ဆောင်းပါးရှည် | လီဗာပူးက ပရိသတ်ကြိုက် ရန်မှုပေါက်ကွဲမှုမျိုး ဘာလို့ လုံးဝ မလုပ်သလဲ

UNICODE – ” သူတို့ကစားတာ ပြိုင်ဘက်ကို သိပ်ငဲ့ညှာလွန်းနေတယ်၊ ဂျရတ်တို့တုန်းကဆိုရင် ပြိုင်ဘက်ကို ပိုင်းပလိုက်ပြီးပြီ။ ”

အထက်ပါ စကားက လီဗာပူးပရိသတ်တွေက ကွင်းလယ်ဒိုင်ကို စောဒက မတက်သလို၊ ပြိုင်ဘက်ကိုလည်း ရန်လိုတဲ့ တိုက်ခိုက်မှုတွေ မလုပ်တဲ့အပေါ် လီဗာပူးအသင်းသားတွေကို အားမလို အားမရစွာ တုန့်ပြန်မှုပါ။ ဒါဟာ ၂၀၁၆ ခုနှစ်လောက်တုန်းက လီဗာပူး ကစားစဟန်အပေါ် ပရိသတ်တွေရဲ့ မှတ်ချက် ဖြစ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ မာတင် စကာတယ်နဲ့ ဒန်နီရယ် အဂ္ဂါတို့လို သွေးမြေကျတဲ့ထိ ဖျက်ထုတ်မှုကြမ်းတွေ မလုပ်ပါဘူး။ ကာရေဂါလို ပြိုင်ဘက်နဲ့ ဒေါသတကြီး အငြင်းပွားမှုတွေ၊ ဂျရတ်လို ပြင်းပြင်းထန်ထန် ဖျက်ထုတ်မှုတွေ မလုပ်ပါဘူး။ လီဗာပူး လုပ်တဲ့ ပြင်းပြင်းထန်ထန် အားထုတ်မှုက ပြိုင်ဘက်ရဲ့ ခြေထဲက ဘောလုံးကို ခပ်မြန်မြန် လိုက်လုခြင်း ပဲဖြစ်ပါတယ်။

ပပ်လင်ဒါးကတော့ “ ဒါက ဂျိုဟန်ခရိုက်ကြီး ပြောခဲ့သလိုပါပဲ။ မင်းက ဉာဏ်ကြီးရှင်ဖြစ်ရင်တောင် မိုက်မဲနေတုန်းပါပဲ။ အခြားသူတွေက ပြဿနာလို့ ထင်တဲ့ ကိစ္စက ကျနေ်ာတို့အတွက် ဖြေရှင်းနည်းပါပဲ။ ကိုယ်က ပွဲကို ရိုးရိုးသားသား ချဉ်ကပ်တဲ့အခါ တစ်ခုတည်းသော ရန်သူ ဖြစ်တာက အချိန်ပါပဲ။ ” လို့ ရှင်းပြပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းဟာ အဝါကဒ် ၂၆ ကဒ်ပဲ ပြသခံရပါတယ်။ အဲ့သည်ထဲမှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို အငြင်းပွားလို့ ပြသခံရတဲ့ အဝါကဒ် တစ်ကဒ်တောင် မပါပါဘူး။ ကဒ် အများအပြားက ပြိုင်ဘက် ကွင်းဘက်ခြမ်းမှာ တိုက်စစ်ဆင်ရင်း ဖြစ်တဲ့ ကိစ္စတွေကြောင့် ပြသခံရတာပါ။ လီဗာပူးမှာ အများဆုံး ပေးခံရတဲ့ အဝါကဒ်ရှင်တွေက ဖာဘင်ညို ၅ ကဒ်၊ ထရန့် ၄ ကဒ်၊ မီလ်နာနဲ့ ဂိုးမက်စ် ၃ ကဒ် စီဖြစ်ပါတယ်။

ကွင်းလယ်ဒိုင်တွေက လီဗာပူးကို အဝါကဒ်တွေ မပေးတာ၊ ပြစ်ဒဏ်ကျူးလွန်ပါတယ်ဆိုပြီး မသက်မှတ်တာတွေက တစ်နေ့တည်းကြောင့် မဟုတ်ပါဘူး။ ကုန်ခဲ့တဲ့ ၃ ရာသီအတွင်း လီဗာပူးရဲ့ စည်းစနစ်ကျကျ ကစားမှုဆိုတဲ့ အချက်အလက်တွေကြောင့် လီဗာပူးကို သန့်ရှင်းတဲ့အသင်းအဖြစ် ပိုမို ယုံကြည်လာခြင်းက ပြစ်ဒဏ်တွေ မပေးခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်တယ်။ တစ်ခါတစ်လေမှာ အနာဂတ်အတွက် ရည်ရွယ်တဲ့ ကိစ္စတွေဟာ ကနဦးအစမှာတော့ ဝေဖန်ခံရမှုတွေ ရှိတတ်ပါတယ်။

လီဗာပူးအသင်းဟာ လုပ်အားသိပ်ကောင်းပြီး ပြိုင်ဆိုင်လိုမှု စိတ်ဓါတ် သိပ်ပြင်းထန်ပါတယ်။ ဒီနေရာမှာ မှတ်သားထားဖို့က တိုက်စစ်သမား ဖာမင်နိုကြောင့် လီဗာပူးဟာ ဖရီးကစ် ၁၁၉ ကြိမ် ပေးထားခဲ့ဖူးတယ် အဲ့ထဲမှာ အဝါကဒ် တစ်ကြိမ်ပဲ ဖာမင်နိုရခဲ့တယ်။ ရခဲ့တဲ့ တစ်ကြိမ်ကလည်း ၂၀၁၈ ခုနှစ်တုန်းက မန်စီးတီးကို ၄-၃ နဲ့ အနိုင်ရမှုမှာ သူ အကျီချွတ်ခဲ့လို့ ဖြစ်ပါတယ်။

ဒါက ဘာကို ပြောသလဲဆိုရင် ဖာမင်နိုက ပြိုင်ဘက်ကို ပြစ်ဒဏ် ကျူးလွန်မိတဲ့အခါ ဘယ်ကွင်းလယ်ဒိုင်ကမှ ဖာမင်နိုက ပြိုင်ဘက်ကို တမင်သပ်သပ် ပြစ်ဒဏ်လုပ်တယ်လို့ မယူဆပါဘူး။ သူတို့က ဖာမင်နိုဟာ သူကစားရတဲ့ နည်းစနစ်အရ ဘောလုံးကိုပဲ အာရုံစိုက်တယ်လို့ ယုံကြည်ပါတယ်။ ဒီလိုဖြစ်လာဖို့ လီဗာပူးဟာ ၂၀၁၆ လောက်တည်းက fair play အကောင်းဆုံး ကစားခဲ့ရတာဖြစ်တယ်။

ဥပမာတစ်ခုကို ထပ်ပြရရင် ဒီနောက်ပိုင်းမှာ ဖိအားပေးကစားနည်းကို စတင် ကျင့်သုံးနေတဲ့ အာဆင်နယ်ဟာ ထိပ်ဆုံးအသင်းတွေထဲမှာ ပြစ်ဒဏ်ကျူးလွန်မှု အမြင့်ဆုံး ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ လီဗာပူးက အနည်းဆုံးဖြစ်တယ်။ အာဆင်နယ်ဟာ ဘောလုံးကို ပြန်ရဖို့အတွက် ပြိုင်ဘက်ကိုလည်း ထိခိုက်မှုတွေ လုပ်ဖို့ ဝန်မလေးပေမယ့် လီဗာပူးက ပြိုင်ဘက်ကို ထိခိုက်မှု မပါဘဲ ဘောလုံးပြန်ရောက်အောင် ယူနိုင်တဲ့ နောက်ထပ် လယ်ဗယ်တစ်ဆင့်မှာ ရှိနေပါတယ်။

ဒါဟာ ကြိုတင်ပြင်ဆင်မှု၊ စုဖွဲ့မှု၊ တည်ဆောက်မှုပုံစံနဲ့ ချိန်သားကိုက်မှုကြောင့် ဖြစ်ပါတယ်။ ဘောလုံးပြန်ရဖို့ တစ်ခုတည်းနဲ့ ဘောလုံးပေးမှု လမ်းကြောင့်ကို ပိတ်ဆို့ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြိုင်ဘက်ကို ဥပဒေပ လုပ်ဆောင်ခြင်းမျိုး မန်နေဂျာကလော့ပ်က မလုပ်စေပါဘူး။ ဂရုဂျစ်ဟာ အစောပိုင်း လီဗာပူးအတွက် ကစားပေးရစဉ်မှာ ဘောလုံးတွက်ချက်မှု လိုအပ်ချက် များပြီး မသေသပ်တဲ့ ဖျက်ထုတ်မှုတွေကြောင့် အဝါကဒ် ပြသခံရမှုနှုန်း များခဲ့ပါတယ်။ ကလော့ပ်က အဆိုပါ အပြုအမှုကို ပြင်းပြင်းထန်ထန် တားမြစ်တဲ့ သဘောကို အင်တာဗျူးမှာ ပြောဆိုခဲ့တယ်။ နောက်ပိုင်းမှာ ဂရုဂျစ်ကို အတွေ့အကြုံအတွက် အငှားချလိုက်ပါတယ်။

ပပ်လင်ဒါးက ဆက်ပြီးလည်း “ ကျနော်တို့က အမြဲတမ်း ပွဲတွေကို တူညီတဲ့ စိတ်ဓါတ်ပိုင်း၊ တူညီတဲ့ အာရုံစိုက်မှု၊ တမ်ပိုတွေနဲ့ လေ့ကျင့်ပါတယ်။ ဒါက လီဗာပူးလေ့ကျင့်ရေးရဲ့ လျှို့ဝှက်ချက်လို့ ကျနော် မြင်ပါတယ်။ ကျနေ်ာတို့ အသင်းရဲ့ အဓိက အားသာချက်က အမြဲတမ်း အတူတကွ ရှိခြင်းပါပဲ။ ကွင်းထဲမှာ ကစားသမားတွေရဲ့ အကွာအဝေး၊ စုဖွဲ့မှု၊ ကစားတဲ့ နည်းလမ်းတွေကို ဆိုလိုပါတယ်။ ဒါကပဲ ရန်လိုတဲ့ ဖိအားပေးမှုကို ကစားတဲ့ အသင်းတွေအတွက် တစ်ခုတည်းသော နည်းလမ်းပါပဲ။

ကစားသမားတွေကြာ အကွာအဝေးနဲ့ စုဖွဲ့မှုက မမှန်ဘူးဆိုရင် ဒီနည်းလမ်းကို ကစားဖို့ အခွင့်အရေး မရှိပါဘူး။ ဒါကပဲ ကျနေ်ာတို့ လုပ်ဆောင်နေတဲ့ အကြီးမားဆုံး တိုးတက်ရမယ့် ကိစ္စပါ။ ဘယ်နေရာမှာပဲ ပွဲကို ကစားရပါစေ ကျနေ်ာတို့က အတူတကွပါပဲ။ ဘောလုံးရှိချိန်မှာကော ဘောလုံး မရှိချိန်မှာပါ ပြင်းထန်တဲ့ အသင်းတစ်သင်းအဖြစ် ကျစ်လစ်စွာ ကျနေ်ာတို့ ရှိနေပါတယ်။

မန်နေဂျာကလော့ပ်က အရာအားလုံးအတွက် လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ စည်းကမ်းချက်ကို ချမှတ်ထားပါတယ်။ ဒါက ရှင်းပြရ လွယ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ကွင်းထဲမှာ မိနစ် ၉၅ မိနစ်လောက် ကစားဖို့ လေ့ကျင့်ရေးမှာ ပြင်းပြင်းထန်ထန် ကြိုးစားရတယ်။ ဒါကိုပဲ ကစားသမားတွေက အကောင်းဆုံး ကြိုးစားထားပါတယ်။ ” လို့ ပပ်လင်ဒါးက ရှင်းပြခဲ့တယ်။

ပွဲမစခင် ကလော့ပ် တားမြစ်တတ်တဲ့ အဓိက စည်းကမ်းချက်က ရန်လိုစိတ်ကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ရန်လိုစိတ် တစ်ခုတည်းက ပြိုင်ဘက်ကိုကော ကိုယ်ဘာသာကိုပါ ထိခိုက်စေတယ်လို့ ကလော့ပ်က ယုံကြည်တယ်။ လီဗာပူးအသင်းဟာ ဘောလုံးရဖို့ပဲ တိုက်ခိုက်ရမှာဖြစ်ပြီး ပြိုင်ဘက်ရဲ့ အရိုးတွေကို ကျိုးကျေစေဖို့လို နာကျင်မှုတွေအတွက် တိုက်ခိုက်ရမှာ မဟုတ်ပါဘူး။ ဘောလုံးကို ကောင်းမွန်တဲ့ နည်းလမ်းအဖြစ်ပဲ ရန်မှုလိုစိတ်က ကလော့ပ်ရဲ့ အဓိက တောင်းဆိုမှုဖြစ်ပါတယ်။

ကလော့ပ်ဟာ ကစားသမားတွေကို ချစ်ခင်ပြီး နွေးထွေးစွာ ဆက်ဆံပေမယ့် စည်းကမ်းပိုင်း ပျက်ကွက်ခြင်းကို လုံးဝ လက်မခံပါဘူး။ ၂၀၁၆ ခုနှစ်မှာ ပရိသတ်အချစ်တော် ကစားသမား ဆာခိုဟာ စည်းကမ်း မလိုက်နာမှု တစ်ခုတည်းနဲ့ လီဗာပူးကနေ ရှင်းထုတ်ခြင်း ခံခဲ့ရပါတယ်။ လီဗာပူးအသင်းသားတွေ ကစားရမယ့် နည်းစနစ်နဲ့ စည်းမျဉ်း စည်းကမ်းပိုင်းရဲ့ အထက်မှာ မည်သူတစ်ဦးမှ ရှိမနေဖို့က ကလော့ပ်ရဲ့ တားမြစ်ချက်ဖြစ်တယ်။

ဘောလုံးမှာ နည်းစနစ်က အရေးကြီးသလို အတွေးအခေါ်နဲ့ ခံယူချက်ကလည်း အရေးပါပါတယ်။ ကလော့ပ်က လီဗာပူးအသင်းသားတွေကို ‘စိတ်ဓါတ်ပိုင်းမှာ မွန်းစတားတွေလို အားကောင်းသူတွေ’ လို့ ကင်ပွန်းတပ်ခဲ့တယ်။ လီဗာပူးအသင်းသားတွေကလည်း ကွင်းထဲမှာ ပြင်းပြင်းထန်ထန် ကြိုးစားကြပြီး အညှာအတာ ကင်းကင်းလည်း ကစားကြပါတယ်။

လီဗာပူးက ပြိုင်ဘက်ကို ရန်မှုစိတ်ပြင်းတဲ့ ဖိအားပေးမှုကို ကစားပါတယ်။ ဒါပေမယ့် ဒီဖိအားပေးမှုဟာ ဘောလုံးပရိသတ်တွေ လက်ခံကြတဲ့ ဖိအားပေးမှုပဲဖြစ်ပြီး ပြိုင်ဘက်ကို နာကျင်စေတဲ့ ဖိအားပေးမှု မဟုတ်တာကတော့ ပရီးမီးယားလိဂ်ရဲ့ အသန့်ရှင်းဆုံး အသင်းဆိုတဲ့ မှတ်တမ်းတွေကပဲ သက်သေထူနေပါလိမ့်မယ်။

ZAWGYI – ” သူတို႔ကစားတာ ျပိဳင္ဘက္ကို သိပ္ငဲ့ညွာလြန္းေနတယ္၊ ဂ်ရတ္တို႔တုန္းကဆိုရင္ ျပိဳင္ဘက္ကို ပိုင္းပလိုက္ျပီးျပီ။ ”

အထက္ပါ စကားက လီဗာပူးပရိသတ္ေတြက ကြင္းလယ္ဒိုင္ကို ေစာဒက မတက္သလို၊ ျပိဳင္ဘက္ကိုလည္း ရန္လိုတဲ့ တိုက္ခုိက္မႈေတြ မလုပ္တဲ့အေပၚ လီဗာပူးအသင္းသားေတြကို အားမလို အားမရစြာ တုန္႔ျပန္မႈပါ။ ဒါဟာ ၂၀၁၆ ခုႏွစ္ေလာက္တုန္းက လီဗာပူး ကစားစဟန္အေပၚ ပရိသတ္ေတြရဲ႕ မွတ္ခ်က္ ျဖစ္ခဲ့ပါတယ္။

လီဗာပူးအသင္းဟာ မာတင္ စကာတယ္နဲ႔ ဒန္နီရယ္ အဂၢါတို႔လို ေသြးေျမက်တဲ့ထိ ဖ်က္ထုတ္မႈၾကမ္းေတြ မလုပ္ပါဘူး။ ကာေရဂါလို ျပိဳင္ဘက္နဲ႔ ေဒါသတၾကီး အျငင္းပြားမႈေတြ၊ ဂ်ရတ္လို ျပင္းျပင္းထန္ထန္ ဖ်က္ထုတ္မႈေတြ မလုပ္ပါဘူး။ လီဗာပူး လုပ္တဲ့ ျပင္းျပင္းထန္ထန္ အားထုတ္မႈက ျပိဳင္ဘက္ရဲ႕ ေျခထဲက ေဘာလံုးကို ခပ္ျမန္ျမန္ လိုက္လုျခင္း ပဲျဖစ္ပါတယ္။

ပပ္လင္ဒါးကေတာ့ “ ဒါက ဂ်ိဳဟန္ခရိုက္ၾကီး ေျပာခဲ့သလိုပါပဲ။ မင္းက ဥာဏ္ၾကီးရွင္ျဖစ္ရင္ေတာင္ မိုက္မဲေနတုန္းပါပဲ။ အျခားသူေတြက ျပႆနာလို႔ ထင္တဲ့ ကိစၥက က်ေန္ာတို႔အတြက္ ေျဖရွင္းနည္းပါပဲ။ ကိုယ္က ပြဲကို ရိုးရိုးသားသား ခ်ဥ္ကပ္တဲ့အခါ တစ္ခုတည္းေသာ ရန္သူ ျဖစ္တာက အခ်ိန္ပါပဲ။ ” လို႔ ရွင္းျပပါတယ္။

ဒီရာသီမွာ လီဗာပူးအသင္းဟာ အဝါကဒ္ ၂၆ ကဒ္ပဲ ျပသခံရပါတယ္။ အဲ့သည္ထဲမွာ ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ကို အျငင္းပြားလို႔ ျပသခံရတဲ့ အဝါကဒ္ တစ္ကဒ္ေတာင္ မပါပါဘူး။ ကဒ္ အမ်ားအျပားက ျပိဳင္ဘက္ ကြင္းဘက္ျခမ္းမွာ တိုက္စစ္ဆင္ရင္း ျဖစ္တဲ့ ကိစၥေတြေၾကာင့္ ျပသခံရတာပါ။ လီဗာပူးမွာ အမ်ားဆံုး ေပးခံရတဲ့ အဝါကဒ္ရွင္ေတြက ဖာဘင္ညိဳ ၅ ကဒ္၊ ထရန္႔ ၄ ကဒ္၊ မီလ္နာနဲ႔ ဂိုးမက္စ္ ၃ ကဒ္ စီျဖစ္ပါတယ္။

ကြင္းလယ္ဒိုင္ေတြက လီဗာပူးကို အဝါကဒ္ေတြ မေပးတာ၊ ျပစ္ဒဏ္က်ဴးလြန္ပါတယ္ဆိုျပီး မသက္မွတ္တာေတြက တစ္ေန႔တည္းေၾကာင့္ မဟုတ္ပါဘူး။ ကုန္ခဲ့တဲ့ ၃ ရာသီအတြင္း လီဗာပူးရဲ႕ စည္းစနစ္က်က် ကစားမႈဆိုတဲ့ အခ်က္အလက္ေတြေၾကာင့္ လီဗာပူးကို သန္႔ရွင္းတဲ့အသင္းအျဖစ္ ပိုမို ယံုၾကည္လာျခင္းက ျပစ္ဒဏ္ေတြ မေပးျခင္းရဲ႕ အဓိက အေၾကာင္းရင္းျဖစ္တယ္။ တစ္ခါတစ္ေလမွာ အနာဂတ္အတြက္ ရည္ရြယ္တဲ့ ကိစၥေတြဟာ ကနဦးအစမွာေတာ့ ေဝဖန္ခံရမႈေတြ ရွိတတ္ပါတယ္။

လီဗာပူးအသင္းဟာ လုပ္အားသိပ္ေကာင္းျပီး ျပိဳင္ဆိုင္လိုမႈ စိတ္ဓါတ္ သိပ္ျပင္းထန္ပါတယ္။ ဒီေနရာမွာ မွတ္သားထားဖို႔က တိုက္စစ္သမား ဖာမင္ႏိုေၾကာင့္ လီဗာပူးဟာ ဖရီးကစ္ ၁၁၉ ၾကိမ္ ေပးထားခဲ့ဖူးတယ္ အဲ့ထဲမွာ အဝါကဒ္ တစ္ၾကိမ္ပဲ ဖာမင္ႏိုရခဲ့တယ္။ ရခဲ့တဲ့ တစ္ၾကိမ္ကလည္း ၂၀၁၈ ခုႏွစ္တုန္းက မန္စီးတီးကို ၄-၃ နဲ႔ အႏုိင္ရမႈမွာ သူ အက်ီခၽြတ္ခဲ့လို႔ ျဖစ္ပါတယ္။

ဒါက ဘာကို ေျပာသလဲဆိုရင္ ဖာမင္ႏိုက ျပိဳင္ဘက္ကို ျပစ္ဒဏ္ က်ဴးလြန္မိတဲ့အခါ ဘယ္ကြင္းလယ္ဒိုင္ကမွ ဖာမင္ႏိုက ျပိဳင္ဘက္ကို တမင္သပ္သပ္ ျပစ္ဒဏ္လုပ္တယ္လို႔ မယူဆပါဘူး။ သူတို႔က ဖာမင္ႏိုဟာ သူကစားရတဲ့ နည္းစနစ္အရ ေဘာလံုးကိုပဲ အာရံုစိုက္တယ္လို႔ ယံုၾကည္ပါတယ္။ ဒီလိုျဖစ္လာဖို႔ လီဗာပူးဟာ ၂၀၁၆ ေလာက္တည္းက fair play အေကာင္းဆံုး ကစားခဲ့ရတာျဖစ္တယ္။

ဥပမာတစ္ခုကို ထပ္ျပရရင္ ဒီေနာက္ပိုင္းမွာ ဖိအားေပးကစားနည္းကို စတင္ က်င့္သံုးေနတဲ့ အာဆင္နယ္ဟာ ထိပ္ဆံုးအသင္းေတြထဲမွာ ျပစ္ဒဏ္က်ဴးလြန္မႈ အျမင့္ဆံုး ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ လီဗာပူးက အနည္းဆံုးျဖစ္တယ္။ အာဆင္နယ္ဟာ ေဘာလံုးကို ျပန္ရဖို႔အတြက္ ျပိဳင္ဘက္ကိုလည္း ထိခိုက္မႈေတြ လုပ္ဖို႔ ဝန္မေလးေပမယ့္ လီဗာပူးက ျပိဳင္ဘက္ကို ထိခိုက္မႈ မပါဘဲ ေဘာလံုးျပန္ေရာက္ေအာင္ ယူႏုိင္တဲ့ ေနာက္ထပ္ လယ္ဗယ္တစ္ဆင့္မွာ ရွိေနပါတယ္။

ဒါဟာ ၾကိဳတင္ျပင္ဆင္မႈ၊ စုဖြဲ႔မႈ၊ တည္ေဆာက္မႈပံုစံနဲ႔ ခ်ိန္သားကိုက္မႈေၾကာင့္ ျဖစ္ပါတယ္။ ေဘာလံုးျပန္ရဖို႔ တစ္ခုတည္းနဲ႔ ေဘာလံုးေပးမႈ လမ္းေၾကာင့္ကို ပိတ္ဆို႔ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ ျပိဳင္ဘက္ကို ဥပေဒပ လုပ္ေဆာင္ျခင္းမ်ိဳး မန္ေနဂ်ာကေလာ့ပ္က မလုပ္ေစပါဘူး။ ဂရုဂ်စ္ဟာ အေစာပိုင္း လီဗာပူးအတြက္ ကစားေပးရစဥ္မွာ ေဘာလံုးတြက္ခ်က္မႈ လိုအပ္ခ်က္ မ်ားျပီး မေသသပ္တဲ့ ဖ်က္ထုတ္မႈေတြေၾကာင့္ အဝါကဒ္ ျပသခံရမႈႏႈန္း မ်ားခဲ့ပါတယ္။ ကေလာ့ပ္က အဆိုပါ အျပဳအမႈကို ျပင္းျပင္းထန္ထန္ တားျမစ္တဲ့ သေဘာကို အင္တာဗ်ဴးမွာ ေျပာဆိုခဲ့တယ္။ ေနာက္ပိုင္းမွာ ဂရုဂ်စ္ကို အေတြ႔အၾကံဳအတြက္ အငွားခ်လိုက္ပါတယ္။

ပပ္လင္ဒါးက ဆက္ျပီးလည္း “ က်ေနာ္တုိ႔က အျမဲတမ္း ပြဲေတြကို တူညီတဲ့ စိတ္ဓါတ္ပိုင္း၊ တူညီတဲ့ အာရံုစိုက္မႈ၊ တမ္ပိုေတြနဲ႔ ေလ့က်င့္ပါတယ္။ ဒါက လီဗာပူးေလ့က်င့္ေရးရဲ႕ လွ်ိဳ႕ဝွက္ခ်က္လို႔ က်ေနာ္ ျမင္ပါတယ္။ က်ေန္ာတို႔ အသင္းရဲ႕ အဓိက အားသာခ်က္က အျမဲတမ္း အတူတကြ ရွိျခင္းပါပဲ။ ကြင္းထဲမွာ ကစားသမားေတြရဲ႕ အကြာအေဝး၊ စုဖြဲ႔မႈ၊ ကစားတဲ့ နည္းလမ္းေတြကို ဆိုလိုပါတယ္။ ဒါကပဲ ရန္လိုတဲ့ ဖိအားေပးမႈကို ကစားတဲ့ အသင္းေတြအတြက္ တစ္ခုတည္းေသာ နည္းလမ္းပါပဲ။

ကစားသမားေတြၾကာ အကြာအေဝးနဲ႔ စုဖြဲ႔မႈက မမွန္ဘူးဆိုရင္ ဒီနည္းလမ္းကို ကစားဖို႔ အခြင့္အေရး မရွိပါဘူး။ ဒါကပဲ က်ေန္ာတို႔ လုပ္ေဆာင္ေနတဲ့ အၾကီးမားဆံုး တိုးတက္ရမယ့္ ကိစၥပါ။ ဘယ္ေနရာမွာပဲ ပြဲကို ကစားရပါေစ က်ေန္ာတို႔က အတူတကြပါပဲ။ ေဘာလံုးရွိခ်ိန္မွာေကာ ေဘာလံုး မရွိခ်ိန္မွာပါ ျပင္းထန္တဲ့ အသင္းတစ္သင္းအျဖစ္ က်စ္လစ္စြာ က်ေန္ာတို႔ ရွိေနပါတယ္။

မန္ေနဂ်ာကေလာ့ပ္က အရာအားလံုးအတြက္ လူတိုင္းမွာ တာဝန္ရွိတယ္ဆိုတဲ့ စည္းကမ္းခ်က္ကို ခ်မွတ္ထားပါတယ္။ ဒါက ရွင္းျပရ လြယ္တဲ့ ကိစၥ ျဖစ္ပါတယ္။ ကြင္းထဲမွာ မိနစ္ ၉၅ မိနစ္ေလာက္ ကစားဖို႔ ေလ့က်င့္ေရးမွာ ျပင္းျပင္းထန္ထန္ ၾကိဳးစားရတယ္။ ဒါကိုပဲ ကစားသမားေတြက အေကာင္းဆံုး ၾကိဳးစားထားပါတယ္။ ” လို႔ ရွင္းျပခဲ့တယ္။

ပြဲမစခင္ ကေလာ့ပ္ တားျမစ္တတ္တဲ့ အဓိက စည္းကမ္းခ်က္က ရန္လိုစိတ္ကို ထိန္းသိမ္းဖို႔ ျဖစ္ပါတယ္။ ရန္လိုစိတ္ တစ္ခုတည္းက ျပိဳင္ဘက္ကိုေကာ ကိုယ္ဘာသာကိုပါ ထိခိုက္ေစတယ္လို႔ ကေလာ့ပ္က ယံုၾကည္တယ္။ လီဗာပူးအသင္းဟာ ေဘာလံုးရဖို႔ပဲ တိုက္ခုိက္ရမွာျဖစ္ျပီး ျပိဳင္ဘက္ရဲ႕ အရိုးေတြကို က်ိဳးေက်ေစဖို႔လို နာက်င္မႈေတြအတြက္ တိုက္ခိုက္ရမွာ မဟုတ္ပါဘူး။ ေဘာလံုးကို ေကာင္းမြန္တဲ့ နည္းလမ္းအျဖစ္ပဲ ရန္မႈလိုစိတ္က ကေလာ့ပ္ရဲ႕ အဓိက ေတာင္းဆိုမႈျဖစ္ပါတယ္။

ကေလာ့ပ္ဟာ ကစားသမားေတြကို ခ်စ္ခင္ျပီး ေႏြးေထြးစြာ ဆက္ဆံေပမယ့္ စည္းကမ္းပိုင္း ပ်က္ကြက္ျခင္းကို လံုးဝ လက္မခံပါဘူး။ ၂၀၁၆ ခုႏွစ္မွာ ပရိသတ္အခ်စ္ေတာ္ ကစားသမား ဆာခိုဟာ စည္းကမ္း မလိုက္နာမႈ တစ္ခုတည္းနဲ႔ လီဗာပူးကေန ရွင္းထုတ္ျခင္း ခံခဲ့ရပါတယ္။ လီဗာပူးအသင္းသားေတြ ကစားရမယ့္ နည္းစနစ္နဲ႔ စည္းမ်ဥ္း စည္းကမ္းပိုင္းရဲ႕ အထက္မွာ မည္သူတစ္ဦးမွ ရွိမေနဖို႔က ကေလာ့ပ္ရဲ႕ တားျမစ္ခ်က္ျဖစ္တယ္။

ေဘာလံုးမွာ နည္းစနစ္က အေရးၾကီးသလို အေတြးအေခၚနဲ႔ ခံယူခ်က္ကလည္း အေရးပါပါတယ္။ ကေလာ့ပ္က လီဗာပူးအသင္းသားေတြကို ‘စိတ္ဓါတ္ပိုင္းမွာ မြန္းစတားေတြလို အားေကာင္းသူေတြ’ လို႔ ကင္ပြန္းတပ္ခဲ့တယ္။ လီဗာပူးအသင္းသားေတြကလည္း ကြင္းထဲမွာ ျပင္းျပင္းထန္ထန္ ၾကိဳးစားၾကျပီး အညွာအတာ ကင္းကင္းလည္း ကစားၾကပါတယ္။

လီဗာပူးက ျပိဳင္ဘက္ကို ရန္မႈစိတ္ျပင္းတဲ့ ဖိအားေပးမႈကို ကစားပါတယ္။ ဒါေပမယ့္ ဒီဖိအားေပးမႈဟာ ေဘာလံုးပရိသတ္ေတြ လက္ခံၾကတဲ့ ဖိအားေပးမႈပဲျဖစ္ျပီး ျပိဳင္ဘက္ကို နာက်င္ေစတဲ့ ဖိအားေပးမႈ မဟုတ္တာကေတာ့ ပရီးမီးယားလိဂ္ရဲ႕ အသန္႔ရွင္းဆံုး အသင္းဆိုတဲ့ မွတ္တမ္းေတြကပဲ သက္ေသထူေနပါလိမ့္မယ္။