ဆာအဲလက်စ်က တိုက်စစ်မှူး အွန်နရီကို ခေါ်ဖို့ ငြင်းဆန်ခဲ့ရခြင်း အကြောင်းရင်း

ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလစ် ဖာဂူဆန်ဟာ တိုက်စစ်မှူး အွန်နရီကို အာဆင်နယ်ထက်အရင် ခေါ်ယူဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ ယူနိုက်တက် အရာရှိဟောင်းက ပြောဆိုလိုက်ပါတယ်။

၁၉၉၉ ခုနှစ်မှာတော့ အာဆင်နယ်မန်နေဂျာ အာဆင်ဝင်းဂါးဟာ ဂျူဗင်တပ်အသင်း တိုက်စစ်မှူး အွန်နရီကို ပေါင် ၁၁ သန်း ခေါ်ယူခဲ့တာပါ။ ပြင်သစ်သား တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်လာခဲ့ပြီး သူဟာ လန်ဒန်အသင်းအတွက် ၈ နှစ်ကြာ ကစားပေးခဲ့ကာ သွင်းဂိုး ၂၂၈ ဂိုးထိ ရယူနိုင်ခဲ့ပါတယ်။

ကမ္ဘာဖလားအနိုင်ရ တိုက်စစ်သမားဟာ အာဆင်နယ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်တို့ကိုလည်း အနိုင်ရထားခဲ့တယ်။ ယူနိုက်တက် အကြီးအကဲဟောင်း Ned Kelly က အွန်နရီနဲ့ ပက်သက်တဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။

ယူနိုက်တက်ကို ဆာအဲလစ် ကိုင်တွယ်နေစဉ်မှာ မန်နေဂျာအပြင် ကန်တိုနာနဲ့ ဒေးဗစ်ဘက်ခမ်းတို့ရဲ့ ကိုယ်ရံတော်အဖြစ် Ned Kelly က တာဝန်ထမ်းဆောင်ခဲ့တာပါ။ ထိုစဉ်တုန်းက ကန်တိုနာရဲ့ အကိုဖြစ်သူ Jean-Marie က ပြင်သစ်သားဟာ ယူနိုက်တက်ကို ပြောင်းလာလိုနေကြောင်းကို ဆာအဲလစ်ထံ ပြောပေးဖို့ Ned Kelly ကို ဖုန်းဆက်ခဲ့ပါတယ်။

Kelly ပြောပြတာက ‘ ပွဲအပြီးမှာ ကန်တိာနာရဲ့ အကိုထံက ဖုန်းဝင်လာတယ်။ သူက အွန်နရီက ယူနိုက်တက်ကို ပြောင်းလာလိုတယ်ဆိုတာ ဆာအဲလစ်ကို ပြောပေးပါလို့ ဖုန်းဆက်ပြောတာဖြစ်တယ်။ အဲ့တုန်းက အွန်နရီက အာဆင်နယ်ကို မပြောင်းသေးပါဘူး။ သူက ယူနိုက်တက်ကို အရင်ဆုံး ပြောင်းလိုခဲ့တာ ’ လို့ ဖြစ်တယ်။

‘ ကျနော်ကလည်း ဘောစ့်နားသွားပြီး ဘောစ့်ရေ Jean-Marie က ဖုန်းဆက်လာတယ်။ သူက အွန်နရီက ယူနိုက်တက်ကို လာချင်နေတယ် ပြောတယ်လို့ ပြောပြတာပေါ့။ ဆာအဲလစ်က ‘ဘာလို့ ခေါ်ရမှာလဲ၊ ဒီလောက် ေ-ာက်ဒဏ်ရာ တစ်ချိန်လုံးရနေတာကို’ လို့ ပြန်ဖြေခဲ့ပါတယ်။ အွန်နရီက အာဆင်နယ်ကိုပဲ ရောက်သွားခဲ့ပြီး ကျန်တာတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ။ ’ လို့ Kelly က beIN Sports ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ မန္ေနဂ်ာေဟာင္း ဆာအဲလစ္ ဖာဂူဆန္ဟာ တိုက္စစ္မွဴး အြန္နရီကို အာဆင္နယ္ထက္အရင္ ေခၚယူဖို႔ အခြင့္အေရးရွိခဲ့ေပမယ့္ ျငင္းဆန္ခဲ့တယ္လို႔ ယူႏုိက္တက္ အရာရွိေဟာင္းက ေျပာဆိုလိုက္ပါတယ္။

၁၉၉၉ ခုႏွစ္မွာေတာ့ အာဆင္နယ္မန္ေနဂ်ာ အာဆင္ဝင္းဂါးဟာ ဂ်ဴဗင္တပ္အသင္း တိုက္စစ္မွဴး အြန္နရီကို ေပါင္ ၁၁ သန္း ေခၚယူခဲ့တာပါ။ ျပင္သစ္သား တိုက္စစ္မွဴးဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး တိုက္စစ္မွဴးေတြထဲက တစ္ဦး ျဖစ္လာခဲ့ျပီး သူဟာ လန္ဒန္အသင္းအတြက္ ၈ ႏွစ္ၾကာ ကစားေပးခဲ့ကာ သြင္းဂိုး ၂၂၈ ဂိုးထိ ရယူႏုိင္ခဲ့ပါတယ္။

ကမၻာဖလားအႏုိင္ရ တိုက္စစ္သမားဟာ အာဆင္နယ္အသင္းနဲ႔ အတူ ပရီးမီးယားလိဂ္ဖလား ၂ ၾကိမ္၊ အက္ဖ္ေအဖလား ၂ ၾကိမ္တို႔ကိုလည္း အႏုိင္ရထားခဲ့တယ္။ ယူႏုိက္တက္ အၾကီးအကဲေဟာင္း Ned Kelly က အြန္နရီနဲ႔ ပက္သက္တဲ့ အေျပာင္းအေရႊ႔ ဇာတ္လမ္းကို ေျပာျပခဲ့ပါတယ္။

ယူႏုိက္တက္ကို ဆာအဲလစ္ ကိုင္တြယ္ေနစဥ္မွာ မန္ေနဂ်ာအျပင္ ကန္တိုနာနဲ႔ ေဒးဗစ္ဘက္ခမ္းတို႔ရဲ႕ ကိုယ္ရံေတာ္အျဖစ္ Ned Kelly က တာဝန္ထမ္းေဆာင္ခဲ့တာပါ။ ထိုစဥ္တုန္းက ကန္တိုနာရဲ႕ အကိုျဖစ္သူ Jean-Marie က ျပင္သစ္သားဟာ ယူႏုိက္တက္ကို ေျပာင္းလာလိုေနေၾကာင္းကို ဆာအဲလစ္ထံ ေျပာေပးဖို႔ Ned Kelly ကို ဖုန္းဆက္ခဲ့ပါတယ္။

Kelly ေျပာျပတာက ‘ ပြဲအျပီးမွာ ကန္တိာနာရဲ႕ အကိုထံက ဖုန္းဝင္လာတယ္။ သူက အြန္နရီက ယူႏုိက္တက္ကို ေျပာင္းလာလိုတယ္ဆိုတာ ဆာအဲလစ္ကို ေျပာေပးပါလို႔ ဖုန္းဆက္ေျပာတာျဖစ္တယ္။ အဲ့တုန္းက အြန္နရီက အာဆင္နယ္ကို မေျပာင္းေသးပါဘူး။ သူက ယူႏုိက္တက္ကို အရင္ဆံုး ေျပာင္းလိုခဲ့တာ ’ လို႔ ျဖစ္တယ္။

‘ က်ေနာ္ကလည္း ေဘာစ့္နားသြားျပီး ေဘာစ့္ေရ Jean-Marie က ဖုန္းဆက္လာတယ္။ သူက အြန္နရီက ယူႏုိက္တက္ကို လာခ်င္ေနတယ္ ေျပာတယ္လို႔ ေျပာျပတာေပါ့။ ဆာအဲလစ္က ‘ဘာလို႔ ေခၚရမွာလဲ၊ ဒီေလာက္ ေ-ာက္ဒဏ္ရာ တစ္ခ်ိန္လံုးရေနတာကို’ လို႔ ျပန္ေျဖခဲ့ပါတယ္။ အြန္နရီက အာဆင္နယ္ကိုပဲ ေရာက္သြားခဲ့ျပီး က်န္တာေတာ့ ခင္ဗ်ားတို႔ သိတဲ့အတိုင္းပါပဲ။ ’ လို႔ Kelly က beIN Sports ကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။