ပရီးမီးယားလိဂ် ပြန်စရင် ပထမဆုံး ထိပ်တိုက်တွေ့မယ့်ပွဲက စပါး V ယူနိုက်တက် ပွဲဖြစ်မည်

UNICODE – ကိုရိုနာကပ်ဘေးအတွင်း ပရီးမီးယားလိဂ် ပြန်လည်စတင်လာရင် ပထမဆုံး ကစားမယ့် လိဂ်ပွဲက စပါးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့တဲ့ပွဲ ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ကျယ်ပြန့်လာပါတယ်။

သို့သော်လည်း ပရီးမီးယားလိဂ်ဟာ မူလ စီစဉ်ထားသလို ဇွန် ၁၂ ရက်နေ့မှာ ယှဉ်ပြိုင်နိုင်ဖို့တော့ မရှိဘဲ ကစားသမားတွေကို လေ့ကျင့်ရေး အပြည့် ပြန်ဆင်းခွင့် သုံးပတ်လောက်ကို အချိန်ပေးရမှာ ဖြစ်ပါတယ်။ မတ်လကတည်းက အင်္ဂလန်မှာ ဘောလုံးပွဲတွေ ရက်နားထားရတာဖြစ်ပြီး ထိုစဉ်တည်းက ကစားသမားတွေဟာ လေ့ကျင့်ရေးတွေ အပြည့် ပြန်ဆင်းနိုင်ခြင်း မရှိသေးပါဘူး။

ဒီအပတ်မှာတော့ ဗြိတိန်အစိုးရက ခွင့်ပြုပေးမှုကြောင့် ကလပ်တွေက မဲခွဲ ဆုံးဖြတ်ကြမှာဖြစ်ပြီး သောကြာနေ့ကနေ စတင်ကာ လေ့ကျင့်ရေးကို အပြည့် ပြန်ဆင်းနိုင်ဖွယ် ရှိနေပါတယ်။ အသင်းတွေကို လေ့ကျင့်ချိန် သုံးပတ်ပေးပြီး ဇွန်လ ၁၉ ရက် (သို့) ၂၆ ရက်တို့မှာ ပရီးမီးယားလိဂ်ကို ပြန်လည်စတင်ဖို့ လိဂ်တာဝန်ရှိသူတွေ ရည်ရွယ်ထားတာပါ။

စပါးအသင်းဟာ အဖွဲ့ငယ်တွေနဲ့ လေ့ကျင့်ရေးတွေ ပြန်လုပ်ထားခဲ့ပြီဖြစ်သလို မန်နေဂျာမော်ရင်ညိုနဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းတို့ကလည်း ပွဲပြန်ကစားဖို့ အဆင်သင့် ဖြစ်နေကြောင်း ထုတ်ပြောထားခဲ့တယ်။ စပါးအသင်းဟာ ဟယ်ရီကိန် ပြန်ပါလာမှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်ဖို့ တာဆူနေပါတယ်။

တစ်ဘက်မှာ ယူနိုက်တက်လည်း လေ့ကျင့်ရေး ပြန်ဝင်နေပြီဖြစ်ပြီး တိုက်စစ်မှူး ရပ်ဖိုဒ့်နဲ့ ကွင်းလယ်လူ ပေါ့ဘာတို့ ဒဏ်ရာကနေ ပြန်သက်သာလာခဲ့ပါပြီ။ အဓိက ကစားသမားတွေ ကြံ့ခိုင်မှု ပြန်ကောင်းလာခြင်းကြောင့် ဥရောပဝင်ခွင့်အတွက် ကြိုးစားလာမယ့် ယူနိုက်တက်ဟာ ဒီအပတ်မှာတင် တရုတ်ကလပ်က အငှားခေါ်ယူထားတဲ့ အစ်ဟာလိုကို မိခင်ကလပ်ထံ ပြန်ပို့ရဖို့တော့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ဝတ်ဖိုဒ့်မှ ဒန်နီ၊ ချယ်ဆီးမှ ကန်တေတို့ကတော့ လေ့ကျင့်ရေး ပြန်ဝင်ဖို့တွေကို ငြင်းဆန်ထားကြတယ်။ သက်ဆိုင်ရာ ကလပ်တွေဟာ ကစားသမားတွေ လေ့ကျင့်ရေး ပြန်မဝင်ရင်လည်း အတင်းအကြပ် တိုက်တွန်းကြမှာ မဟုတ်ဘူးလို့လည်း သိထားရပါတယ်။

ZAWGYI – ကိုရိုနာကပ္ေဘးအတြင္း ပရီးမီးယားလိဂ္ ျပန္လည္စတင္လာရင္ ပထမဆံုး ကစားမယ့္ လိဂ္ပြဲက စပါးနဲ႔ ယူႏုိက္တက္တို႔ ထိပ္တိုက္ေတြ႔တဲ့ပြဲ ျဖစ္လာႏုိင္တယ္လို႔ သတင္းေတြ က်ယ္ျပန္႔လာပါတယ္။

သို႔ေသာ္လည္း ပရီးမီးယားလိဂ္ဟာ မူလ စီစဥ္ထားသလို ဇြန္ ၁၂ ရက္ေန႔မွာ ယွဥ္ျပိဳင္ႏုိင္ဖို႔ေတာ့ မရွိဘဲ ကစားသမားေတြကို ေလ့က်င့္ေရး အျပည့္ ျပန္ဆင္းခြင့္ သံုးပတ္ေလာက္ကို အခ်ိန္ေပးရမွာ ျဖစ္ပါတယ္။ မတ္လကတည္းက အဂၤလန္မွာ ေဘာလံုးပြဲေတြ ရက္နားထားရတာျဖစ္ျပီး ထိုစဥ္တည္းက ကစားသမားေတြဟာ ေလ့က်င့္ေရးေတြ အျပည့္ ျပန္ဆင္းႏုိင္ျခင္း မရွိေသးပါဘူး။

ဒီအပတ္မွာေတာ့ ျဗိတိန္အစိုးရက ခြင့္ျပဳေပးမႈေၾကာင့္ ကလပ္ေတြက မဲခြဲ ဆံုးျဖတ္ၾကမွာျဖစ္ျပီး ေသာၾကာေန႔ကေန စတင္ကာ ေလ့က်င့္ေရးကို အျပည့္ ျပန္ဆင္းႏုိင္ဖြယ္ ရွိေနပါတယ္။ အသင္းေတြကို ေလ့က်င့္ခ်ိန္ သံုးပတ္ေပးျပီး ဇြန္လ ၁၉ ရက္ (သို႔) ၂၆ ရက္တို႔မွာ ပရီးမီးယားလိဂ္ကို ျပန္လည္စတင္ဖို႔ လိဂ္တာဝန္ရွိသူေတြ ရည္ရြယ္ထားတာပါ။

စပါးအသင္းဟာ အဖြဲ႔ငယ္ေတြနဲ႔ ေလ့က်င့္ေရးေတြ ျပန္လုပ္ထားခဲ့ျပီျဖစ္သလို မန္ေနဂ်ာေမာ္ရင္ညိဳနဲ႔ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းတို႔ကလည္း ပြဲျပန္ကစားဖို႔ အဆင္သင့္ ျဖစ္ေနေၾကာင္း ထုတ္ေျပာထားခဲ့တယ္။ စပါးအသင္းဟာ ဟယ္ရီကိန္ ျပန္ပါလာမႈနဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ယွဥ္ျပိဳင္ဖို႔ တာဆူေနပါတယ္။

တစ္ဘက္မွာ ယူႏုိက္တက္လည္း ေလ့က်င့္ေရး ျပန္ဝင္ေနျပီျဖစ္ျပီး တိုက္စစ္မွဴး ရပ္ဖိုဒ့္နဲ႔ ကြင္းလယ္လူ ေပါ့ဘာတို႔ ဒဏ္ရာကေန ျပန္သက္သာလာခဲ့ပါျပီ။ အဓိက ကစားသမားေတြ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာျခင္းေၾကာင့္ ဥေရာပဝင္ခြင့္အတြက္ ၾကိဳးစားလာမယ့္ ယူႏုိက္တက္ဟာ ဒီအပတ္မွာတင္ တရုတ္ကလပ္က အငွားေခၚယူထားတဲ့ အစ္ဟာလိုကို မိခင္ကလပ္ထံ ျပန္ပို႔ရဖို႔ေတာ့ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ ကစားသမားေတြျဖစ္တဲ့ ဝတ္ဖိုဒ့္မွ ဒန္နီ၊ ခ်ယ္ဆီးမွ ကန္ေတတို႔ကေတာ့ ေလ့က်င့္ေရး ျပန္ဝင္ဖို႔ေတြကို ျငင္းဆန္ထားၾကတယ္။ သက္ဆုိင္ရာ ကလပ္ေတြဟာ ကစားသမားေတြ ေလ့က်င့္ေရး ျပန္မဝင္ရင္လည္း အတင္းအၾကပ္ တိုက္တြန္းၾကမွာ မဟုတ္ဘူးလို႔လည္း သိထားရပါတယ္။