NEWS: ပေါင် ၁.၁ ဘီလီယမ်ကုန်မယ့် ဆန်စီယိုကွင်းသစ် စီမံကိန်းကို အာဏာပိုင်တွေ ခွင့်ပြုပေးပြီ

UNICODE – အီတလီရဲ့ ရှေးအမွေအနှစ် ထိန်းသိမ်းရေး အာဏာပိုင်တွေက အီတလီရဲ့ သမိုင်းဝင် ဆန်စီယိုကွင်းမှာ အသစ်တည်ဆောက်မယ့် ကွင်းသစ်စီမံကိန်းအတွက် မီးစိမ်းပြမှုကို လုပ်ခဲ့ပြီဖြစ်ပါတယ်။

၎င်းအဖွဲ့က ခွင့်ပြုပေးလိုက်တာက ဆန်စီယိုကွင်းမှာ ပေါင် ၁.၁ ဘီလီယမ်တန် ကွင်းသစ်တည်ဆောက်ဖို့အတွက် အေစီမီလန်နဲ့ အင်တာမီလန်အသင်းကို အဟန့်အတားဖြစ်နေတဲ့ ကိစ္စအား ပြေလည်စေခဲ့ပါပြီ။ အမေရိကန် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီပိုင် အေစီမီလန်နဲပ တရုတ် လျှပ်စစ်ကုမ္ပဏီပိုင် အင်တာမီလန် နှစ်သင်းလုံးက ဆန်စီယိုကွင်းနားမှာ ပရိသတ် ၆၀၀၀၀ ဆံ့ ကွင်းသစ် တည်ဆောက်လိုနေတာပါ။

အီတလီ ဘီလူးတွေဟာ ငွေကြေးကုန်ကျမှုများမယ့် ကွင်းသစ်တစ်ခု တည်ဆောက်ဖို့ စီစဉ်ထားခဲ့ပြီး နာမည်ကျော် ဆန်ဆီရို ကွင်းကြီးဟာ အနာဂတ်မှာတော့ အေစီမီလန်၊ အင်တာမီလန် တို့ရဲ့ အိမ်ကွင်းအဖြစ် ဆက်ရှိနေမှာ မဟုတ်ပါဘူး။ အိမ်ကွင်းသစ်ကို ခေတ်မီတဲ့ ကွင်းကြီးအဖြစ် တည်ဆောက်ဖို့ မီလန်နှစ်သင်းကတော့ ဒီဇိုင်းပိုင်းတွေကိုတောင် ရေးဆွဲထုတ်ပြန်ထားပြီဖြစ်တယ်။

၁၉၂၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဆန်ဆီရိုကွင်းကို ပြုပြင်တည်ဆောက်ဖို့ ကြံရွယ်ခဲ့ပေမယ့် ကွင်းဟောင်းကို ပြုပြင်မှာထက် ကွင်းသစ်တည်ဆောက်မှာက ကုန်ကျစရိတ် ပိုသက်သာနေတာပါ။ အစီအစဉ်အရ ကွင်းသစ်တည်ဆောက်ရာမှာ သမိုင်းဝင် ကွင်းကြီးရဲ့ အစိတ်အပိုင်း အားလုံးကို ဖြိုဖျက်လိုက်ဖို့ များနေခဲ့ပါတယ်။

အီတလီရဲ့ အထင်ကရ ကွင်းကို အားလုံးနည်းပါး ဖြိုဖျက်ရမယ့် ကိစ္စမှာ မီလန်မြို့တော်ဝန်အပြင် အီတလီရဲ့ ရှေးဟောင်းအမွေအနှစ် အဖွဲ့နဲ့ပါ ညိနှိုင်းနေခဲ့ရတာဖြစ်တယ်။ လက်ရှိ ဆန်စီရိုနဲ့ ကပ်လျှက် ကားပါကင်ပေါ်မှာ စတင်တည်ဆောက်မယ့် ကွင်းသစ်အတွက် အစီအစဉ်တွေက နောက်ထပ် အတည်ပြုစရာတွေ ကျန်ပါသေးတယ်။

အနီးပတ်ဝန်းကျင်အပေါ် မြင်ကွင်း အကျိုးသက်ရောက်မှုကို လျှော့ချဖို့အတွက် လမ်းအောက်ဘက်ကို နည်းနည်း ကျမှာဖြစ်ပြီး ကွင်းပတ်ဝန်းကျင် နေရာကိုလဲ ပတ်ဝန်းကျင် စိမ်းလန်းရေးတွေနဲ့တကွ တိုးတက်အောင် လုပ်သွားမှာ ဖြစ်ပါတယ်။

ZAWGYI – အီတလီရဲ႕ ေရွးအေမြအႏွစ္ ထိန္းသိမ္းေရး အာဏာပိုင္ေတြက အီတလီရဲ႕ သမိုင္းဝင္ ဆန္စီယိုကြင္းမွာ အသစ္တည္ေဆာက္မယ့္ ကြင္းသစ္စီမံကိန္းအတြက္ မီးစိမ္းျပမႈကို လုပ္ခဲ့ျပီျဖစ္ပါတယ္။

၄င္းအဖြဲ႔က ခြင့္ျပဳေပးလိုက္တာက ဆန္စီယိုကြင္းမွာ ေပါင္ ၁.၁ ဘီလီယမ္တန္ ကြင္းသစ္တည္ေဆာက္ဖို႔အတြက္ ေအစီမီလန္နဲ႔ အင္တာမီလန္အသင္းကို အဟန္႔အတားျဖစ္ေနတဲ့ ကိစၥအား ေျပလည္ေစခဲ့ပါျပီ။ အေမရိကန္ ရင္းႏွီးျမဳပ္ႏွံမႈ ကုမၸဏီပိုင္ ေအစီမီလန္နဲပ တရုတ္ လွ်ပ္စစ္ကုမၸဏီပိုင္ အင္တာမီလန္ ႏွစ္သင္းလံုးက ဆန္စီယိုကြင္းနားမွာ ပရိသတ္ ၆၀၀၀၀ ဆံ့ ကြင္းသစ္ တည္ေဆာက္လိုေနတာပါ။

အီတလီ ဘီလူးေတြဟာ ေငြေၾကးကုန္က်မႈမ်ားမယ့္ ကြင္းသစ္တစ္ခု တည္ေဆာက္ဖို႔ စီစဥ္ထားခဲ့ျပီး နာမည္ေက်ာ္ ဆန္ဆီ႐ို ကြင္းႀကီးဟာ အနာဂတ္မွာေတာ့ ေအစီမီလန္၊ အင္တာမီလန္ တို႔ရဲ႕ အိမ္ကြင္းအျဖစ္ ဆက္ရွိေနမွာ မဟုတ္ပါဘူး။ အိမ္ကြင္းသစ္ကို ေခတ္မီတဲ့ ကြင္းႀကီးအျဖစ္ တည္ေဆာက္ဖို႔ မီလန္ႏွစ္သင္းကေတာ့ ဒီဇိုင္းပိုင္းေတြကိုေတာင္ ေရးဆြဲထုတ္ျပန္ထားျပီျဖစ္တယ္။

၁၉၂၆ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့တဲ့ ဆန္ဆီ႐ိုကြင္းကို ျပဳျပင္တည္ေဆာက္ဖို႔ ၾကံရြယ္ခဲ့ေပမယ့္ ကြင္းေဟာင္းကို ျပဳျပင္မွာထက္ ကြင္းသစ္တည္ေဆာက္မွာက ကုန္က်စရိတ္ ပိုသက္သာေနတာပါ။ အစီအစဥ္အရ ကြင္းသစ္တည္ေဆာက္ရာမွာ သမိုင္းဝင္ ကြင္းၾကီးရဲ႕ အစိတ္အပိုင္း အားလံုးကို ျဖိဳဖ်က္လိုက္ဖို႔ မ်ားေနခဲ့ပါတယ္။

အီတလီရဲ႕ အထင္ကရ ကြင္းကို အားလံုးနည္းပါး ျဖိဳဖ်က္ရမယ့္ ကိစၥမွာ မီလန္ျမိဳ႕ေတာ္ဝန္အျပင္ အီတလီရဲ႕ ေရွးေဟာင္းအေမြအႏွစ္ အဖြဲ႔နဲ႔ပါ ညိႏိႈင္းေနခဲ့ရတာျဖစ္တယ္။ လက္႐ွိ ဆန္စီ႐ိုနဲ႔ ကပ္လ်ွက္ ကားပါကင္ေပၚမွာ စတင္တည္ေဆာက္မယ့္ ကြင္းသစ္အတြက္ အစီအစဥ္ေတြက ေနာက္ထပ္ အတည္ျပဳစရာေတြ က်န္ပါေသးတယ္။

အနီးပတ္ဝန္းက်င္အေပၚ ျမင္ကြင္း အက်ိဳးသက္ေရာက္မႈကို ေလ်ွာ့ခ်ဖို႔အတြက္ လမ္းေအာက္ဘက္ကို နည္းနည္း က်မွာျဖစ္ၿပီး ကြင္းပတ္ဝန္းက်င္ ေနရာကိုလဲ ပတ္ဝန္းက်င္ စိမ္းလန္းေရးေတြနဲ႔တကြ တိုးတက္ေအာင္ လုပ္သြားမွာ ျဖစ္ပါတယ္။