ဘယ္သူျဖစ္တယ္ဆိုတာကို ထုတ္ျပန္ေပးမွာ မဟုတ္ပါဘူး။ ေသာၾကာေန႔ ေလ့က်င့္ေရးမွာ ေနာ္ဝစ္က စပါးကို ၂-၁ နဲ႔ အႏုိင္ရခဲ့တာျဖစ္တယ္။ ႏွစ္ဘက္ ကစားသမားေတြထဲက ပိုးေတြ႔လူနာနဲ႔ ထိေတြ႔ခဲ့သူေတြကို သီးသန္႔ထားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ဒါဟာ ျဗိတိန္အစိုးရက လမ္းညႊန္ထားတဲ့ လမ္းညႊန္ခ်က္ျဖစ္ျပီး ကြင္းထဲမွာ ကစားသမားေတြက မလိုအပ္ဘဲ ထိေတြ႔ခြင့္ မရွိသလို၊ ထိေတြ႔ခဲ့ျပီဆိုရင္လည္း လံုေလာက္တဲ့ ၾကာျမွင့္ခ်ိန္ထိ ထိေတြ႔ျခင္း မဟုတ္လို႔ ပိုးကူးစက္မႈႏႈန္း နည္းပါးမယ္လို႔ သိပါတယ္။