ရာမိုစ့်နေရာ ရေရှည်အစားထိုးနိုင်မယ့် ခံစစ်သမားကို ရှာတွေ့နေပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

UNICODE – ရီးရဲလ်မက်ဒရစ်အသင်းဟာ ခံစစ်သမား ရာမိုစ့်နေရာ အစားထိုးဖို့အတွက် စကော်တလန် ပရီးမီးယားရှစ်မှ ဆဲလ်တစ်အသင်း ခံစစ်သမား ခရစ်စတိုဖာ အေဂျာကို သဘောကျနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြပါတယ်။

ဆဲလ်တစ်ခံစစ်သမားဟာ ဒီရာသီမှာ အသင်းရဲ့ ကိုးနှစ်ဆက် အမှတ်ပေးဖလား အနိုင်ရမှုမှာ ပါဝင်ကူညီပေးနိုင်ခဲ့သူပါ။ ၂၀၁၆ မှာ ဆဲလ်တစ်ကို ပြောင်းခဲ့ပြီးတည်းက အေဂျာဟာ ပြိုင်ပွဲစုံ ၁၂၇ ပွဲထိ ကစားပေးထားနိုင်ပြီး ဒီဘက်နှစ်တွေမှာ အဓိက ခံစစ်သမားအဖြစ်ပါ ခြေစွမ်းပြလာနိုင်သူဖြစ်ပါတယ်။

အသက် ၂၂ နှစ်သာ ရှိသေးပြီး စကော်တလန်ချန်ပီယံအသင်းမှာ ခြေစွမ်းပြနေတဲ့ နော်ဝေသားရဲ့ ခြေစွမ်းကို မန်စီးတီး၊ လက်စတာစီးတီးတို့က စိတ်ဝင်စားမှု ရှိထားခဲ့ကာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကပါ စိတ်ဝင်စားလာတာပါ။ နောက်နှစ်နွေမှာ ရားမိုစ့်ရဲ့ စာချုပ် သက်တမ်းကုန်တဲ့အခါ ရေရှည်အတွက် ရည်ရွယ်တဲ့ ခံစစ်သမားတွေကို ရီးရဲလ်မကက်ဒရစ်က ကြိုးစားတော့မှာ ဖြစ်တယ်။

လိုက်ဇစ်မှ အူပါမီကာနိုကလည်း မက်ဒရစ်ရဲ့ ပစ်မှတ်ထဲ ပါဝင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီနောက်ပိုင်းနှစ်တွေမှာ လူငယ်ကစားသမားတွေကိုလည်း ခေါ်ယူစုဆောင်းမှုလုပ်နေပြီး ဗင်နီးဆီးယက်နဲ့ ရိုဒရီလို တိုက်စစ်သမားကောင်းတွေ ပိုင်ဆိုင်ထားပါပြီ။ ဒါ့အပြင် ဝါရင့်နဲ့ လူငယ်ကြယ်ပွင့် တွဲခေါ်မှုတွေနဲ့ ကစားသမားသစ်တွေ စုဆောင်းနေတာပါ။

အေဂျာဟာ ဆဲလ်တစ်နဲ့ စာချုပ် နှစ်နှစ် ကျန်ရှိနေသေးပြီး သူ့ရဲ့ စာချုပ်အရ ဆဲလစ်ဘက်ကလည်း ရောင်းမထုတ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အရပ်အမောင်းမြင့်မားပြီး အမြင့်ဘော ပိုင်နိုင်တဲ့ အေဂျာဟာ ဘောလုံးကိုင်ကစားမှုလည်း ကောင်းမွန်သူဖြစ်တယ်။ သူဟာ ၂၀၁၆ တုန်းက နော်ဝေကလပ်ကနေ ဆဲလ်တစ်ကို ပေါင် ၅ သိန်းနဲ့တင် ရောက်ရှိခဲ့ပါတယ်။

ZAWGYI – ရီးရဲလ္မက္ဒရစ္အသင္းဟာ ခံစစ္သမား ရာမိုစ့္ေနရာ အစားထိုးဖို႔အတြက္ စေကာ္တလန္ ပရီးမီးယားရွစ္မွ ဆဲလ္တစ္အသင္း ခံစစ္သမား ခရစ္စတိုဖာ ေအဂ်ာကို သေဘာက်ေနတယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပပါတယ္။

ဆဲလ္တစ္ခံစစ္သမားဟာ ဒီရာသီမွာ အသင္းရဲ႕ ကိုးႏွစ္ဆက္ အမွတ္ေပးဖလား အႏုိင္ရမႈမွာ ပါဝင္ကူညီေပးႏုိင္ခဲ့သူပါ။ ၂၀၁၆ မွာ ဆဲလ္တစ္ကို ေျပာင္းခဲ့ျပီးတည္းက ေအဂ်ာဟာ ျပိဳင္ပြဲစံု ၁၂၇ ပြဲထိ ကစားေပးထားႏုိင္ျပီး ဒီဘက္ႏွစ္ေတြမွာ အဓိက ခံစစ္သမားအျဖစ္ပါ ေျခစြမ္းျပလာႏုိင္သူျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္သာ ရွိေသးျပီး စေကာ္တလန္ခ်န္ပီယံအသင္းမွာ ေျခစြမ္းျပေနတဲ့ ေနာ္ေဝသားရဲ႕ ေျခစြမ္းကို မန္စီးတီး၊ လက္စတာစီးတီးတို႔က စိတ္ဝင္စားမႈ ရွိထားခဲ့ကာ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ကပါ စိတ္ဝင္စားလာတာပါ။ ေနာက္ႏွစ္ေႏြမွာ ရားမိုစ့္ရဲ႕ စာခ်ဳပ္ သက္တမ္းကုန္တဲ့အခါ ေရရွည္အတြက္ ရည္ရြယ္တဲ့ ခံစစ္သမားေတြကို ရီးရဲလ္မကက္ဒရစ္က ၾကိဳးစားေတာ့မွာ ျဖစ္တယ္။

လိုက္ဇစ္မွ အူပါမီကာႏိုကလည္း မက္ဒရစ္ရဲ႕ ပစ္မွတ္ထဲ ပါဝင္ေနပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ဒီေနာက္ပိုင္းႏွစ္ေတြမွာ လူငယ္ကစားသမားေတြကိုလည္း ေခၚယူစုေဆာင္းမႈလုပ္ေနျပီး ဗင္နီးဆီးယက္နဲ႔ ရိုဒရီလို တိုက္စစ္သမားေကာင္းေတြ ပိုင္ဆိုင္ထားပါျပီ။ ဒါ့အျပင္ ဝါရင့္နဲ႔ လူငယ္ၾကယ္ပြင့္ တြဲေခၚမႈေတြနဲ႔ ကစားသမားသစ္ေတြ စုေဆာင္းေနတာပါ။

ေအဂ်ာဟာ ဆဲလ္တစ္နဲ႔ စာခ်ဳပ္ ႏွစ္ႏွစ္ က်န္ရွိေနေသးျပီး သူ႔ရဲ႕ စာခ်ဳပ္အရ ဆဲလစ္ဘက္ကလည္း ေရာင္းမထုတ္ဖို႔ဆိုတာ ခက္ခဲပါတယ္။ အရပ္အေမာင္းျမင့္မားျပီး အျမင့္ေဘာ ပိုင္ႏုိင္တဲ့ ေအဂ်ာဟာ ေဘာလံုးကိုင္ကစားမႈလည္း ေကာင္းမြန္သူျဖစ္တယ္။ သူဟာ ၂၀၁၆ တုန္းက ေနာ္ေဝကလပ္ကေန ဆဲလ္တစ္ကို ေပါင္ ၅ သိန္းနဲ႔တင္ ေရာက္ရွိခဲ့ပါတယ္။