အန်ဖီးကွင်းက ချန်ပီယံလိဂ်ပွဲကို ခွင့်ပြုပေးမှုကြောင့် လူပေါင်း ၄၁ ဦးခန့် သေဆုံး

UNICODE – ဗြိတိန် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ NHS က ထုတ်ပြန်တဲ့ ဒေတာတွေကို ကိုးကားပြီး The Times က ဖော်ပြချက်အရ ဗြိတိန်တွင်း နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးနဲ့ အက်သလက်တီကိုတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းရံှူးထွက်ပွဲ နောက်ပိုင်း သေဆုံးမှုပေါင်း ၄၁ ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၁ ရက်မှာတော့ ပရိသတ် ၅၂၀၀၀ ဆံ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲကို အက်သလက်တီကို ပရိသတ် ၃၀၀၀ ကျော် တက်ရောက်ခဲ့တာပါ။ ဒါဟာ ပိတ်ဆို့မှု ကာလတွေ မတိုင်ခင် အင်္ဂလန်အတွင်း နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးပွဲလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲအပြီး ကစားမယ့် မန်စီးတီးနဲ့ အာဆင်နယ်ပွဲ မတိုင်ခင်မှာတော့ ဘောလုံးလောကထိ ပျံ့နှံ့လာခဲ့တဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် ဗြိတိန်ပြည်တွင်း ဘောလုံးပွဲတွေ ယာယီရပ်ဆိုင်းရာက အခုချိန်ထိ ရပ်နားထားရတာဖြစ်ပါတယ်။ ဗြိတိန်အစိုးရကတော့ ၁၀ ရက် နောက်ကျခဲ့တဲ့ ပိတ်ဆို့မှုအတွက် ခုခံပြောဆိုနေဆဲဖြစ်တယ်။

The Times ကတော့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်တဲ့ ပွဲအပြီး ၂၅ ရက်နဲ့ ၃၅ ရက်အတွင်းမှာ ဗိုင်းရပ်ကြောင့် သေဆုံးသူ ၄၁ ဦးထိ ရှိခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ ချန်ပီယံလိဂ်ပွဲကို ကစားစဉ်မှာ စပိန်ဟာ ဗိုင်းရပ် ကူးစက်သူ ၆၄၀၀၀၀ ကျော်ရှိပြီး ဗြိတိန်မှာတော့ ၁၀၀၀၀၀ ကျော် ရှိနေတဲ့ ကာလဖြစ်ပါတယ်။

စပိန်မှာ အခြေအနေ ဆိုးနေပါရဲ့နဲ့ ဗြိတိန်ကို ပရိသတ်တွေ သွားကြည့်ခွင့် ပေးလိုက်တာက သိပ်မှားတယ်လို့ မက်ဒရစ် မြို့တော်ဝန်က ဝန်ခံခဲ့သလို အဆိုပါပွဲကို ကျင်းပခွင့် ပြုတဲ့အတွက်လည်း လီဗာပူးမြို့တော်ဝန်က ယူအီးအက်ဖ်အေနဲ့ တာဝန်ရှိသူတွေကို ပြစ်တင်ခဲ့ပါတယ်။ ထိုစဉ် နှစ်ဘက်အသင်းကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဘောလုံးဆိုင်ရာ အကြီးအမှုးတွေက ကစားနိုင်တယ်လို့ ခွင့်ပြုရာက ကစားခဲ့ရတာပါ။

ဒါဟာ ဘောလုံးအသင်းထက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အမှားဖြစ်ပြီး တစ်ချိန်တည်းမှာပဲ Cheltenham Festival ပွဲတော်မှာဆိုရင် ပရိသတ် ၂၅၀၀၀၀ ကျော်ဟာ လူစုလူဝေးအဖြစ် တက်ရောက်ကြည့်ရှုမှုတွေ လုပ်နေခဲ့ကြတယ်။ အဆိုပါ ပွဲတော်နောက်ဆက်တွဲအဖြစ် လူပေါင်း ၃၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ZAWGYI – ျဗိတိန္ က်န္းမာေရး ေစာင့္ေရွာက္မႈအဖြဲ႔ NHS က ထုတ္ျပန္တဲ့ ေဒတာေတြကို ကိုးကားျပီး The Times က ေဖာ္ျပခ်က္အရ ျဗိတိန္တြင္း ေနာက္ဆံုး ယွဥ္ျပိဳင္ကစားခဲ့တဲ့ လီဗာပူးနဲ႔ အက္သလက္တီကိုတို႔ရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းရံွဴးထြက္ပြဲ ေနာက္ပိုင္း ေသဆံုးမႈေပါင္း ၄၁ ဦးထိ ရွိခဲ့တယ္လို႔ သိရပါတယ္။

မတ္လ ၁၁ ရက္မွာေတာ့ ပရိသတ္ ၅၂၀၀၀ ဆံ့ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ပြဲကို အက္သလက္တီကို ပရိသတ္ ၃၀၀၀ ေက်ာ္ တက္ေရာက္ခဲ့တာပါ။ ဒါဟာ ပိတ္ဆို႔မႈ ကာလေတြ မတိုင္ခင္ အဂၤလန္အတြင္း ေနာက္ဆံုးကစားခဲ့တဲ့ ေဘာလံုးပြဲလည္း ျဖစ္ပါတယ္။

အဆိုပါ ပြဲအျပီး ကစားမယ့္ မန္စီးတီးနဲ႔ အာဆင္နယ္ပြဲ မတိုင္ခင္မွာေတာ့ ေဘာလံုးေလာကထိ ပ်ံ႔ႏွံ႔လာခဲ့တဲ့ ကိုရိုနာဗိုင္းရပ္ ကူးစက္မႈေၾကာင့္ ျဗိတိန္ျပည္တြင္း ေဘာလံုးပြဲေတြ ယာယီရပ္ဆိုင္းရာက အခုခ်ိန္ထိ ရပ္နားထားရတာျဖစ္ပါတယ္။ ျဗိတိန္အစိုးရကေတာ့ ၁၀ ရက္ ေနာက္က်ခဲ့တဲ့ ပိတ္ဆို႔မႈအတြက္ ခုခံေျပာဆိုေနဆဲျဖစ္တယ္။

The Times ကေတာ့ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္တဲ့ ပြဲအျပီး ၂၅ ရက္နဲ႔ ၃၅ ရက္အတြင္းမွာ ဗိုင္းရပ္ေၾကာင့္ ေသဆံုးသူ ၄၁ ဦးထိ ရွိခဲ့တယ္လို႔ ေဖာ္ျပခဲ့တယ္။ ခ်န္ပီယံလိဂ္ပြဲကို ကစားစဥ္မွာ စပိန္ဟာ ဗိုင္းရပ္ ကူးစက္သူ ၆၄၀၀၀၀ ေက်ာ္ရွိျပီး ျဗိတိန္မွာေတာ့ ၁၀၀၀၀၀ ေက်ာ္ ရွိေနတဲ့ ကာလျဖစ္ပါတယ္။

စပိန္မွာ အေျခအေန ဆိုးေနပါရဲ႕နဲ႔ ျဗိတိန္ကို ပရိသတ္ေတြ သြားၾကည့္ခြင့္ ေပးလိုက္တာက သိပ္မွားတယ္လို႔ မက္ဒရစ္ ျမိဳ႕ေတာ္ဝန္က ဝန္ခံခဲ့သလို အဆိုပါပြဲကို က်င္းပခြင့္ ျပဳတဲ့အတြက္လည္း လီဗာပူးျမိဳ႕ေတာ္ဝန္က ယူအီးအက္ဖ္ေအနဲ႔ တာဝန္ရွိသူေတြကို ျပစ္တင္ခဲ့ပါတယ္။ ထိုစဥ္ ႏွစ္ဘက္အသင္းကေတာ့ သက္ဆုိင္ရာ အာဏာပိုင္ေတြနဲ႔ ေဘာလံုးဆိုင္ရာ အၾကီးအမႈးေတြက ကစားႏုိင္တယ္လို႔ ခြင့္ျပဳရာက ကစားခဲ့ရတာပါ။

ဒါဟာ ေဘာလံုးအသင္းထက္ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြရဲ႕ ဆံုးျဖတ္ခ်က္အမွားျဖစ္ျပီး တစ္ခ်ိန္တည္းမွာပဲ Cheltenham Festival ပြဲေတာ္မွာဆိုရင္ ပရိသတ္ ၂၅၀၀၀၀ ေက်ာ္ဟာ လူစုလူေဝးအျဖစ္ တက္ေရာက္ၾကည့္ရႈမႈေတြ လုပ္ေနခဲ့ၾကတယ္။ အဆိုပါ ပြဲေတာ္ေနာက္ဆက္တြဲအျဖစ္ လူေပါင္း ၃၉ ဦး ေသဆံုးခဲ့တယ္လို႔ သိရပါတယ္။