ဘာစီလိုနာကို ၂-၁ နဲ့ အနိုင်ရပြီး ပျော်မဆုံးဖြစ်ရတဲ့ အခိုက်အတန့်ကို ဝီရှိုင်းယား ထုတ်ပြော

UNICODE – မန်နေဂျာဟောင်း အာဆင်ဝင်းဂါးလက်ထက်မှာတော့ အာဆင်နယ်ဟာ ဥရောပရဲ့ အသင်းကောင်း တစ်သင်းဖြစ်ပြီး တိုက်စစ်အသားပေးမှုမှာ ကစားပုံကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ ၁၉ နှစ်သားလေး ဂျက်ဝီရှိုင်းယား ပါဝင်တဲ့ အာဆင်နယ်က ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ၂-၁ နဲ့ အနိုင်ယူခဲ့ပါတယ်။ အမ်းမရိတ်ကွင်းမှာ ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီတို့ပါတဲ့ ဘာစီလိုနာကို တိုက်စစ်ကစားမှုနဲ့အတူ အနိုင်ရလဒ် ထွက်ပေါ်အောင် လုပ်ပြနိုင်ခဲ့တာပါ။

အဲ့တုန်းက အာဆင်နယ် အဝတ်လဲခန်းက အခြေအနေနဲ့အတူ ထိုစဉ် ဘာစီလိုနာ မန်နေဂျာ ဂွာဒိယိုလာက ဒုတိယအကျော့ မတိုင်ခင် စိတ်ဓါတ် စစ်ဆင်ရေး လုပ်ခဲ့မှုကို ဂျက်ဝီရှိုင်းယားက ပြန်ပြောပြခဲ့တယ်။

ဂျက်က ပြောပြရာမှာ ” အဝတ်လဲခန်းထဲက ရေချိုးကန်ထဲမှာ ရှက်ဇနီ (အာဆင်နယ် ဂိုးသမားဟောင်း) နဲ့အတူ ထိုင်ခဲ့တယ်။ သူက ကျနေ်ာတို့ကို ‘ငါတို့ ဘာစီလိုနာကို အနိုင်ယူခဲ့တာကွ’ လို့ ပြောတကို မှတ်မိပါသေးတယ်။

ဘာစီလိုနာဆိုတာ မက်ဆီ၊ ဒေးဗစ်ဗီလာ၊ ပက်ဒရို၊ ဇာဗီနဲ့ အင်နီယေစတာတို့ရှိပြီး သူတို့ကို ကြည့်ရင်း ကျနေ်ာတို့က ကြီးပြင်းလာရတာပါ။ သူတို့ကို အနိုင်ယူနိုင်ခဲ့တာက သိပ်ကောင်းပါတယ်။ မယုံနိုင်တဲ့ ခံစားမှုပါပဲ။ အဲ့ပွဲပြီးတော့ သီတင်းပတ်အကုန်မှာ ကျနေ်ာတို့ ကစားဖို့ ပွဲမရှိတာကိုတောင် မှတ်မိပါသေးတယ်။

ဒုတိယအကျော့ မတိုင်ခင် လူတွေပြောကြတာကို မှတ်မိပါသေးတယ်။ ‘ဂျက် ဝီရှိုင်းယားက ဘလာ ဘလာ ဘလာ ပေါ့’။ ပပ် ဂွာဒီယိုလာကလည်း ကျနော်ကို နိမ့်ခဲ့သေးတာလေ။ ပပ်ကပဲ ‘ဂျက်ဝီရှိုင်းယာက ကောင်းပေမယ့် ဘာစီလိုနာ အရန်အသင်းမှာ သူ့လို ကစားသမားတွေ အများကြီးရှိတယ်’ ဆိုပြီး ကျနေ်ာနဲ့ ပက်သက်လို့ ပြောခဲ့သေးတာ ” ဆိုပြီး ပြောပြခဲ့တာဖြစ်တယ်။

ZAWGYI – မန္ေနဂ်ာေဟာင္း အာဆင္ဝင္းဂါးလက္ထက္မွာေတာ့ အာဆင္နယ္ဟာ ဥေရာပရဲ႕ အသင္းေကာင္း တစ္သင္းျဖစ္ျပီး တိုက္စစ္အသားေပးမႈမွာ ကစားပံုေကာင္းတဲ့ အသင္းတစ္သင္း ျဖစ္ခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္မွာေတာ့ ၁၉ ႏွစ္သားေလး ဂ်က္ဝီရိႈင္းယား ပါဝင္တဲ့ အာဆင္နယ္က ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာကို ၂-၁ နဲ႔ အႏုိင္ယူခဲ့ပါတယ္။ အမ္းမရိတ္ကြင္းမွာ ဇာဗီ၊ အင္နီေယစတာ၊ မက္ဆီတို႔ပါတဲ့ ဘာစီလိုနာကို တိုက္စစ္ကစားမႈနဲ႔အတူ အႏုိင္ရလဒ္ ထြက္ေပၚေအာင္ လုပ္ျပႏုိင္ခဲ့တာပါ။

အဲ့တုန္းက အာဆင္နယ္ အဝတ္လဲခန္းက အေျခအေနနဲ႔အတူ ထိုစဥ္ ဘာစီလိုနာ မန္ေနဂ်ာ ဂြာဒိယိုလာက ဒုတိယအေက်ာ့ မတိုင္ခင္ စိတ္ဓါတ္ စစ္ဆင္ေရး လုပ္ခဲ့မႈကို ဂ်က္ဝီရိႈင္းယားက ျပန္ေျပာျပခဲ့တယ္။

ဂ်က္က ေျပာျပရာမွာ ” အဝတ္လဲခန္းထဲက ေရခ်ိဳးကန္ထဲမွာ ရွက္ဇနီ (အာဆင္နယ္ ဂိုးသမားေဟာင္း) နဲ႔အတူ ထိုင္ခဲ့တယ္။ သူက က်ေန္ာတို႔ကို ‘ငါတို႔ ဘာစီလိုနာကို အႏုိင္ယူခဲ့တာကြ’ လို႔ ေျပာတကို မွတ္မိပါေသးတယ္။

ဘာစီလိုနာဆိုတာ မက္ဆီ၊ ေဒးဗစ္ဗီလာ၊ ပက္ဒရို၊ ဇာဗီနဲ႔ အင္နီေယစတာတို႔ရွိျပီး သူတို႔ကို ၾကည့္ရင္း က်ေန္ာတုိ႔က ၾကီးျပင္းလာရတာပါ။ သူတို႔ကုိ အႏုိင္ယူႏုိင္ခဲ့တာက သိပ္ေကာင္းပါတယ္။ မယံုႏုိင္တဲ့ ခံစားမႈပါပဲ။ အဲ့ပြဲျပီးေတာ့ သီတင္းပတ္အကုန္မွာ က်ေန္ာတို႔ ကစားဖို႔ ပြဲမရွိတာကိုေတာင္ မွတ္မိပါေသးတယ္။

ဒုတိယအေက်ာ့ မတိုင္ခင္ လူေတြေျပာၾကတာကို မွတ္မိပါေသးတယ္။ ‘ဂ်က္ ဝီရိႈင္းယားက ဘလာ ဘလာ ဘလာ ေပါ့’။ ပပ္ ဂြာဒီယိုလာကလည္း က်ေနာ္ကို နိမ့္ခဲ့ေသးတာေလ။ ပပ္ကပဲ ‘ဂ်က္ဝီရိႈင္းယာက ေကာင္းေပမယ့္ ဘာစီလိုနာ အရန္အသင္းမွာ သူ႔လို ကစားသမားေတြ အမ်ားၾကီးရွိတယ္’ ဆိုျပီး က်ေန္ာနဲ႔ ပက္သက္လို႔ ေျပာခဲ့ေသးတာ ” ဆိုျပီး ေျပာျပခဲ့တာျဖစ္တယ္။