ပရီးမီးယားလိဂ် အနာဂတ်နဲ့ ပက်သက်ပြီး ဒီအပတ် ရက် ၄ ရက်အတွင်း လုပ်မယ့် ကိစ္စ ၄ ခု

UNICDE – ဗြိတိန်အစိုးရက ပထမအဆင့်အားဖြင့် အဆင့်မြင့်အားကစား ပြိုင်ပွဲတွေကို ဇွန်လမှာ ပြန်လည်စတင်ခွင့်၊ ဒုတိယအဆင့်အားဖြင့် အဖွဲ့ငယ်များနဲ့ လေ့ကျင့်ရေးပြန်ဝင်ခွင့်၊ နောက်အဆင့်အားဖြင့် ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေးတွေကို ပြန်လုပ်ခွင့်တွေကို အဆင့်အလိုက် ခွင့်ပြုချက်ပေးခဲ့ပြီဖြစ်တယ်။

ယခုဖော်ပြမယ့် ကိစ္စ လေးခုကတော့ ဒီအပတ်ရဲ့ ရက် ၄ ရက်အတွင်း လုပ်ဆောင်ကြမယ့် ပရီးမီးယားလိဂ် ပြန်စရေးဆိုင်ရာ အရေးကြီး ကိစ္စ ၄ ခုပဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အနာဂတ်နဲ့ ပက်သက်ပြီး အရေးပါမယ့် ဒီအပတ်ရဲ့ ရက် ၄ ရက်

တနင်္လာနေ့ – တစ်ပတ် နှစ်ကြိမ် ကိုဗစ်စစ်ဆေးမှုအတွက် နောက်ထပ် အရေးပါတဲ့ စစ်ဆေးမှုအဖြစ် အင်္ဂါနေ့မှာ စစ်ဆေးမှုတွေ ထပ်လုပ်မှာဖြစ်တယ်။ ရလဒ်တွေကို ဗုဒ္ဓဟူးနေ့မှာ ကြေညာပါမယ်။

အင်္ဂါနေ့ – ပရီးမီးယားလိဂ်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားများ အဖွဲ့အစည်း၊ လိဂ်မန်နေဂျာများဆိုင်ရာ အဖွဲ့အစည်း၊ ကလပ် ၂၀ မှ မန်နေဂျာများ၊ အသင်းခေါင်းဆောင်များ အပါအဝင် ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေးတွေကို ပြန်လုပ်နိုင်ကြောင်း အစိုးရရဲ့ အတည်ပြုချက်နဲ့ ပူးတွဲပါ အကြံပေးချက်တွေကို ဆွေးနွေးမှု ပြုလုပ်မှာဖြစ်တယ်။

ဗုဒ္ဓဟူးနေ့ – ပရီးမီးယားလိဂ်ကလပ်တွေဟာ ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေးတွေကို ပြန်စဖို့ကိစ္စ မဲပေးကြပါမယ်။

ကြာသပတေးနေ့ – ဗုဒ္ဓဟူးနေ့ မဲပေးမှုအခြေအနေအရ ကလပ်တွေဟာ Project Restart စီမံကိန်းမှာ ပွဲနေ့ဆိုင်ရာ အချက်အလက်တွေအတွက် ဆွေးနွေးမှု ထပ်လုပ်ပါမယ်။ ဘောလုံးရာသီကို အတိုဆုံးနဲ့ ပြီးအောင် ဘယ်လို လုပ်မလဲဆိုတဲ့ ကိစ္စ ပါဝင်ပါမယ်။

ZAWGYI – ဗြိတိန်အစိုးရက ပထမအဆင့်အားဖြင့် အဆင့်မြင့်အားကစား ပြိုင်ပွဲတွေကို ဇွန်လမှာ ပြန်လည်စတင်ခွင့်၊ ဒုတိယအဆင့်အားဖြင့် အဖွဲ့ငယ်များနဲ့ လေ့ကျင့်ရေးပြန်ဝင်ခွင့်၊ နောက်အဆင့်အားဖြင့် ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေးတွေကို ပြန်လုပ်ခွင့်တွေကို အဆင့်အလိုက် ခွင့်ပြုချက်ပေးခဲ့ပြီဖြစ်တယ်။





