NEWS: မန်စီးတီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်ရာသီ ပွဲပယ်ခံရတဲ့ နောက်ထပ် အသင်း ထွက်ပေါ်

UNICODE – တူရကီ စူပါလိဂ်ကို ဦးဆောင်ထားတဲ့ ထရပ်ဇွန်စပေါ အသင်းဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်း ချိုးဖောက်မှုကြောင့် ဥရောပ ပွဲပယ်ခံရတော့မှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ ယူအီးအက်ဖ်အေက ထရပ်ဇွန်စပေါအသင်းဟာ သဘောတူညီမှုဆိုင်ရာကို ဖောက်ဖျက်ပြီး ဝင်ငွေ ဟန်ချက်ညီမှုကို မပြနိုင်ခြင်းကြောင့် လာမယ့် နှစ်ရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာ ဘမ်းခံရမယ်လို့ ကြေညာခဲ့တာဖြစ်တယ်။

ထရပ်ဇွန်စပေါက မှန်ကန်တဲ့ အချက်အလက်တွေကို တင်ပြနိုင်ဖို့ လိုပေမယ့် ယူအီးအက်ဖ်အေ တောင်းဆိုတဲ့ အချက်အလက်တွေကို မပြသနိုင်ခြင်းကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွေကို ဘမ်းခံရတာဖြစ်တယ်။ အဓိက အကြောင်းရင်းမှာ ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ငွေစာရင်းတွေကို ရှင်းလင်းအောင် မလုပ်ပေးနိုင်ခြင်းလည်း ဖြစ်ပါတယ်။

ထရပ်ဇွန်စပေါ့ကတော့ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို သိရှိရကြောင်းနဲ့ ဆုံးဖြတ်ချက်ကို လေးစားပေမယ့် လက်သင့်ခံမှာ မဟုတ်ဘဲ ကလပ်ရဲ့ ရှေ့နေတွေကနေ ဆုံးဖြတ်ချက်နဲ့ ပက်သက်လို့ စစ်ဆေးမှု ပြုလုပ်မှာဖြစ်တယ်။ စွပ်စွဲမှုကိုကို ၁၀ ရက်အတွင်း ပြန်ရင်ဆိုင်နိုင်အောင် ကြိုးစားမှာဖြစ်ကြောင်း ကြေညာတယ်။

ယူအီးအက်ဖ်အေက မန်စီးတီးနဲ့ အေစီမီလန်တို့ကိုလည်း ဥရောပ ပြိုင်ပွဲတွေကနေ ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ထားပါတယ်။ မန်စီးတီးကတော့ ဇွန် ၈-၁၀ မှာ အယူခံကိစ္စ ဆုံးဖြတ်ချက် ရမှာဖြစ်ပြီး ထရပ်ဇွန်စပေါကလည်း မန်စီးတီး လမ်းစဉ်အတိုင်း အယူခံဝင်မှာဖြစ်ကာ တစ်နှစ် ပြစ်ဒဏ်ကို လျော့ချနိုင်လိမ့်မယ်လို့ တူရကီ သတင်းတွေက ဖော်ပြထားကြတယ်။

ယူအီးအက်ဖ်အေရဲ့ စစ်ဆေးမှုတွေ စတင်ချိန်မှာ မန်စီးတီးက ပူးပေါင်းမှု လုပ်ပေးဖို့ ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းမှာ ၂ နှစ် ဥရောပပွဲပယ် ချခံရစဉ်မှာတော့ အားကစားခုံရုံးထက် အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – တူရကီ စူပါလိဂ္ကို ဦးေဆာင္ထားတဲ့ ထရပ္ဇြန္စေပါ အသင္းဟာ ယူအီးအက္ဖ္ေအရဲ႕ ဘ႑ာေရးဆိုင္ရာ စည္းကမ္း ခ်ိဳးေဖာက္မႈေၾကာင့္ ဥေရာပ ပြဲပယ္ခံရေတာ့မွာ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔မွာပဲ ယူအီးအက္ဖ္ေအက ထရပ္ဇြန္စေပါအသင္းဟာ သေဘာတူညီမႈဆိုင္ရာကို ေဖာက္ဖ်က္ျပီး ဝင္ေငြ ဟန္ခ်က္ညီမႈကို မျပႏုိင္ျခင္းေၾကာင့္ လာမယ့္ ႏွစ္ရာသီ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲေတြမွာ ဘမ္းခံရမယ္လို႔ ေၾကညာခဲ့တာျဖစ္တယ္။

ထရပ္ဇြန္စေပါက မွန္ကန္တဲ့ အခ်က္အလက္ေတြကို တင္ျပႏုိင္ဖို႔ လိုေပမယ့္ ယူအီးအက္ဖ္ေအ ေတာင္းဆိုတဲ့ အခ်က္အလက္ေတြကို မျပသႏုိင္ျခင္းေၾကာင့္ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီနဲ႔ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီေတြကို ဘမ္းခံရတာျဖစ္တယ္။ အဓိက အေၾကာင္းရင္းမွာ ၂၀၁၉ ခုႏွစ္ ဘ႑ာေရးႏွစ္ရဲ႕ ေငြစာရင္းေတြကို ရွင္းလင္းေအာင္ မလုပ္ေပးႏုိင္ျခင္းလည္း ျဖစ္ပါတယ္။

ထရပ္ဇြန္စေပါ့ကေတာ့ ယူအီးအက္ဖ္ေအရဲ႕ ဆံုးျဖတ္ခ်က္ကို သိရွိရေၾကာင္းနဲ႔ ဆံုးျဖတ္ခ်က္ကို ေလးစားေပမယ့္ လက္သင့္ခံမွာ မဟုတ္ဘဲ ကလပ္ရဲ႕ ေရွ႔ေနေတြကေန ဆံုးျဖတ္ခ်က္နဲ႔ ပက္သက္လို႔ စစ္ေဆးမႈ ျပဳလုပ္မွာျဖစ္တယ္။ စြပ္စြဲမႈကိုကို ၁၀ ရက္အတြင္း ျပန္ရင္ဆုိင္ႏိုင္ေအာင္ ၾကိဳးစားမွာျဖစ္ေၾကာင္း ေၾကညာတယ္။

ယူအီးအက္ဖ္ေအက မန္စီးတီးနဲ႔ ေအစီမီလန္တို႔ကိုလည္း ဥေရာပ ျပိဳင္ပြဲေတြကေန ပြဲပယ္ျပစ္ဒဏ္ေတြ ခ်မွတ္ထားပါတယ္။ မန္စီးတီးကေတာ့ ဇြန္ ၈-၁၀ မွာ အယူခံကိစၥ ဆံုးျဖတ္ခ်က္ ရမွာျဖစ္ျပီး ထရပ္ဇြန္စေပါကလည္း မန္စီးတီး လမ္းစဥ္အတိုင္း အယူခံဝင္မွာျဖစ္ကာ တစ္ႏွစ္ ျပစ္ဒဏ္ကို ေလ်ာ့ခ်ႏုိင္လိမ့္မယ္လို႔ တူရကီ သတင္းေတြက ေဖာ္ျပထားၾကတယ္။

ယူအီးအက္ဖ္ေအရဲ႕ စစ္ေဆးမႈေတြ စတင္ခ်ိန္မွာ မန္စီးတီးက ပူးေပါင္းမႈ လုပ္ေပးဖို႔ ျငင္းဆန္ခဲ့ျပီး ေနာက္ပိုင္းမွာ ၂ ႏွစ္ ဥေရာပပြဲပယ္ ခ်ခံရစဥ္မွာေတာ့ အားကစားခံုရံုးထက္ အယူခံဝင္ခဲ့တာ ျဖစ္ပါတယ္။