ပေါ့ဘာ+ဘရူနိုတို့ရဲ့ အသင်းက ရံှူးပြီး အစ်ဟာလိုတို့အသင်း နိုင်တဲ့ ဝက်ဘရွန်းနဲ့ ခြေစမ်းပွဲ နှစ်ပွဲ

UNICODE – ယူနိုက်တက်ဟာ မနေ့တုန်းက ဝက်ဘရွန်းအသင်းနဲ့ ချစ်ကြည်ရေးပွဲ နှစ်ပွဲ ကစားခဲ့ပြီး တစ်ပွဲနိုင် တစ်ပွဲရံှူးရလဒ် ထွက်ပေါ်သွားခဲ့ပါတယ်။

စတုတ်နဲ့ ကစားဖို့ စီစဉ်ထားတဲ့ ချစ်ကြည်ရေးပွဲကို ပြိုင်ဘက်မန်နေဂျာ အိုနေး ကိုရိုနာဗိုင်းရပ် ကူးစက်ခံရခြင်းကြောင့် ဖျက်သိမ်းခဲ့ရတယ်။ အဲ့သည်နောက်မှာ စပါးပွဲကြို ပြင်ဆင်မှုအဖြစ် ဝက်ဘရွန်းနဲ့ ကစားဖို့ လုပ်ခဲ့ပြီး တစ်ပွဲအစား မိနစ် ၆၀ နှစ်ပွဲ တစ်ရက်တည်း ကစားခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ကို တစ်သင်းတည်းမှာ ထည့်ပြီး ပထမပွဲကို ကစားရာမှာတော့ ယူနိုက်တက်က ၂-၁ နဲ့ အရေးနိမ့်ခဲ့တယ်။ အဆိုပါပွဲမှာ ဇန်နဝါရီတုန်းက စပို့တင်းကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်က တစ်ဂိုး သွင်းခဲ့ပြီး ဝက်ဘရွန်းဘက်က မတ်ဖိလစ်နဲ့ ကန်းနက်တို့က တစ်ဂိုးစီ သွင်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲမှာ တိုက်စစ်သမား ရပ်ဖိုဒ့်လည်း ပါဝင်ကစားခဲ့သလို မာရှယ်နဲ့ ဂျိမ်းလည်း ပါဝင်ခဲ့ဟန် ရှိပါတယ်။

ဒုတိယပွဲကိုတော့ ပထမပွဲအပြီး ၂ နာရီအကြာမှာ ယှဉ်ပြိုင်ကစားခဲ့ကြတယ်။ ဒုတိယပွဲမှာတော့ အဓိက ကစားသမားတွေအဖြစ် တိုက်စစ်သမား အစ်ဟာလို၊ တော်မီနေး၊ ဖရတ်တို့အပြင် ခံစစ်က ဘစ်ဆာကာနဲ့ မက်ဂွဲရားတို့ ပါဝင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲမှာ ကွင်းလယ်လူ ပါရဲရားက သွင်းဂိုး နှစ်ဂိုး သွင်းခဲ့ကာ လူစားဝင်လာတဲ့ လူငယ်ကစားသမား တာဟစ်ချောင်က တစ်ဂိုး သွင်းယူခဲ့တာဖြစ်တယ်။ ဒုတိယပွဲကတော့ ၃-၁ နဲ့ ယူနိုက်တက်တို့ အနိုင်ရသွားခဲ့တယ်။

နှစ်သင်းလုံးဟာ သက်ဆိုင်ရာတွေ တားမြစ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာခဲ့ပြီး အဝတ်လဲခန်းတွေကို မသုံးပဲ ယာယီ အဝတ်လဲ ဧရိယာအဖြစ် ကားပါကင်နားမှာ နေရာတစ်ခုကို အသုံးပြုခဲ့ကြတယ်။ ပွဲမှာ ဘောလုံးကောင်တွေ မပါခဲ့သလို ကွင်းလယ်ဒိုင်တွေအဖြစ် သက်ဆိုင်ရာ နည်းပြတွေက ဝင်လုပ်ခဲ့တာဖြစ်တယ်။ ရေသောက် အနားယူချိန်တွေကိုလည်း ထည့်သွင်းခဲ့ပါတယ်။

အခြားတစ်ပွဲအဖြစ် ယူနိုက်တက် ပြိုင်ဘက် စပါးကလည်း ဟယ်ရီကိန်း ပါဝင်လာတဲ့ လူစာရင်းနဲ့ ချစ်ကြည်ရေးပွဲ ကစားမှုကို လုပ်ခဲ့တယ်။ ၎င်းတို့က နော်ဝစ်နဲ့ ကစားခဲ့တာဖြစ်ပြီး စပါးက အရေးနိမ့်သွားခဲ့ပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ မေန႔တုန္းက ဝက္ဘရြန္းအသင္းနဲ႔ ခ်စ္ၾကည္ေရးပြဲ ႏွစ္ပြဲ ကစားခဲ့ျပီး တစ္ပြဲႏုိင္ တစ္ပြဲရံွဴးရလဒ္ ထြက္ေပၚသြားခဲ့ပါတယ္။

စတုတ္နဲ႔ ကစားဖို႔ စီစဥ္ထားတဲ့ ခ်စ္ၾကည္ေရးပြဲကို ျပိဳင္ဘက္မန္ေနဂ်ာ အိုေနး ကိုရိုနာဗိုင္းရပ္ ကူးစက္ခံရျခင္းေၾကာင့္ ဖ်က္သိမ္းခဲ့ရတယ္။ အဲ့သည္ေနာက္မွာ စပါးပြဲၾကိဳ ျပင္ဆင္မႈအျဖစ္ ဝက္ဘရြန္းနဲ႔ ကစားဖို႔ လုပ္ခဲ့ျပီး တစ္ပြဲအစား မိနစ္ ၆၀ ႏွစ္ပြဲ တစ္ရက္တည္း ကစားခဲ့တာျဖစ္ပါတယ္။

ဘရူႏိုဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတို႔ကို တစ္သင္းတည္းမွာ ထည့္ျပီး ပထမပြဲကို ကစားရာမွာေတာ့ ယူႏုိက္တက္က ၂-၁ နဲ႔ အေရးနိမ့္ခဲ့တယ္။ အဆိုပါပြဲမွာ ဇန္နဝါရီတုန္းက စပို႔တင္းကေန ေခၚယူထားတဲ့ ကြင္းလယ္လူ ဖာနန္ဒက္စ္က တစ္ဂိုး သြင္းခဲ့ျပီး ဝက္ဘရြန္းဘက္က မတ္ဖိလစ္နဲ႔ ကန္းနက္တို႔က တစ္ဂိုးစီ သြင္းခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါပြဲမွာ တိုက္စစ္သမား ရပ္ဖိုဒ့္လည္း ပါဝင္ကစားခဲ့သလို မာရွယ္နဲ႔ ဂ်ိမ္းလည္း ပါဝင္ခဲ့ပါတယ္။

ဒုတိယပြဲကိုေတာ့ ပထမပြဲအျပီး ၂ နာရီအၾကာမွာ ယွဥ္ျပိဳင္ကစားခဲ့ၾကတယ္။ ဒုတိယပြဲမွာေတာ့ အဓိက ကစားသမားေတြအျဖစ္ တိုက္စစ္သမား အစ္ဟာလို၊ ေတာ္မီေနး၊ ဖရတ္တို႔အျပင္ ခံစစ္က ဘစ္ဆာကာနဲ႔ မက္ဂြဲရားတို႔ ပါဝင္ကစားခဲ့ၾကပါတယ္။ အဆိုပါပြဲမွာ ကြင္းလယ္လူ ပါရဲရားက သြင္းဂိုး ႏွစ္ဂိုး သြင္းခဲ့ကာ လူစားဝင္လာတဲ့ လူငယ္ကစားသမား တာဟစ္ေခ်ာင္က တစ္ဂိုး သြင္းယူခဲ့တာျဖစ္တယ္။ ဒုတိယပြဲကေတာ့ ၃-၁ နဲ႔ ယူႏုိက္တက္တို႔ အႏုိင္ရသြားခဲ့တယ္။

ႏွစ္သင္းလံုးဟာ သက္ဆိုင္ရာေတြ တားျမစ္ထားတဲ့ စည္းကမ္းေတြကို လိုက္နာခဲ့ျပီး အဝတ္လဲခန္းေတြကို မသံုးပဲ ယာယီ အဝတ္လဲ ဧရိယာအျဖစ္ ကားပါကင္နားမွာ ေနရာတစ္ခုကို အသံုးျပဳခဲ့ၾကတယ္။ ပြဲမွာ ေဘာလံုးေကာင္ေတြ မပါခဲ့သလို ကြင္းလယ္ဒိုင္ေတြအျဖစ္ သက္ဆိုင္ရာ နည္းျပေတြက ဝင္လုပ္ခဲ့တာျဖစ္တယ္။ ေရေသာက္ အနားယူခ်ိန္ေတြကိုလည္း ထည့္သြင္းခဲ့ပါတယ္။

အျခားတစ္ပြဲအျဖစ္ ယူႏုိက္တက္ ျပိဳင္ဘက္ စပါးကလည္း ဟယ္ရီကိန္း ပါဝင္လာတဲ့ လူစာရင္းနဲ႔ ခ်စ္ၾကည္ေရးပြဲ ကစားမႈကို လုပ္ခဲ့တယ္။ ၄င္းတို႔က ေနာ္ဝစ္နဲ႔ ကစားခဲ့တာျဖစ္ျပီး စပါးက အေရးနိမ့္သြားခဲ့ပါတယ္။