အစ်ဟာလို တရုတ်ကို ပြန်တော့မှာဖြစ်လို့ ဝါနာလား ဒမ်ဘီလီလား ရွေးရတော့မယ့် ယူနိုက်တက်

UNICODE – နိုင်ဂျီးရီးယား လက်ရွေးစင်ဟောင်း အစ်ဟာလိုဟာ အိုထရတ်ဖိုဒ့်မှာ မျှော်လင့်ထားတာထက် ပိုကောင်းကောင်း စွမ်းဆောင်ပြနိုင်ခဲ့ပေမယ့် ကိုရိုနာကပ်ဘေးကြောင့် ပွဲတွေ အများကြီး ကစားခွင့်မရပဲ တရုတ်ကို ပြန်ရတော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့ပြီး ယူနိုက်တက် အမာခံပရိသတ်လည်းဖြစ်တဲ့ အစ်ဟာလိုက အိပ်မက်တွေထဲမှာ ရှင်သန်ရတာက သိပ်ကို ထူးခြားတယ်လို့ ဝန်ခံခဲ့တယ်။ ရပ်ဖိုဒ့် ဒဏ်ရာရနေစဉ် လက်ကျန် ရာသီဝက်အတွက် ရည်ရွယ်ပြီး အစ်ဟာလိုကို ခေါ်ယူခဲ့ပေမယ့် အင်္ဂလန်သား တိုက်စစ်သမားက ပြန်ကစားနိုင်ပြီဖြစ်သလို အစ်ဟာလိုကို အပြီးသတ် ခေါ်ယူရေး ရှေ့မတိုးဖို့ကိုလည်း ယူနိုက်တက်က ဆုံးဖြတ်ခဲ့ပါပြီ။

ကိုရိုနာ ကပ်ဘေးမတိုင်ခင် ယူနိုက်တက်အတွက် ၈ ပွဲ ကစားခွင့်ရခဲ့ပြီး နောက်ဆုံးပွဲအဖြစ် LASK နဲ့ပွဲမှာ အဆုံးသတ်မှုကောင်းကို ပြသနိုင်ခဲ့တယ်။ သူ့ရဲ့ စာချုပ်က မေလအကုန်မှာ ကုန်ဆုံးသွားပါမယ်။ ယူနိုက်တက်က ရာသီ အကုန်ထိ သက်တမ်းတိုးလိုပေမယ့် မိခင်ကလပ်ဖြစ်တဲ့ ရှန်ဟိုင်း ရှန်ဟွာအသင်းက အစ်ဟာလိုကို တရုတ်စူပါလိဂ်ထံ ပြန်ခေါ်လိုနေတာဖြစ်တယ်။

တရုတ်ကလပ်က အစ်ဟာလိုကို တစ်ပတ် ပေါင် ၄ သိန်းပေးမယ့် သုံးနှစ်ခွဲ သက်တမ်းတိုးစာချုပ်သစ်ကို ကမ်းလှမ်းထားပြီး ၎င်းတို့အသင်းမှာပဲ ကာလရှည် ဆက်ထားတော့မှာ ဖြစ်ပါတယ်။ အစ်ဟာလို ယူနိုက်တက်မှာ ရှိနေစဉ်မှာ မန်နေဂျာဆိုးရှားက တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်သမား စစ်စစ်ကို အသုံးပြုခွင့်ကို ရရှိခဲ့တယ်။ ဒါက အနာဂတ်အတွက် တိုက်စစ်သမား ရှာဖွေမှုအတွက် အကျိုးဖြစ်ထွန်းခဲ့တယ်။

လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီ (၂၃ နှစ်)ဟာ ယူနိုက်တက် စိတ်ကြိုက်တွေ့တဲ့ တိုက်စစ်သမားဖြစ်သလို လိုက်ဇစ်မှ တီမို ဝါနာ (၂၄ နှစ်) ကိုလည်း ယူနိုက်တက်က အလိုရှိပါတယ်။ အပြောင်းအရွှေ့မှာ ကစားသမားတွေအတွက် ပေါင်သန်း ရာချီ အသုံးပြုမှုတွေ ရှိဖို့ မမြင်ပေမယ့် သူတို့လို တိုက်စစ်သမားတွေကို ပေါင် သန်း ၅၀ မကျော်တဲ့ ပမာဏတွေနဲ့ ခေါ်ယူနိုင်မှာပါ။

ဒမ်ဘီလီကို ခေါ်ယူဖို့ ချယ်ဆီးက အဓိက ကြိုးစားနေတာဖြစ်ပြီး လိုင်ယွန်ဥက္ကဌနဲ့ ဆက်သွယ်မှုတွေတောင် ရှိထားပါတယ်။ ဝါနာကို ခေါ်ယူဖို့ကတော့ လီဗာပူးက သတင်းကြီးနေတာဖြစ်ပြီး ပြိုင်ဘက်တွေနဲ့အပြိုင် ဘက်တိုက်စစ်သမားကို ဦးစားပေးအဖြစ် ရွေးမလဲ ယူနိုက်တက်က ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

ZAWGYI – ႏုိင္ဂ်ီးရီးယား လက္ေရြးစင္ေဟာင္း အစ္ဟာလိုဟာ အိုထရတ္ဖိုဒ့္မွာ ေမွ်ာ္လင့္ထားတာထက္ ပိုေကာင္းေကာင္း စြမ္းေဆာင္ျပႏုိင္ခဲ့ေပမယ့္ ကိုရိုနာကပ္ေဘးေၾကာင့္ ပြဲေတြ အမ်ားၾကီး ကစားခြင့္မရပဲ တရုတ္ကို ျပန္ရေတာ့မွာ ျဖစ္ပါတယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ေခၚယူခဲ့ျပီး ယူႏုိက္တက္ အမာခံပရိသတ္လည္းျဖစ္တဲ့ အစ္ဟာလိုက အိပ္မက္ေတြထဲမွာ ရွင္သန္ရတာက သိပ္ကို ထူးျခားတယ္လို႔ ဝန္ခံခဲ့တယ္။ ရပ္ဖိုဒ့္ ဒဏ္ရာရေနစဥ္ လက္က်န္ ရာသီဝက္အတြက္ ရည္ရြယ္ျပီး အစ္ဟာလိုကို ေခၚယူခဲ့ေပမယ့္ အဂၤလန္သား တိုက္စစ္သမားက ျပန္ကစားႏုိင္ျပီျဖစ္သလို အစ္ဟာလိုကို အျပီးသတ္ ေခၚယူေရး ေရွ႔မတိုးဖို႔ကိုလည္း ယူႏုိက္တက္က ဆံုးျဖတ္ခဲ့ပါျပီ။

ကိုရိုနာ ကပ္ေဘးမတိုင္ခင္ ယူႏုိက္တက္အတြက္ ၈ ပြဲ ကစားခြင့္ရခဲ့ျပီး ေနာက္ဆံုးပြဲအျဖစ္ LASK နဲ႔ပြဲမွာ အဆံုးသတ္မႈေကာင္းကို ျပသႏုိင္ခဲ့တယ္။ သူ႔ရဲ႕ စာခ်ဳပ္က ေမလအကုန္မွာ ကုန္ဆံုးသြားပါမယ္။ ယူႏုိက္တက္က ရာသီ အကုန္ထိ သက္တမ္းတိုးလိုေပမယ့္ မိခင္ကလပ္ျဖစ္တဲ့ ရွန္ဟိုင္း ရွန္ဟြာအသင္းက အစ္ဟာလိုကို တရုတ္စူပါလိဂ္ထံ ျပန္ေခၚလိုေနတာျဖစ္တယ္။

တရုတ္ကလပ္က အစ္ဟာလိုကို တစ္ပတ္ ေပါင္ ၄ သိန္းေပးမယ့္ သံုးႏွစ္ခြဲ သက္တမ္းတိုးစာခ်ဳပ္သစ္ကို ကမ္းလွမ္းထားျပီး ၄င္းတို႔အသင္းမွာပဲ ကာလရွည္ ဆက္ထားေတာ့မွာ ျဖစ္ပါတယ္။ အစ္ဟာလို ယူႏုိက္တက္မွာ ရွိေနစဥ္မွာ မန္ေနဂ်ာဆိုးရွားက တိုက္စစ္ပိုင္းအတြက္ အေထာင္တိုက္စစ္သမား စစ္စစ္ကို အသံုးျပဳခြင့္ကို ရရွိခဲ့တယ္။ ဒါက အနာဂတ္အတြက္ တိုက္စစ္သမား ရွာေဖြမႈအတြက္ အက်ိဳးျဖစ္ထြန္းခဲ့တယ္။

လိုင္ယြန္တိုက္စစ္မွဴး ဒမ္ဘီလီ (၂၃ ႏွစ္)ဟာ ယူႏုိက္တက္ စိတ္ၾကိဳက္ေတြ႔တဲ့ တိုက္စစ္သမားျဖစ္သလို လိုက္ဇစ္မွ တီမို ဝါနာ (၂၄ ႏွစ္) ကိုလည္း ယူႏုိက္တက္က အလိုရွိပါတယ္။ အေျပာင္းအေရႊ႔မွာ ကစားသမားေတြအတြက္ ေပါင္သန္း ရာခ်ီ အသံုးျပဳမႈေတြ ရွိဖို႔ မျမင္ေပမယ့္ သူတို႔လို တိုက္စစ္သမားေတြကို ေပါင္ သန္း ၅၀ မေက်ာ္တဲ့ ပမာဏေတြနဲ႔ ေခၚယူႏုိင္မွာပါ။

ဒမ္ဘီလီကို ေခၚယူဖို႔ ခ်ယ္ဆီးက အဓိက ၾကိဳးစားေနတာျဖစ္ျပီး လိုင္ယြန္ဥကၠဌနဲ႔ ဆက္သြယ္မႈေတြေတာင္ ရွိထားပါတယ္။ ဝါနာကို ေခၚယူဖို႔ကေတာ့ လီဗာပူးက သတင္းၾကီးေနတာျဖစ္ျပီး ျပိဳင္ဘက္ေတြနဲ႔အျပိဳင္ ဘက္တိုက္စစ္သမားကို ဦးစားေပးအျဖစ္ ေရြးမလဲ ယူႏုိက္တက္က ဆံုးျဖတ္ရေတာ့မွာ ျဖစ္ပါတယ္။