NEWS: ဘောလုံးကွင်းထဲ ပရိသတ် ဘယ်လောက် ဝင်ခွင့်ပေးမလဲ ပရီးမီးယားလိဂ် ဆွေးနွေးမည်

UNICODE – ပရီးမီးယားလိဂ်ဟာ အကြံပေးအဖွဲ့တစ်ဖွဲ့ရဲ့ အကူအညီနဲ့အတူ ကစားကွင်းတွေထဲ ပရိသတ် အချို့ကို ပြန်ဝင်ခွင့် ပြုဖို့ကိစ္စ ဖြစ်နိုင်သလား အနေအထားကို ဆွေးနွေးမှု လုပ်ဖို့ စီစဉ်နေကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

လက်ျန် ပရီးမီးယားလိဂ်ပွဲ ၉၂ ပွဲကိုတော့ မူလအစီအစဉ်အတိုင်း ကွင်းပိတ်ကစားမှုတွေပဲ ဆက်လုပ်သွားမှာပါ။ ကိုရိုနာဗိုင်းရပ် ဒုတိယလှိုင်းမှာ ကူးစက်မှုတွေ မြင့်တက်မလာဖို့ လက်ရှိ အချိန်ထိတော့ ပရိသတ် မပါဘဲ ကစားဖို့ကို လိဂ်တာဝန်ရှိသူတွေ လက်ခံထားဆဲဖြစ်တယ်။

သို့ပေမယ့် လာလီဂါဥက္ကဌ တီဘက်စ်ရဲ့ ကွင်းအတွင်း ပရိသတ်တွေကို ၁၀% မှသည် ၁၅% ထိ ဝင်ခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလားဆိုတဲ့ ပြောဆိုမှုကြောင့် ကွင်းထဲ ပရိသတ် ဝင်ခွင့်ပြုဖို့ ကိစ္စက ဆွေးနွေးစရာတွေ ဖြစ်လာခဲ့တယ်။ တီဘက်စ်က ဒီရာသီအတွင်း ပရိသတ် ဝင်ခွင့်ပေးဖို့ အဆိုပြုမှု စလုပ်လာပေမယ့် စပိန်ဘက်က လက်ခံဖွယ်တော့ မရှိပါဘူး။

လိဂ်တွေကတော့ ဒီနှစ်အတွင်း နောက်ထပ် ဘောလုံးရာသီ ပြန်စတင်တဲ့အခါ ပရိသတ် အနည်းငယ်ကို ဝင်ခွင့်ပေးဖို့ဆိုတဲ့ အနေအထားကို မျှော်လင့်လာကြတာဖြစ်တယ်။

ဗုဒ္ဓဟူးနေ့တုန်းက ပရီးမီးယားလိဂ်ဟာ အားကစားဝန်ကြီး Nigel Huddleston နဲ့ လက်ထောက် ကျန်းမာရေးဆိုင်ရာ အရာရှိ Jonathan Van-Tam တို့နဲ့ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့တယ်။ ဒါ့အပြင် အခြားသော အားကစားတွေဖြစ်တဲ့ ခရစ်ကတ်၊ ရူဘီနဲ့ မြင်းစီး ဆိုင်ရာ အားကစားအဖွဲ့တွေနဲ့ တွေ့ဆုံပြီး ကွင်းအတွင်း ပရိသတ် ဝင်ခွင့်ပေးဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ အစီအစဉ်ပြီးတဲ့နောက် ပရီးမီးယားလိဂ်က အကြံပေးအဖွဲ့နဲ့အတူ ပရိသတ် အနည်းငယ်ကို ကွင်းထဲ ဝင်ခွင့်ပေးဖို့ ဖြစ်နိုင်မလားကို ဆက်လက် ဆွေးနွေးဖို့ စတင်လာခဲ့တာဖြစ်တယ်။ ဒီအစီအစဉ်ကိုတော့ လာမယ့်အပတ် ပရီးမီးယားလိ၈် ရှယ်ယာရှင်များ အစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ဟာ အၾကံေပးအဖြဲ႔တစ္ဖြဲ႔ရဲ႕ အကူအညီနဲ႔အတူ ကစားကြင္းေတြထဲ ပရိသတ္ အခ်ိဳ႔ကို ျပန္ဝင္ခြင့္ ျပဳဖို႔ကိစၥ ျဖစ္ႏုိင္သလား အေနအထားကို ေဆြးေႏြးမႈ လုပ္ဖို႔ စီစဥ္ေနေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

လက္်န္ ပရီးမီးယားလိဂ္ပြဲ ၉၂ ပြဲကိုေတာ့ မူလအစီအစဥ္အတိုင္း ကြင္းပိတ္ကစားမႈေတြပဲ ဆက္လုပ္သြားမွာပါ။ ကိုရိုနာဗုိင္းရပ္ ဒုတိယလိႈင္းမွာ ကူးစက္မႈေတြ ျမင့္တက္မလာဖို႔ လက္ရွိ အခ်ိန္ထိေတာ့ ပရိသတ္ မပါဘဲ ကစားဖို႔ကို လိဂ္တာဝန္ရွိသူေတြ လက္ခံထားဆဲျဖစ္တယ္။

သို႔ေပမယ့္ လာလီဂါဥကၠဌ တီဘက္စ္ရဲ႕ ကြင္းအတြင္း ပရိသတ္ေတြကို ၁၀% မွသည္ ၁၅% ထိ ဝင္ခြင့္ေပးဖို႔ မျဖစ္ႏုိင္ဘူးလားဆိုတဲ့ ေျပာဆိုမႈေၾကာင့္ ကြင္းထဲ ပရိသတ္ ဝင္ခြင့္ျပဳဖို႔ ကိစၥက ေဆြးေႏြးစရာေတြ ျဖစ္လာခဲ့တယ္။ တီဘက္စ္က ဒီရာသီအတြင္း ပရိသတ္ ဝင္ခြင့္ေပးဖို႔ အဆိုျပဳမႈ စလုပ္လာေပမယ့္ စပိန္ဘက္က လက္ခံဖြယ္ေတာ့ မရွိပါဘူး။

လိဂ္ေတြကေတာ့ ဒီႏွစ္အတြင္း ေနာက္ထပ္ ေဘာလံုးရာသီ ျပန္စတင္တဲ့အခါ ပရိသတ္ အနည္းငယ္ကို ဝင္ခြင့္ေပးဖို႔ဆိုတဲ့ အေနအထားကို ေမွ်ာ္လင့္လာၾကတာျဖစ္တယ္။

ဗုဒၶဟူးေန႔တုန္းက ပရီးမီးယားလိဂ္ဟာ အားကစားဝန္ၾကီး Nigel Huddleston နဲ႔ လက္ေထာက္ က်န္းမာေရးဆိုင္ရာ အရာရွိ Jonathan Van-Tam တို႔နဲ႔ ေတြ႔ဆံု ေဆြးေႏြးမႈ လုပ္ခဲ့တယ္။ ဒါ့အျပင္ အျခားေသာ အားကစားေတြျဖစ္တဲ့ ခရစ္ကတ္၊ ရူဘီနဲ႔ ျမင္းစီး ဆိုင္ရာ အားကစားအဖြဲ႔ေတြနဲ႔ ေတြ႔ဆံုျပီး ကြင္းအတြင္း ပရိသတ္ ဝင္ခြင့္ေပးဖို႔ ကိစၥေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

အဆိုပါ အစီအစဥ္ျပီးတဲ့ေနာက္ ပရီးမီးယားလိဂ္က အၾကံေပးအဖြဲ႔နဲ႔အတူ ပရိသတ္ အနည္းငယ္ကို ကြင္းထဲ ဝင္ခြင့္ေပးဖို႔ ျဖစ္ႏုိင္မလားကို ဆက္လက္ ေဆြးေႏြးဖို႔ စတင္လာခဲ့တာျဖစ္တယ္။ ဒီအစီအစဥ္ကိုေတာ့ လာမယ့္အပတ္ ပရီးမီးယားလိ၈္ ရွယ္ယာရွင္မ်ား အစည္းအေဝးမွာ ထည့္သြင္း ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။