စစ်ဆေးရေးမှူးတွေ ရှောင်တခင် ဝင်စစ်ခြင်း ခံရတဲ့ ပရီးမီးယားလိဂ် လေ့ကျင့်ရေးကွင်းများ

UNICODE – ပရီးမီးယားလိဂ်ကလပ်တွေ လေ့ကျင့်ရေး အစီအစဉ်မှာ အစိုးရရဲ့ လမ်းညွှန်ချက်ကို လိုက်နာရဲ့လားဆိုတာကို သက်ဆိုင်ရာတွေက ရှောင်တခင် စစ်ဆေးမှု ဝင်လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပထမအကြိမ် စစ်ဆေးမှုမှာ ကလပ် လေးသင်းထံ ဝင်ခဲ့ခြင်းဖြစ်ပြီး လီဗာပူးနဲ့ ဆောက်သမ်တန် အသင်းတို့ စစ်ဆေးခံခဲ့ရတယ်။ ကိုရိုနာကပ်ဘေးအတွင်း ကလပ်တွေကို ညွှန်ကြားထားတဲ့ ကန့်သတ်ချက်တွေကို လိုက်ပါ လုပ်ဆောင်ကြခြင်း ရှိ/မရှိ ဆိုတာတွေကို အုပ်စုလိုက် ဝင်ရောက် စစ်ဆေးခဲ့ကြခြင်း ဖြစ်ပါတယ်။

မဲဝုဒ်လေ့ကျင့်ရေးကွင်းကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ သုံးဦးက နာရီအတန်ကြာအောင် ဝင်ရောက် စစ်ဆေးခဲ့ကာ တစ်ကွင်းလုံးကို အကုန်အစင် ဝင်စစ်သွားတယ်လို့ သိရတယ်။ ကလပ်တွေဟာ လေ့ကျင့်ရေးဆိုင်ရာတွေမှာ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို ဘယ်လောက်ထိ နားလည် သိထားသလဲဆိုတဲ့အပေါ် မေးခွန်းတွေလည်း မေးမြန်းခဲ့ကြပါတယ်။

စုံစမ်းရေးမှူးတွေဟာ ကိုဗစ် စစ်ဆေးမှုမှာ ပိုတွေ့ရှိခြင်း မရှိတဲ့ ကလပ်တွေရဲ့ လေ့ကျင့်ရာ နေရာတွေကိုပဲ ဝင်ရောက် စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး လေ့ကျင့်ရေး ပြန်ဝင်နေမှုအတွက် အကြံပေးမှုတွေကို ပြုလုပ်ပေးခဲ့ကြပါတယ်။ ၎င်းတို့ကပဲ ဗိုင်းရပ်တွေ အချိန်အကြာကြီး ခိုအောင်းနေနိုင်တဲ့ သတ္တုလို ပစ္စည်းတွေကို သုံးခြင်းအား ရှောင်ကြဉ်ကြဖို့ကိုလည်း အကြံပေး တိုက်တွန်းမှုတွေ လုပ်ခဲ့ကြတယ်။

ကျွမ်းကျင်သူတွေက ကလပ်တွေကို သတိပေးရာမှာ အခန်းတွေထဲ လေ့ကျင့်ရေး အထောက်အကူပြု ပစ္စည်းတွေသုံးပြီး လေ့ကျင့်ခြင်းထက် အပြင်ထွက်ပြီး လေ့ကျင့်ကြဖို့ လည်း ပါဝင်တယ်။ ကန်တင်းတွေ ပိတ်ထားပေမယ့် အစားအသောက် သုံးဆောင်ရာ နေရာတွေကို ဘယ်လိုတွေ လုပ်ဆောင်သလဲဆိုတဲ့ အပေါ်မှာလည်း ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေဟာ အရေးပါတဲ့ နေရာမှန်သမျှကို စစ်ဆေးခဲ့တာပါ။

ပရီးမီးယားလိဂ်ကလပ်တွေဟာ အခုချိန်ထိတော့ အဖွဲ့ငယ်တွေနဲ့ပဲ လေ့ကျင့်ခွင့် ရသေးတာဖြစ်ပြီး အစိုးရက တိုးမြင့် ခွင့်ပြုလိုက်တဲ့ ထိတွေ့မှုရှိတဲ့ လေ့ကျင့်မှုတွေကို လုပ်ဆောင်ဖို့ကတော့ မဲခွဲရဦးမှာပါ။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ေတြ ေလ့က်င့္ေရး အစီအစဥ္မွာ အစိုးရရဲ႕ လမ္းညႊန္ခ်က္ကို လိုက္နာရဲ႕လားဆိုတာကို သက္ဆုိင္ရာေတြက ေရွာင္တခင္ စစ္ေဆးမႈ ဝင္လုပ္ခ့ဲၾကတယ္လို႔ သိရပါတယ္။

ပထမအၾကိမ္ စစ္ေဆးမႈမွာ ကလပ္ ေလးသင္းထံ ဝင္ခဲ့ျခင္းျဖစ္ျပီး လီဗာပူးနဲ႔ ေဆာက္သမ္တန္ အသင္းတို႔ စစ္ေဆးခံခဲ့ရတယ္။ ကိုရိုနာကပ္ေဘးအတြင္း ကလပ္ေတြကို ညႊန္ၾကားထားတဲ့ ကန္႔သတ္ခ်က္ေတြကို လုိက္ပါ လုပ္ေဆာင္ၾကျခင္း ရွိ/မရွိ ဆိုတာေတြကို အုပ္စုလိုက္ ဝင္ေရာက္ စစ္ေဆးခဲ့ၾကျခင္း ျဖစ္ပါတယ္။

မဲဝုဒ္ေလ့က်င့္ေရးကြင္းကို ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္သူ သံုးဦးက နာရီအတန္ၾကာေအာင္ ဝင္ေရာက္ စစ္ေဆးခဲ့ကာ တစ္ကြင္းလံုးကို အကုန္အစင္ ဝင္စစ္သြားတယ္လို႔ သိရတယ္။ ကလပ္ေတြဟာ ေလ့က်င့္ေရးဆုိင္ရာေတြမွာ ဘာေတြ လုပ္ေဆာင္ရမလဲဆိုတာကို ဘယ္ေလာက္ထိ နားလည္ သိထားသလဲဆိုတဲ့အေပၚ ေမးခြန္းေတြလည္း ေမးျမန္းခဲ့ၾကပါတယ္။

စံုစမ္းေရးမွဴးေတြဟာ ကိုဗစ္ စစ္ေဆးမႈမွာ ပိုေတြ႔ရွိျခင္း မရွိတဲ့ ကလပ္ေတြရဲ႕ ေလ့က်င့္ရာ ေနရာေတြကိုပဲ ဝင္ေရာက္ စစ္ေဆးခဲ့ၾကျခင္းျဖစ္ျပီး ေလ့က်င့္ေရး ျပန္ဝင္ေနမႈအတြက္ အၾကံေပးမႈေတြကို ျပဳလုပ္ေပးခဲ့ၾကပါတယ္။ ၄င္းတို႔ကပဲ ဗုိင္းရပ္ေတြ အခ်ိန္အၾကာၾကီး ခိုေအာင္းေနႏုိင္တဲ့ သတၱဳလို ပစၥည္းေတြကို သံုးျခင္းအား ေရွာင္ၾကဥ္ၾကဖို႔ကိုလည္း အၾကံေပး တိုက္တြန္းမႈေတြ လုပ္ခဲ့ၾကတယ္။

ကၽြမ္းက်င္သူေတြက ကလပ္ေတြကို သတိေပးရာမွာ အခန္းေတြထဲ ေလ့က်င့္ေရး အေထာက္အကူျပဳ ပစၥည္းေတြသံုးျပီး ေလ့က်င့္ျခင္းထက္ အျပင္ထြက္ျပီး ေလ့က်င့္ၾကဖို႔ လည္း ပါဝင္တယ္။ ကန္တင္းေတြ ပိတ္ထားေပမယ့္ အစားအေသာက္ သံုးေဆာင္ရာ ေနရာေတြကို ဘယ္လိုေတြ လုပ္ေဆာင္သလဲဆိုတဲ့ အေပၚမွာလည္း ဝင္ေရာက္ စစ္ေဆးခဲ့ပါတယ္။ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္သူေတြဟာ အေရးပါတဲ့ ေနရာမွန္သမွ်ကို စစ္ေဆးခဲ့တာပါ။

ပရီးမီးယားလိဂ္ကလပ္ေတြဟာ အခုခ်ိန္ထိေတာ့ အဖြဲ႔ငယ္ေတြနဲ႔ပဲ ေလ့က်င့္ခြင့္ ရေသးတာျဖစ္ျပီး အစိုးရက တိုးျမင့္ ခြင့္ျပဳလိုက္တဲ့ ထိေတြ႔မႈရွိတဲ့ ေလ့က်င့္မႈေတြကို လုပ္ေဆာင္ဖို႔ကေတာ့ မဲခြဲရဦးမွာပါ။