NEWS: ပီအက်ဂျီ အေဂျက်တို့ကို ချန်ပီယံပေးခြင်းအား ရုတ်သိမ်းပေးဖို့ ကလပ်တွေ အယူခံဝင်

UNICODE – ကိုရိုနာကပ်ဘေးကြောင့် ပြင်သစ်လိဂ်နဲ့ နယ်သာလန်လိဂ်တွေကို ဘောလုံးပွဲတွေ ရပ်နားလိုက်ပြီး လိဂ်ချန်ပီယံတွေကို သက်မှတ်ပေးမှုတွေကို ကြေညာထားခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘွန်ဒက်လီဂါ ဦးဆောင်ကာ လာလီဂါ၊ ပရီးမီးယားလိဂ်၊ စီးရီးအေတို့က ကွင်းပိတ် အစီအစဉ်တွေဖြင့် ဘောလုံးကစားရေး ကိစ္စတွေကို ဦးတည် လုပ်ဆောင်နေခြင်းကြောင့် ပြင်သစ်နဲ့ နယ်သာလန်တို့မှာလည်း ဘောလုံးပွဲတွေ ပြန်ကစားခွင့်ပေးဖို့ တောင်းဆိုမှုတွေ လုပ်လာပါတယ်။

လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းဟာ ပြင်သစ်မှာ အမြင့်ဆုံး ခုံရုံးဖြစ်တဲ့ Council of State ကို လိဂ်ကိုရပ်နားခြင်း ကိစ္စကို ပြန်ပြင်ပေးဖို့ အယူခံဝင်မှုကိုပါ လုပ်မယ်လို့ သိရတယ်။ ပြင်သစ်အာဏာပိုင်တွေရဲ့ ဘောလုံးပွဲ ပြန်စခွင့်မပေးမှုကြောင့် ပြင်သစ်လိဂ်ကို ဧပရယ်လ ၃၀ ရက်နေ့က ရပ်ဆိုင်လိုက်ခြင်းကို လိုင်ယွန်က ကန့်ကွက်မှာဖြစ်တယ်။

လိုင်ယွန်ဥက္ကဌ ဂျင်-မိုင်ကယ် အောလက်က ပြင်သစ်ဝန်ကြီးချုပ်နဲ့ အားကစားဝန်ကြီးတွေထံ ဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးဖို့ ကိုယ်တိုင် စာရေးသား တောင်းဆိုပါတယ်။ ပြင်သစ်ဟာ နောက်လမှာတော့ ပိတ်ဆို့မှုတွေကို စတင် ဖြေလျော့ပေးသွားမှာပါ။

နယ်သာလန်ကလပ် အေဇက် အယ်ခမာကလည်း ယူအီးအက်ဖ်အေကို လိပ်မူပြီး ဒတ်ချ်ဘောလုံးအဖွဲ့ရဲ့ ဘောလုံးပွဲ ရပ်နားမှုကို ပြန်ပြင်အောင် လုပ်ဆောင်ပေးဖို့ စာရေးသား တိုင်ကြားထားပါတယ်။ နယ်သာလန်လိဂ်ကို ရပ်နားရာမှာ သွင်းဂိုး ကွာဟချက်ကြောင့် အေဂျက်က ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ရိုက်ရမှာကို ဆန့်ကျင်တဲ့အနေနဲ့ ဒုတိယမှာ ရှိနေတဲ့ အယ်ခမာက ကန့်ကွက်ခြင်းဖြစ်တယ်။

ဒတ်ချ် ဘောလုံးအဖွဲ့ချုပ်က အေဂျက်ကို ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် တစ်နေရာ ပေးခဲ့ပြီး အေဇက် အယ်ခမာကတော့ ချန်ပီယံလိဂ်ကို ခြေစစ်ပွဲကနေ ဝင်ရောက်ရမှာဖြစ်တယ်။ ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပက်သက်လို့ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကို လုပ်ပိုင်ခွင့်တွေ အပြည့် ပေးထားပါတယ်။

ZAWGYI – ကိုရိုနာကပ္ေဘးေၾကာင့္ ျပင္သစ္လိဂ္နဲ႔ နယ္သာလန္လိဂ္ေတြကို ေဘာလံုးပြဲေတြ ရပ္နားလိုက္ျပီး လိဂ္ခ်န္ပီယံေတြကို သက္မွတ္ေပးမႈေတြကို ေၾကညာထားခဲ့ျပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘြန္ဒက္လီဂါ ဦးေဆာင္ကာ လာလီဂါ၊ ပရီးမီးယားလိဂ္၊ စီးရီးေအတို႔က ကြင္းပိတ္ အစီအစဥ္ေတြျဖင့္ ေဘာလံုးကစားေရး ကိစၥေတြကို ဦးတည္ လုပ္ေဆာင္ေနျခင္းေၾကာင့္ ျပင္သစ္နဲ႔ နယ္သာလန္တို႔မွာလည္း ေဘာလံုးပြဲေတြ ျပန္ကစားခြင့္ေပးဖို႔ ေတာင္းဆိုမႈေတြ လုပ္လာပါတယ္။

လီဂူးဝမ္းကလပ္ လိုင္ယြန္အသင္းဟာ ျပင္သစ္မွာ အျမင့္ဆံုး ခံုရံုးျဖစ္တဲ့ Council of State ကို လိဂ္ကိုရပ္နားျခင္း ကိစၥကို ျပန္ျပင္ေပးဖို႔ အယူခံဝင္မႈကိုပါ လုပ္မယ္လို႔ သိရတယ္။ ျပင္သစ္အာဏာပိုင္ေတြရဲ႕ ေဘာလံုးပြဲ ျပန္စခြင့္မေပးမႈေၾကာင့္ ျပင္သစ္လိဂ္ကို ဧပရယ္လ ၃၀ ရက္ေန႔က ရပ္ဆိုင္လိုက္ျခင္းကို လိုင္ယြန္က ကန္႔ကြက္မွာျဖစ္တယ္။

လိုင္ယြန္ဥကၠဌ ဂ်င္-မိုင္ကယ္ ေအာလက္က ျပင္သစ္ဝန္ၾကီးခ်ဳပ္နဲ႔ အားကစားဝန္ၾကီးေတြထံ ဆံုးျဖတ္ခ်က္ကို ျပန္ျပင္ေပးဖို႔ ကိုယ္တိုင္ စာေရးသား ေတာင္းဆိုပါတယ္။ ျပင္သစ္ဟာ ေနာက္လမွာေတာ့ ပိတ္ဆို႔မႈေတြကို စတင္ ေျဖေလ်ာ့ေပးသြားမွာပါ။

နယ္သာလန္ကလပ္ ေအဇက္ အယ္ခမာကလည္း ယူအီးအက္ဖ္ေအကို လိပ္မူျပီး ဒတ္ခ်္ေဘာလံုးအဖြဲ႔ရဲ႕ ေဘာလံုးပြဲ ရပ္နားမႈကို ျပန္ျပင္ေအာင္ လုပ္ေဆာင္ေပးဖို႔ စာေရးသား တိုင္ၾကားထားပါတယ္။ နယ္သာလန္လိဂ္ကို ရပ္နားရာမွာ သြင္းဂိုး ကြာဟခ်က္ေၾကာင့္ ေအဂ်က္က ခ်န္ပီယံလိဂ္ဝင္ခြင့္ တိုက္ရိုက္ရမွာကို ဆန္႔က်င္တဲ့အေနနဲ႔ ဒုတိယမွာ ရွိေနတဲ့ အယ္ခမာက ကန္႔ကြက္ျခင္းျဖစ္တယ္။

ဒတ္ခ်္ ေဘာလံုးအဖြဲ႔ခ်ဳပ္က ေအဂ်က္ကို ခ်န္ပီယံလိဂ္ တိုက္ရိုက္ဝင္ခြင့္ တစ္ေနရာ ေပးခဲ့ျပီး ေအဇက္ အယ္ခမာကေတာ့ ခ်န္ပီယံလိဂ္ကို ေျခစစ္ပြဲကေန ဝင္ေရာက္ရမွာျဖစ္တယ္။ ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ပက္သက္လို႔ သက္ဆိုင္ရာ ေဘာလံုးအဖြဲ႔ခ်ဳပ္ေတြကို လုပ္ပိုင္ခြင့္ေတြ အျပည့္ ေပးထားပါတယ္။