လာလီဂါနဲ့ လီဂူးဝမ်း ပြန်စရက်တွေ အပါအဝင် စနေနေ့ နောက်ဆုံးရ ညနေခင်း ဘောလုံးသတင်းများ

UNICODE – စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်စ်က လာလီဂါကို ဇွန်လ ၈ ရက်နေ့မှာ ပြန်စမယ်လို့ တရားဝင် ကြေညာလိုက်ပြီးဖြစ်ပြီး လာလီဂါဥက္ကဌက အာဏာပိုင်တွေရဲ့ ခွင့်ပြုပေးမှုကို ကြိုဆိုကြောင်း ချက်ခြင်း တုန့်ပြန်လိုက်ပါတယ်။

ပြင်သစ်အခြေစိုက် သတင်းတွေ ဖော်ပြမှုအရ ပြင်သစ်လီဂူးဝမ်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို သြဂုတ်လ ၂၃ ရက်နေ့မှာ ပြန်လည် စတင်ပါမယ်။ လီဂူး-တူးကိုတော့ တစ်ရက်စောပြီး လာမယ့် သြဂုတ်လ ၂၂ ရက်မှာ ပြန်စမယ်လို့ သိရပါတယ်။

ဗြိတိန်အာဏာပိုင်းတွေက ပြည်တွင်းပွဲတွေ ကစားဖို့ လမ်းပြန်ဖွင့်ပေးလာပေမယ့် အခြားနိုင်ငံက အသင်းတွေကို အင်္ဂလန်ပြည်တွင်း ဝင်ခွင့်ပေးဖို့ကိစ္စမှာတော့ ကွာရန်တင်း ၁၄ ရက်ထားဖို့ အမိန့်ထုတ်လိုက်တာကြောင့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်လို ဥရောပပြိုင်ပွဲတွေ ကစားဖို့ ကျန်ရှိနေတဲ့ အင်္ဂလန်အသင်းတွေ အကြပ်ရိုက်ဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ်ကလပ် တော်တင်ဟမ်မန်နေဂျာဟောင်း ပိုချက်တီနိုက အင်္ဂလန်ကို နှစ်သက်ပြီး ဘောလုံးလောကထဲ ပြန်ဝင်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ပြောလိုက်ပါတယ်။

ဂျူဗင်တပ်အသင်းမှ ပြင်သစ်သား ကွင်းလယ်လူ ရာဘီရော့ကို ခေါ်ယူရေး ကိစ္စမှာ အာဆင်နယ်ကလည်း အဲဗာတန်နဲ့အပြိုင် ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲပြန်လည် စတင်တော့မှာ ဖြစ်တာကြောင့် အသင်းတွေဟာ ပြန်လည် စုစည်း လေ့ကျင့်မှုတွေ စတင်နေပြီ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ပြိုင်ပွဲတွေမှာ ပါဝင်ကစားစေမယ့် ပမာဏ ၂၉ ဦး လူစာရင်း စုစည်းထားပြီ ဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်လူ လယ်လာနာကို နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ မြို့ခံပြိုင်ဘက် အဲဗာတန်ကလည်း လက်စတာ၊ ဝက်ဟမ်း၊ ပဲလေစ့်တို့နဲ့အပြိုင် ကြိုးစားလိုနေပါတယ်။

နယူးကာဆယ်အသင်းကို ပေါင် သန်း ၃၀၀ ဖြင့် လွဲပြောင်ယူမှု ကိစ္စတွေဟာ နောက်အပတ်မှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်နိုင်ပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

အင်္ဂလန် EFL အဖွဲ့ဝင် ကလပ်တွေဟာ အသင်းတွေရဲ့ ရပ်တည်ချက်အတွက် ကစားကွင်းအတွင်း လျော့ချထားတဲ့ ပရိသတ် နှုန်းထားအဖြစ် ၂၅% ကို ဝင်ခွင့်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

ကာလရှည် ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်သမား ရပ်ဖိုဒ့်ဟာ လေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကို အကောင်းဆုံး ပြန်လုပ်နိုင်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေက အားပေး ထောက်ခံသွားကြပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနွေ အပြောင်းအရွှေ့မှာတော့ ကစားသမား ခေါ်ယူမှုကြီးတွေ လုပ်နိုင်ဖို့ ခဲယဉ်မှာဖြစ်သလို ကစားသမား ရောင်းထုတ်မှုတွေကိုလည်း အာရုံစိုက်လိမ့်မယ်လို့ The Athletic က ဖော်ပြပါတယ်။

ချယ်ဆီးအသင်းအတွက် ပြီးခဲ့တဲ့နွေက လက်လွှတ်လိုက်ရတဲ့ တိုက်စစ်ကြယ်ပွင့် အီဒင် ဟာဇက်နေရာ အစားထိုးနိုင်တဲ့ အရည်အချင်း ကောင်းတွေ ရှိတဲ့ ကစားသမားက လေဗာကူဆင်မှ ဟာဗက်ဖြစ်ကြောင်း ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အကြံပြုလိုက်ပါတယ်။

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရခဲ့ရင် မနှစ်တုန်းက ချန်ပီယံလိဂ်အောင်ပွဲခံမှုဟာ ပမွှားလောက်ဖြစ်သွားလိမ့်မယ်လို့ လီဗာပူးဥက္ကဌ တွမ်ဝါနာက ပြောဆိုခဲ့ပါတယ်။

အီတလီရဲ့ ရှေးအမွေအနှစ် ထိန်းသိမ်းရေး အာဏာပိုင်တွေက အီတလီရဲ့ သမိုင်းဝင် ဆန်စီယိုကွင်းမှာ အသစ်တည်ဆောက်မယ့် ကွင်းသစ်စီမံကိန်းအတွက် မီးစိမ်းပြမှုကို လုပ်ခဲ့ပြီဖြစ်ပါတယ်။

ZAwGYI – စပိန္ဝန္ၾကီးခ်ဳပ္ ပက္ဒရိုဆန္းခ်က္စ္က လာလီဂါကို ဇြန္လ ၈ ရက္ေန႔မွာ ျပန္စမယ္လို႔ တရားဝင္ ေၾကညာလိုက္ျပီးျဖစ္ျပီး လာလီဂါဥကၠဌက အာဏာပိုင္ေတြရဲ႔ ခြင့္ျပဳေပးမႈကို ၾကိဳဆိုေၾကာင္း ခ်က္ျခင္း တုန္႔ျပန္လိုက္ပါတယ္။

ျပင္သစ္အေျခစိုက္ သတင္းေတြ ေဖာ္ျပမႈအရ ျပင္သစ္လီဂူးဝမ္းဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီကို ၾသဂုတ္လ ၂၃ ရက္ေန႔မွာ ျပန္လည္ စတင္ပါမယ္။ လီဂူး-တူးကိုေတာ့ တစ္ရက္ေစာျပီး လာမယ့္ ၾသဂုတ္လ ၂၂ ရက္မွာ ျပန္စမယ္လို႔ သိရပါတယ္။

ျဗိတိန္အာဏာပိုင္းေတြက ျပည္တြင္းပြဲေတြ ကစားဖို႔ လမ္းျပန္ဖြင့္ေပးလာေပမယ့္ အျခားႏုိင္ငံက အသင္းေတြကို အဂၤလန္ျပည္တြင္း ဝင္ခြင့္ေပးဖို႔ကိစၥမွာေတာ့ ကြာရန္တင္း ၁၄ ရက္ထားဖို႔ အမိန္႔ထုတ္လိုက္တာေၾကာင့္ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္လို ဥေရာပျပိဳင္ပြဲေတြ ကစားဖို႔ က်န္ရွိေနတဲ့ အဂၤလန္အသင္းေတြ အၾကပ္ရိုက္ဖို႔ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ကလပ္ ေတာ္တင္ဟမ္မန္ေနဂ်ာေဟာင္း ပိုခ်က္တီႏိုက အဂၤလန္ကို ႏွစ္သက္ျပီး ေဘာလံုးေလာကထဲ ျပန္ဝင္လာဖို႔ အဆင္သင့္ျဖစ္ေနျပီလို႔ ထုတ္ေျပာလိုက္ပါတယ္။

ဂ်ဴဗင္တပ္အသင္းမွ ျပင္သစ္သား ကြင္းလယ္လူ ရာဘီေရာ့ကို ေခၚယူေရး ကိစၥမွာ အာဆင္နယ္ကလည္း အဲဗာတန္နဲ႔အျပိဳင္ ပါဝင္လာခဲ့ျပီလို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ ျပိဳင္ပြဲျပန္လည္ စတင္ေတာ့မွာ ျဖစ္တာေၾကာင့္ အသင္းေတြဟာ ျပန္လည္ စုစည္း ေလ့က်င့္မႈေတြ စတင္ေနျပီ ျဖစ္ျပီး မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ျပိဳင္ပြဲေတြမွာ ပါ၀င္ကစားေစမယ့္ ပမာဏ ၂၉ ဦး လူစာရင္း စုစည္းထားျပီ ျဖစ္ပါတယ္။

လီဗာပူးကြင္းလယ္လူ လယ္လာနာကို ေႏြမွာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူဖို႔ ျမိဳ႕ခံျပိဳင္ဘက္ အဲဗာတန္ကလည္း လက္စတာ၊ ဝက္ဟမ္း၊ ပဲေလစ့္တို႔နဲ႔အျပိဳင္ ၾကိဳးစားလိုေနပါတယ္။

နယူးကာဆယ္အသင္းကို ေပါင္ သန္း ၃၀၀ ျဖင့္ လြဲေျပာင္ယူမႈ ကိစၥေတြဟာ ေနာက္အပတ္မွာ အျပီးသတ္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ႏုိင္ျပီျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

အဂၤလန္ EFL အဖြဲ႔ဝင္ ကလပ္ေတြဟာ အသင္းေတြရဲ႕ ရပ္တည္ခ်က္အတြက္ ကစားကြင္းအတြင္း ေလ်ာ့ခ်ထားတဲ့ ပရိသတ္ ႏႈန္းထားအျဖစ္ ၂၅% ကို ဝင္ခြင့္ေပးဖို႔ ေတာင္းဆိုမႈေတြ ရွိလာပါတယ္။

ကာလရွည္ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ တိုက္စစ္သမား ရပ္ဖိုဒ့္ဟာ ေလ့က်င့္ေရးကြင္းမွာ ၾကံ႕ခိုင္မႈပိုင္းဆုိင္ရာ ေလ့က်င့္မႈေတြကို အေကာင္းဆံုး ျပန္လုပ္ႏုိင္ခဲ့ျပီး ယူႏုိက္တက္ပရိသတ္ေတြက အားေပး ေထာက္ခံသြားၾကပါတယ္။

အာဆင္နယ္အသင္းဟာ ဒီေႏြ အေျပာင္းအေရႊ႔မွာေတာ့ ကစားသမား ေခၚယူမႈၾကီးေတြ လုပ္ႏုိင္ဖို႔ ခဲယဥ္မွာျဖစ္သလို ကစားသမား ေရာင္းထုတ္မႈေတြကိုလည္း အာရံုစိုက္လိမ့္မယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ခ်ယ္ဆီးအသင္းအတြက္ ျပီးခဲ့တဲ့ေႏြက လက္လႊတ္လိုက္ရတဲ့ တိုက္စစ္ၾကယ္ပြင့္ အီဒင္ ဟာဇက္ေနရာ အစားထိုးနုိင္တဲ့ အရည္အခ်င္း ေကာင္းေတြ ရွိတဲ့ ကစားသမားက ေလဗာကူဆင္မွ ဟာဗက္ျဖစ္ေၾကာင္း ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က အၾကံျပဳလိုက္ပါတယ္။

လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလား အႏုိင္ရခဲ့ရင္ မႏွစ္တုန္းက ခ်န္ပီယံလိဂ္ေအာင္ပြဲခံမႈဟာ ပမႊားေလာက္ျဖစ္သြားလိမ့္မယ္လို႔ လီဗာပူးဥကၠဌ တြမ္ဝါနာက ေျပာဆိုခဲ့ပါတယ္။

အီတလီရဲ႕ ေရွးအေမြအႏွစ္ ထိန္းသိမ္းေရး အာဏာပိုင္ေတြက အီတလီရဲ႕ သမိုင္းဝင္ ဆန္စီယိုကြင္းမွာ အသစ္တည္ေဆာက္မယ့္ ကြင္းသစ္စီမံကိန္းအတြက္ မီးစိမ္းျပမႈကို လုပ္ခဲ့ျပီျဖစ္ပါတယ္။