အာဆင်နယ်ဟာ မနှစ်ကလို ငွေသုံးနိုင်မှာ မဟုတ်သလို ရောင်းထုတ်မယ့် ကစားသမား များမည်

UNICODE – အာဆင်နယ်အသင်းဟာ ဒီနွေ အပြောင်းအရွှေ့မှာတော့ ကစားသမား ခေါ်ယူမှုကြီးတွေ လုပ်နိုင်ဖို့ ခဲယဉ်မှာဖြစ်သလို ကစားသမား ရောင်းထုတ်မှုတွေကိုလည်း အာရုံစိုက်လိမ့်မယ်လို့ The Athletic က ဖော်ပြပါတယ်။

ဈေးကွက်အတွင်းမှာ စာချုပ်ကိစ္စတွေကို ဂရုစိုက်မယ့် အာဆင်နယ်ဟာ တိုက်စစ်၊ ကွင်းလယ်၊ ခံစစ် နေရာစုံမှာ အလုပ်များမယ့် သဘောတွေ ရှိနေတာပါ။ အထူးသဖြင့် စာချုပ်ကုန်မယ့် ကစားသမားတွေ၊ ကုန်ဖို့ နီးကပ်နေတဲ့ ကစားသမားတွေနဲ့ လူငယ် ကစားသမားတွေရဲ့ အနာဂတ်ကို အဖြေရှာရမှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အူဘာမီယန်၊ လာကာဇက်တီတို့ရဲ့ အနာဂတ်ကို အဖြေရှာရမှာဖြစ်ပြီး အဲ့ထက် ပိုပြီး တိကျတဲ့ ဆုံးဖြတ်ချက်တွေကို အခြားသော နေရာတွေမှာ လုပ်ဆောင်သွားရဖို့ ရှိပါတယ်။

အာဆင်နယ်ရဲ့ အရေးကြီး ဆုံးဖြတ်ချက်ထဲမှာတော့ ဆာကာနဲ့ မစ်လန်နေးတို့ရဲ့ စာချုပ်ကိစ္စတွေ ပါဝင်ပါတယ်။ ဆာကာဟာ ဘယ်အစွန်နေရာမှာ ကစားနေပေမယ့် အင်္ဂလန်သားရဲ့ အနာဂတ်ဟာ ရှေ့ကို ပိုတက်ကစားရတဲ့ နေရာမှာ ဖြစ်တယ်လို့ ကစားသမားကော ကလပ်ဘက်ကပါ ယုံကြည်ထားပြီး စာချုပ်ကိစ္စ ရှေ့တိုးလိုတယ်။ မဟုတ်ခဲ့ရင်တော့ ဆာကာကို ခေါ်ယူဖို့ ကြိုးစားမယ့် ကလပ်တွေထဲမှာ ချယ်ဆီး၊ လီဗာပူးအပြင် ပီအက်ဂျီပါ ဝင်ပါလာဖို့ ရှိနေပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ မစ်လန်နေးကို ဆက်ထိန်းဖို့ထက် လက်လွတ်ဖို့ကိုပဲ ရွေးချယ်လိုပါတယ်။ ဒါ့အပြင် အငှားခေါ်ယူထားတဲ့ ဆီးဘယ်လော့အတွက် ပေါင် သန်း ၄၀ သုံးမှာ မဟုတ်ဘဲ မိခင်ကလပ် ရီးရဲလ်မက်ဒရစ်ကိုပဲ ပြန်ပို့လိုက်မှာ ဖြစ်ပါတယ်။ ကွင်းလယ်မှာ ဂွမ်ဒေါင်ဇီ စည်းကမ်းလိုက်နာမှု အားနည်းချက်တွေ များပေမယ့် အနာဂတ် အစီအစဉ်အရ ဆက်ထိန်းထားပါမယ်။

စိန့်အက်တီယန်မှ ခံစစ်သမား ဆာလီဘာဟာ အာဆင်နယ်ကို ပြန်လာပူးပေါင်းမှာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲ ဝင်စေမှာဖြစ်တယ်။ မာရီကိုလည်း အပြီးခေါ်ယူဖို့ ရည်ရွယ်ထားကာ ဗဟိုခံစစ်နေရာက ဆိုကရေးတက်စ်၊ လူးဝစ်နဲ့ မူစတာဖီတို့ထဲက တစ်ဦးကို ရောင်းထုတ်နိုင်ပြီး အသက် ပိုငယ်ကာ ဈေးပိုရမယ့် မူစတာဖီကို ရောင်းဖို့ ရွေးထုတ်နိုင်တယ်လို့ သိရတယ်။

အာဆင်နယ်ဟာ နွေမှာတော့ ကစားသမား ရှင်းထုတ်မှုတွေကို ပိုမို အာရုံစိုက်မှာ ဖြစ်သလို မန်နေဂျာဟောင်း အမ်မရီ သုံးခဲ့တဲ့ နောက်ဆုံးသော နွေဈေးကွက် အသုံးစရိတ်မျိုး အာတီတာကို ပေးနိုင်မှာ မဟုတ်ဘူးဆိုတာကတော့ သေချာကြောင်း The Athletic ဖော်ပြခဲ့ပါတယ်။

ZAWGYI – အာဆင္နယ္အသင္းဟာ ဒီေႏြ အေျပာင္းအေရႊ႔မွာေတာ့ ကစားသမား ေခၚယူမႈၾကီးေတြ လုပ္ႏုိင္ဖို႔ ခဲယဥ္မွာျဖစ္သလို ကစားသမား ေရာင္းထုတ္မႈေတြကိုလည္း အာရံုစိုက္လိမ့္မယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ေစ်းကြက္အတြင္းမွာ စာခ်ဳပ္ကိစၥေတြကို ဂရုစိုက္မယ့္ အာဆင္နယ္ဟာ တိုက္စစ္၊ ကြင္းလယ္၊ ခံစစ္ ေနရာစံုမွာ အလုပ္မ်ားမယ့္ သေဘာေတြ ရွိေနတာပါ။ အထူးသျဖင့္ စာခ်ဳပ္ကုန္မယ့္ ကစားသမားေတြ၊ ကုန္ဖို႔ နီးကပ္ေနတဲ့ ကစားသမားေတြနဲ႔ လူငယ္ ကစားသမားေတြရဲ႕ အနာဂတ္ကို အေျဖရွာရမွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အူဘာမီယန္၊ လာကာဇက္တီတို႔ရဲ႕ အနာဂတ္ကို အေျဖရွာရမွာျဖစ္ျပီး အဲ့ထက္ ပိုျပီး တိက်တဲ့ ဆံုးျဖတ္ခ်က္ေတြကို အျခားေသာ ေနရာေတြမွာ လုပ္ေဆာင္သြားရဖို႔ ရွိပါတယ္။

အာဆင္နယ္ရဲ႕ အေရးၾကီး ဆံုးျဖတ္ခ်က္ထဲမွာေတာ့ ဆာကာနဲ႔ မစ္လန္ေနးတို႔ရဲ႕ စာခ်ဳပ္ကိစၥေတြ ပါဝင္ပါတယ္။ ဆာကာဟာ ဘယ္အစြန္ေနရာမွာ ကစားေနေပမယ့္ အဂၤလန္သားရဲ႕ အနာဂတ္ဟာ ေရွ႔ကို ပိုတက္ကစားရတဲ့ ေနရာမွာ ျဖစ္တယ္လုိ႔ ကစားသမားေကာ ကလပ္ဘက္ကပါ ယံုၾကည္ထားျပီး စာခ်ဳပ္ကိစၥ ေရွ႔တိုးလိုတယ္။ မဟုတ္ခဲ့ရင္ေတာ့ ဆာကာကို ေခၚယူဖို႔ ၾကိဳးစားမယ့္ ကလပ္ေတြထဲမွာ ခ်ယ္ဆီး၊ လီဗာပူးအျပင္ ပီအက္ဂ်ီပါ ဝင္ပါလာဖို႔ ရွိေနပါတယ္။

အာဆင္နယ္ဟာ ဒီေႏြမွာ မစ္လန္ေနးကို ဆက္ထိန္းဖို႔ထက္ လက္လြတ္ဖို႔ကိုပဲ ေရြးခ်ယ္လိုပါတယ္။ ဒါ့အျပင္ အငွားေခၚယူထားတဲ့ ဆီးဘယ္ေလာ့အတြက္ ေပါင္ သန္း ၄၀ သံုးမွာ မဟုတ္ဘဲ မိခင္ကလပ္ ရီးရဲလ္မက္ဒရစ္ကိုပဲ ျပန္ပို႔လိုက္မွာ ျဖစ္ပါတယ္။ ကြင္းလယ္မွာ ဂြမ္ေဒါင္ဇီ စည္းကမ္းလိုက္နာမႈ အားနည္းခ်က္ေတြ မ်ားေပမယ့္ အနာဂတ္ အစီအစဥ္အရ ဆက္ထိန္းထားပါမယ္။

စိန္႔အက္တီယန္မွ ခံစစ္သမား ဆာလီဘာဟာ အာဆင္နယ္ကို ျပန္လာပူးေပါင္းမွာျဖစ္ျပီး ပံုမွန္ပြဲထြက္ခြင့္အတြက္ တိုက္ပြဲ ဝင္ေစမွာျဖစ္တယ္။ မာရီကိုလည္း အျပီးေခၚယူဖို႔ ရည္ရြယ္ထားကာ ဗဟိုခံစစ္ေနရာက ဆိုကေရးတက္စ္၊ လူးဝစ္နဲ႔ မူစတာဖီတို႔ထဲက တစ္ဦးကို ေရာင္းထုတ္ႏုိင္ျပီး အသက္ ပိုငယ္ကာ ေစ်းပိုရမယ့္ မူစတာဖီကို ေရာင္းဖို႔ ေရြးထုတ္ႏုိင္တယ္လို႔ သိရတယ္။

အာဆင္နယ္ဟာ ေႏြမွာေတာ့ ကစားသမား ရွင္းထုတ္မႈေတြကို ပိုမို အာရံုစိုက္မွာ ျဖစ္သလို မန္ေနဂ်ာေဟာင္း အမ္မရီ သံုးခဲ့တဲ့ ေနာက္ဆုံးေသာ ေႏြေစ်းကြက္ အသံုးစရိတ္မ်ိဳး အာတီတာကို ေပးႏုိင္မွာ မဟုတ္ဘူးဆိုတာကေတာ့ ေသခ်ာေၾကာင္း The Athletic ေဖာ္ျပခဲ့ပါတယ္။