မန်စီးတီးက ချန်ပီယံလိဂ်ဖလား အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကြွေးကြော်တဲ့ မာရက်စ်

UNICODE – မန်စီးတီးတိုက်စစ်သမား မားရက်စ်ကတော့ ဒီရာသီမှာ ၎င်းတို့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို အောင်မြင်ဖို့ အခြေအနေကောင်းမှာ ရှိနေတယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလာပါတယ်။

မန်နေဂျာ ဂွာဒီယိုလာက ဘာစီလိုနာ၊ ဘိုင်ယန်မြူနစ်လို အသင်းကောင်းတွေ ရှိနေသေးတာကြောင့် ချန်ပီယံဖြစ်ဖို့ဆိုတာ ခက်ခဲမယ်လို့ ပြောဆိုထားပေမယ့်လည်း မာရက်စ်ကတော့ မန်စီးတီးရဲ့ အင်အားက ချန်ပီယံလိဂ်ဖလားကို ယှဉ်ပြိုင်ဖို့ လုံလောက်နေပြီလို့ ပြောဆိုလိုက်တာပါ။

မားရက်စ်က “ ချန်ပီယံလိဂ်ဖလားကို အနိုင်ယူဖို့ အချိန်ကောင်းလို့ ကျနော် ထင်တယ်။ အဲ့လိုလုပ်ဖို့လည်း ကျနေ်ာတို့မှာ အသင်းရှိတယ်၊ မန်နေဂျာရှိတယ်၊ အရာအားလုံး ပိုင်ဆိုင်ထားတယ်၊ အခုချိန်က အချိန်ကောင်းလို့ ထင်ပါတယ်။

ကျနေ်ာတို့က အကောင်းဆုံး ဖြစ်မလားဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလား အနိုင်ရအောင်တော့ လုံလောက်အောင် ကောင်းမွန်မှု ရှိပါတယ်။ ချန်ပီယံလိဂ်က ခက်ခဲပြီး အသင်းတိုင်းကလည်း အနိုင်ယူလိုကြတယ်။ ဒါက သိပ်ကြီးမားတဲ့ ပြိုင်ဆိုင်မှု ဖြစ်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

မာရက်စ်က ပြန်လည်စတင်တော့မယ့် ပရီးမီးယားလိဂ်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ မန်စီးတီးနဲ့အတူ လေ့ကျင့်ရေး ဆင်းနေပါပြီ။ ဇွန်လ ၁၇ ရက်မှာတော့ မန်စီးတီးဟာ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့မှုနဲ့အတူ ပရီးမီးယားလိဂ်ကို ပြန်လည် ကစားရဖို့ ရှိနေပါတယ်။

“ ဘောလုံးမရှိတာ အချိန်အတော် ကြာခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည် ကစားဖို့ ကျနေ်ာတို့ အထိုင်ကျရပါမယ်။ အဲ့တာက ကောင်းပါတယ်။ ကပ်ဘေးကြားမှာ နေအိမ်တွင်း လေ့ကျင့်ရေးတွေ၊ အွန်လိုင်းကနေ အဖွဲ့လိုက် လေ့ကျင့်ရေးတွေ လုပ်ခဲ့ကြပြီး အခုချိန်မှာတော့ လေ့ကျင့်ရေးကွင်းတွေထံ ပြန်လာခဲ့ကြပြီဖြစ်ပါတယ်။

တစ်လှမ်းခြင်းသွားရတာက ပိုကောင်းလာပြီလို့ ထင်ပါတယ်။ အသင်းဖော်တွေနဲ့ နည်းပြတွေကို ထိပ်ပြီး တွေ့ရတာ သိပ်ကောင်းပါတယ်။ အသင်းဖော်တွေနဲ့အတူ ပြန်လေ့ကျင့်ခွင့်ရပြီး ရာသီဥတုကလည်း ကောင်းမွန်မှု ရှိပါတယ် ” လို့ မားရက်စ်က ပြောဆိုခဲ့ပါတယ်။

ZAWGYI – မန္စီးတီးတိုက္စစ္သမား မားရက္စ္ကေတာ့ ဒီရာသီမွာ ၄င္းတို႔အသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို ေအာင္ျမင္ဖို႔ အေျခအေနေကာင္းမွာ ရွိေနတယ္လို႔ ယံုၾကည္ေၾကာင္း ထုတ္ေျပာလာပါတယ္။

မန္ေနဂ်ာ ဂြာဒီယိုလာက ဘာစီလိုနာ၊ ဘိုင္ယန္ျမဴနစ္လို အသင္းေကာင္းေတြ ရွိေနေသးတာေၾကာင့္ ခ်န္ပီယံျဖစ္ဖို႔ဆိုတာ ခက္ခဲမယ္လို႔ ေျပာဆိုထားေပမယ့္လည္း မာရက္စ္ကေတာ့ မန္စီးတီးရဲ႕ အင္အားက ခ်န္ပီယံလိဂ္ဖလားကို ယွဥ္ျပိဳင္ဖို႔ လံုေလာက္ေနျပီလို႔ ေျပာဆိုလုိက္တာပါ။

မားရက္စ္က “ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ယူဖို႔ အခ်ိန္ေကာင္းလို႔ က်ေနာ္ ထင္တယ္။ အဲ့လိုလုပ္ဖို႔လည္း က်ေန္ာတို႔မွာ အသင္းရွိတယ္၊ မန္ေနဂ်ာရွိတယ္၊ အရာအားလံုး ပိုင္ဆုိင္ထားတယ္၊ အခုခ်ိန္က အခ်ိန္ေကာင္းလို႔ ထင္ပါတယ္။

က်ေန္ာတို႔က အေကာင္းဆံုး ျဖစ္မလားဆိုတာေတာ့ မသိပါဘူး။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရေအာင္ေတာ့ လံုေလာက္ေအာင္ ေကာင္းမြန္မႈ ရွိပါတယ္။ ခ်န္ပီယံလိဂ္က ခက္ခဲျပီး အသင္းတိုင္းကလည္း အႏုိင္ယူလိုၾကတယ္။ ဒါက သိပ္ၾကီးမားတဲ့ ျပိဳင္ဆိုင္မႈ ျဖစ္ပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

မာရက္စ္က ျပန္လည္စတင္ေတာ့မယ့္ ပရီးမီးယားလိဂ္ပြဲကို ပါဝင္ယွဥ္ျပိဳင္ဖို႔ မန္စီးတီးနဲ႔အတူ ေလ့က်င့္ေရး ဆင္းေနပါျပီ။ ဇြန္လ ၁၇ ရက္မွာေတာ့ မန္စီးတီးဟာ အာဆင္နယ္နဲ႔ ထိပ္တိုက္ေတြ႔မႈနဲ႔အတူ ပရီးမီးယားလိဂ္ကို ျပန္လည္ ကစားရဖို႔ ရွိေနပါတယ္။

“ ေဘာလံုးမရွိတာ အခ်ိန္အေတာ္ ၾကာခဲ့ပါတယ္။ ဒါေပမယ့္ ျပန္လည္ ကစားဖို႔ က်ေန္ာတို႔ အထိုင္က်ရပါမယ္။ အဲ့တာက ေကာင္းပါတယ္။ ကပ္ေဘးၾကားမွာ ေနအိမ္တြင္း ေလ့က်င့္ေရးေတြ၊ အြန္လိုင္းကေန အဖြဲ႔လိုက္ ေလ့က်င့္ေရးေတြ လုပ္ခဲ့ၾကျပီး အခုခ်ိန္မွာေတာ့ ေလ့က်င့္ေရးကြင္းေတြထံ ျပန္လာခဲ့ၾကျပီျဖစ္ပါတယ္။

တစ္လွမ္းျခင္းသြားရတာက ပိုေကာင္းလာျပီလို႔ ထင္ပါတယ္။ အသင္းေဖာ္ေတြနဲ႔ နည္းျပေတြကို ထိပ္ျပီး ေတြ႔ရတာ သိပ္ေကာင္းပါတယ္။ အသင္းေဖာ္ေတြနဲ႔အတူ ျပန္ေလ့က်င့္ခြင့္ရျပီး ရာသီဥတုကလည္း ေကာင္းမြန္မႈ ရွိပါတယ္ ” လို႔ မားရက္စ္က ေျပာဆိုခဲ့ပါတယ္။