ထပ်မှားဦးမယ့် ဘာစီလိုနာရဲ့ ညံ့ဖျင်းတဲ့ ကစားသမားခေါ်ယူရေးကို ပရိသတ်တွေ ဒေါသထွက်

UNICODE – နောက်နှစ်မှာတော့ ဘာစီလိုနာဟာ အသင်းဥက္ကဌ ရွေးကောက်ပွဲကို ကျင်းပတော့မှာဖြစ်ပြီး လက်ရှိ ဥက္ကဌ ဘာတိုမြူကို ယှဉ်ပြိုင်ဖို့ ဥက္ကဌဟောင်း လာပေါ်တာနဲ့ ဒါရိုက်တာဟောင်း အယ်ဘတ်ပါရင်တို့ ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိတယ်။

လာပေါ်တာက သူ့ဥက္ကဌအဖြစ် ပြန်အရွေးခံရင် ဂွာဒီယိုလာကို နူးကမ့်ထံ ပြန်ခေါ်မယ်လို့ မဲဆွယ်မှုကို စတင်ထားပြီး နောက်ထပ် ရွေးကောက်ခံ ပုဂ္ဂိုလ်ဖြစ်လာနိုင်တဲ့ ပါရင်ကတော့ ဘာတိုမြူဟာ ညံ့ဖျင်းလွန်းသူဖြစ်ပြီး ကလပ်ရဲ့ အနာဂတ်အတွက် စိုးရိမ်နေမိတယ်လို့ အသင်းပရိသတ်တွေနဲ့ မတ်လတုန်းက တွေ့ဆုံမှုမှာ ထုတ်ပြောထားပါတယ်။

၂၀၁၄ ခုနှစ်မှာ ဆန်ဒရို ရိုဆဲလ်ထံကနေ ဥက္ကဌတာဝန်ကို လွဲပြောင်းယူပြီးနောက် ဘာတိုမြူဟာ ကစားသမား ၃၆ ဦးကို ခေါ်ယူဖို့ ယူရို ၁ ဘီလီယံထိ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ခေါ်ယူမှုမှာ မှန်ကန်တယ်လို့ ပရိသတ်တွေကို စိတ်ကျေနပ်စေမယ့် ကစားသမားက နှစ်ဦးပဲ ရှိခဲ့ပါတယ်။ ဆွာရက်စ်နဲ့ တာစတီဂန်ကို ခေါ်ယူမှုတွေကို ပရိသတ်တွေက လက်ခံပေမယ့် အမ်တီတီလို ကစားသမားကတောင် ပရိသတ်တွေ နှစ်သက်ဖို့ ခက်ခဲခဲ့တာပါ။

ဘာစီလိုနာ ပရိသတ်တွေက ဒဏ်ရာသမား ဒမ်ဘီလီအတွက် ခေါ်ယူမှုနဲ့ ကော်တင်ညိုအတွက် ခေါ်ယူမှုတွေက မှားယွင်းခဲ့တယ်လို့ ယူဆကြတယ်။ ကလပ်ဟာ ဂရစ်စမန်းနဲ့ ဒီဂျောင်းတို့ကို ခေါ်ယူခြင်းက မှန်ကန်ပါတယ်ဆိုတာ သက်သေပြဖို့လည်း ရုန်းကန်နေပါတယ်။ ဒီလိုအခြေအနေမှာ ဘာစီလိုနာရဲ့ နောက်ထပ် ခြေလှမ်းကတော့ ပရိသတ်တွေရဲ့ ဒေါသကို သွားဆွသလို ဖြစ်လာခဲ့တယ်။

ဘာစီလိုနာရဲ့ နောက်ထပ် လုပ်ရှားမှုကတော့ ပီဂျာနစ်နဲ့ အာသာတို့ကို အလဲအထပ် ရိုက်မယ့် အပြောင်းအရွှေ့ပါပဲ။ ပီဂျာနစ်ဟာ တစ်ပွဲမှာ ထိချက် ၁၅၀ ရှိသူအဖြစ် တောက်ပတဲ့ ခြေစွမ်း ပြသခဲ့ပါသေးတယ်။ သို့သော်လည်း ဒုတိယရာသီဝက်မှာ ပီဂျာနစ်ဟာ ‘Sarriball’ မှာ ခြေစွမ်းပြဖို့ ရုန်းကန်လာရတယ်။ အသက် ၃၀ အရွယ် ကစားသမားက ထိပ်တန်းဆိုတာ သံသယရှိစရာ မလိုပေမယ့် အာသာလို ငယ်ရွယ်သေးတဲ့ ကွင်းလယ်လူနဲ့ လဲမယ်ဆိုတာကို ပရိသတ်တွေ ဘဝင်မကျလှပါဘူး။

ဘာစီလိုနာပရိသတ်တွေ ဘဝင်မကျခြင်းမှာ အဓိက အကြောင်းရင်းတွေ အများကြီး ရှိလှပါတယ်။ ဒီကာလတွေမှာ ခံစစ်က ဆိုးရွားပေမယ့် ကလပ် တာဝန်ရှိသူတွေက အာရုံမစိုက်လှဘဲ အပေါ်ယံ ဖြေသိမ့်မှုတွေကိုပဲ လုပ်ပေးနေခဲ့တယ်။ အကယ်ဒမီ ကစားသမားတွေကို အခွင့်အရေးလည်း မပေးခဲ့ဘူး။

ဆမ်မီဒိုနဲ့ လိုဆယ်ဆို အလဲအထပ်မျိုးကို ပရိသတ်တွေ သိပ်ပြီး အပြစ်မတင်လှပေမယ့် ဆွာရက်စ်၊ မက်ဆီ ခေတ်လွန်မှာ ဘာစီလိုနာ ဘယ်လို ရပ်တည်မလဲဆိုတာအတွက် တုန်လှုပ်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။

ZAWGYI – ေနာက္ႏွစ္မွာေတာ့ ဘာစီလိုနာဟာ အသင္းဥကၠဌ ေရြးေကာက္ပြဲကို က်င္းပေတာ့မွာျဖစ္ျပီး လက္ရွိ ဥကၠဌ ဘာတိုျမဴကို ယွဥ္ျပိဳင္ဖို႔ ဥကၠဌေဟာင္း လာေပၚတာနဲ႔ ဒါရိုက္တာေဟာင္း အယ္ဘတ္ပါရင္တို႔ ဝင္ေရာက္ယွဥ္ျပိဳင္ဖြယ္ရွိတယ္။

လာေပၚတာက သူ႔ဥကၠဌအျဖစ္ ျပန္အေရြးခံရင္ ဂြာဒီယိုလာကို ႏူးကမ့္ထံ ျပန္ေခၚမယ္လို႔ မဲဆြယ္မႈကို စတင္ထားျပီး ေနာက္ထပ္ ေရြးေကာက္ခံ ပုဂၢိဳလ္ျဖစ္လာႏုိင္တဲ့ ပါရင္ကေတာ့ ဘာတိုျမဴဟာ ညံ့ဖ်င္းလြန္းသူျဖစ္ျပီး ကလပ္ရဲ႕ အနာဂတ္အတြက္ စိုးရိမ္ေနမိတယ္လို႔ အသင္းပရိသတ္ေတြနဲ႔ မတ္လတုန္းက ေတြ႔ဆံုမႈမွာ ထုတ္ေျပာထားပါတယ္။

၂၀၁၄ ခုႏွစ္မွာ ဆန္ဒရို ရိုဆဲလ္ထံကေန ဥကၠဌတာဝန္ကို လြဲေျပာင္းယူျပီးေနာက္ ဘာတိုျမဴဟာ ကစားသမား ၃၆ ဦးကို ေခၚယူဖို႔ ယူရို ၁ ဘီလီယံထိ အသံုးျပဳခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ေခၚယူမႈမွာ မွန္ကန္တယ္လို႔ ပရိသတ္ေတြကို စိတ္ေက်နပ္ေစမယ့္ ကစားသမားက ႏွစ္ဦးပဲ ရွိခဲ့ပါတယ္။ ဆြာရက္စ္နဲ႔ တာစတီဂန္ကို ေခၚယူမႈေတြကို ပရိသတ္ေတြက လက္ခံေပမယ့္ အမ္တီတီလို ကစားသမားကေတာင္ ပရိသတ္ေတြ ႏွစ္သက္ဖို႔ ခက္ခဲခဲ့တာပါ။

ဘာစီလိုနာ ပရိသတ္ေတြက ဒဏ္ရာသမား ဒမ္ဘီလီအတြက္ ေခၚယူမႈနဲ႔ ေကာ္တင္ညိဳအတြက္ ေခၚယူမႈေတြက မွားယြင္းခဲ့တယ္လို႔ ယူဆၾကတယ္။ ကလပ္ဟာ ဂရစ္စမန္းနဲ႔ ဒီေဂ်ာင္းတို႔ကို ေခၚယူျခင္းက မွန္ကန္ပါတယ္ဆိုတာ သက္ေသျပဖို႔လည္း ရုန္းကန္ေနပါတယ္။ ဒီလိုအေျခအေနမွာ ဘာစီလိုနာရဲ႕ ေနာက္ထပ္ ေျခလွမ္းကေတာ့ ပရိသတ္ေတြရဲ႔ ေဒါသကို သြားဆြသလို ျဖစ္လာခဲ့တယ္။

ဘာစီလိုနာရဲ႕ ေနာက္ထပ္ လုပ္ရွားမႈကေတာ့ ပီဂ်ာနစ္နဲ႔ အာသာတို႔ကို အလဲအထပ္ ရိုက္မယ့္ အေျပာင္းအေရႊ႔ပါပဲ။ ပီဂ်ာနစ္ဟာ တစ္ပြဲမွာ ထိခ်က္ ၁၅၀ ရွိသူအျဖစ္ ေတာက္ပတဲ့ ေျခစြမ္း ျပသခဲ့ပါေသးတယ္။ သို႔ေသာ္လည္း ဒုတိယရာသီဝက္မွာ ပီဂ်ာနစ္ဟာ ‘Sarriball’ မွာ ေျခစြမ္းျပဖို႔ ရုန္းကန္လာရတယ္။ အသက္ ၃၀ အရြယ္ ကစားသမားက ထိပ္တန္းဆိုတာ သံသယရွိစရာ မလိုေပမယ့္ အာသာလို ငယ္ရြယ္ေသးတဲ့ ကြင္းလယ္လူနဲ႔ လဲမယ္ဆိုတာကို ပရိသတ္ေတြ ဘဝင္မက်လွပါဘူး။

ဘာစီလိုနာပရိသတ္ေတြ ဘဝင္မက်ျခင္းမွာ အဓိက အေၾကာင္းရင္းေတြ အမ်ားၾကီး ရွိလွပါတယ္။ ဒီကာလေတြမွာ ခံစစ္က ဆိုးရြားေပမယ့္ ကလပ္ တာဝန္ရွိသူေတြက အာရံုမစိုက္လွဘဲ အေပၚယံ ေျဖသိမ့္မႈေတြကိုပဲ လုပ္ေပးေနခဲ့တယ္။ အကယ္ဒမီ ကစားသမားေတြကို အခြင့္အေရးလည္း မေပးခဲ့ဘူး။

ဆမ္မီဒိုနဲ႔ လိုဆယ္ဆို အလဲအထပ္မ်ိဳးကို ပရိသတ္ေတြ သိပ္ျပီး အျပစ္မတင္လွေပမယ့္ ဆြာရက္စ္၊ မက္ဆီ ေခတ္လြန္မွာ ဘာစီလိုနာ ဘယ္လို ရပ္တည္မလဲဆိုတာအတြက္ တုန္လႈပ္မႈေတြ ရွိေနၾကတာျဖစ္ပါတယ္။