NEWS: မန်စီးတီး ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ဥရောပပွဲတွေ ပြန်လည်ကစားခွင့် ပြဿနာတက်

UNICODE – ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်လို ဥရောပပြိုင်ပွဲတွေ ကစားဖို့ ကျန်ရှိနေတဲ့ အင်္ဂလန်အသင်းတွေဟာ လက်ကျန် ပွဲတွေ ကစားဖို့အတွက် ပြဿနာတစ်ခု ရင်ဆိုင်လာရပါတယ်။

ဗြိတိန်အာဏာပိုင်းတွေက ပြည်တွင်းပွဲတွေ ကစားဖို့ လမ်းပြန်ဖွင့်ပေးလာပေမယ့် အခြားနိုင်ငံက အသင်းတွေကို အင်္ဂလန်ပြည်တွင်း ဝင်ခွင့်ပေးဖို့ကိစ္စမှာတော့ ကွာရန်တင်း ၁၄ ရက်ထားဖို့ အမိန့်ထုတ်လိုက်တာပါ။ သောကြာနေ့ ကြေညာချက်အရ ဇွန်လ ၈ ရက်ကစလို့ တိုင်းပြည်တွင်း ဝင်ရောက်လာသူတိုင်းဟာ ၁၄ ရက် ကွာရန်တင်း ဝင်ကြရမှာဖြစ်ပါတယ်။

ဗြိတိန်အစိုးရရဲ့ စည်းကမ်းတွေဟာ အားကစားနယ်ပယ်အတွက်တော့ သတင်းကောင်း မဟုတ်ခဲ့ပါဘူး။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ဝင်ပြိုင်ရဖို့ ရှိနေသေးတဲ့ ဗြိတိန်ကလပ်တွေအတွက် ပြိုင်ဘက်အသင်းတွေကို ကွာရန်တင်း ၁၄ ရက်ဖြင့် စောင့်ကြည့်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စ ဖြစ်လာခဲ့တယ်။ ဒါပေမယ့်လို့ အခြားသော ဥရောပနိုင်ငံတွေကို ဝင်ရောက်ဖို့မှာလည်း တူညီတဲ့ ပြဿနာတွေ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် မန်ချက်စတာကို ဝင်ရောက်လာဖို့ အခက်တွေ့မှာဖြစ်တယ်။ ချယ်ဆီးကလည်း ဘိုင်ယန်မြူးနစ်ကို သွားရောက်ယှဉ်ပြိုင်ပြီး အင်္ဂလန်ပြည်တွင်း ပြန်ဝင်လာခဲ့မယ်ဆိုရင် တူညီတဲ့ ကွာရန်တင်းကာလကို ရင်ဆိုင်ရပါမယ်။ တူညီတဲ့ ကိစ္စအဖြစ် ယူနိုက်တက်ကလည်း ယူရိုပါလိဂ် ရံှူးထွက်အဆင့် ဒုတိယအကျော့ကို အိုထရတ်ဖိုဒ့်မှာ ဧည့်ခံရပါမယ်။

တစ်ဘက်မှာလည်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေကို ပြန်လည် စတင်မယ့်ရက်အား ယာယီ သက်မှတ်ထားတဲ့ နေ့စွဲတွေကလွဲလို့ အတည်ပြုလို့ မရသေးပါဘူး။ ပရီးမီးယားလိဂ်ဟာ ဇွန်လ ၁၂ ရက်ကို ပြန်စမယ့် ရက်အဖြစ် သက်မှတ်ထားပေမယ့် ပြန်ပြောင်းပေးဖို့လည်း ပြင်ဆင်ထားပြီး ဇွန်လ ၁၉ ရက်နေ့ကို ရွှေ့ဆိုင်းသွားနိုင်ပါတယ်။

ZAWGYI – ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္လို ဥေရာပျပိဳင္ပြဲေတြ ကစားဖို႔ က်န္ရွိေနတဲ့ အဂၤလန္အသင္းေတြဟာ လက္က်န္ ပြဲေတြ ကစားဖို႔အတြက္ ျပႆနာတစ္ခု ရင္ဆိုင္လာရပါတယ္။

ျဗိတိန္အာဏာပိုင္းေတြက ျပည္တြင္းပြဲေတြ ကစားဖို႔ လမ္းျပန္ဖြင့္ေပးလာေပမယ့္ အျခားႏုိင္ငံက အသင္းေတြကို အဂၤလန္ျပည္တြင္း ဝင္ခြင့္ေပးဖို႔ကိစၥမွာေတာ့ ကြာရန္တင္း ၁၄ ရက္ထားဖို႔ အမိန္႔ထုတ္လိုက္တာပါ။ ေသာၾကာေန႔ ေၾကညာခ်က္အရ ဇြန္လ ၈ ရက္ကစလို႔ တိုင္းျပည္တြင္း ဝင္ေရာက္လာသူတိုင္းဟာ ၁၄ ရက္ ကြာရန္တင္း ဝင္ၾကရမွာျဖစ္ပါတယ္။

ျဗိတိန္အစိုးရရဲ႕ စည္းကမ္းေတြဟာ အားကစားနယ္ပယ္အတြက္ေတာ့ သတင္းေကာင္း မဟုတ္ခဲ့ပါဘူး။ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္မွာ ဝင္ျပိဳင္ရဖို႔ ရွိေနေသးတဲ့ ျဗိတိန္ကလပ္ေတြအတြက္ ျပိဳင္ဘက္အသင္းေတြကို ကြာရန္တင္း ၁၄ ရက္ျဖင့္ ေစာင့္ၾကည့္ဖို႔ဆိုတာက မျဖစ္ႏုိင္တဲ့ ကိစၥ ျဖစ္လာခ့ဲတယ္။ ဒါေပမယ့္လို႔ အျခားေသာ ဥေရာပႏုိင္ငံေတြကို ဝင္ေရာက္ဖို႔မွာလည္း တူညီတဲ့ ျပႆနာေတြ ရွိေနပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ကစားဖို႔အတြက္ မန္ခ်က္စတာကို ဝင္ေရာက္လာဖို႔ အခက္ေတြ႔မွာျဖစ္တယ္။ ခ်ယ္ဆီးကလည္း ဘိုင္ယန္ျမဴးနစ္ကို သြားေရာက္ယွဥ္ျပိဳင္ျပီး အဂၤလန္ျပည္တြင္း ျပန္ဝင္လာခဲ့မယ္ဆိုရင္ တူညီတဲ့ ကြာရန္တင္းကာလကို ရင္ဆိုင္ရပါမယ္။ တူညီတဲ့ ကိစၥအျဖစ္ ယူႏုိက္တက္ကလည္း ယူရိုပါလိဂ္ ရံွဴးထြက္အဆင့္ ဒုတိယအေက်ာ့ကို အိုထရတ္ဖုိဒ့္မွာ ဧည့္ခံရပါမယ္။

တစ္ဘက္မွာလည္း ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲေတြကို ျပန္လည္ စတင္မယ့္ရက္အား ယာယီ သက္မွတ္ထားတဲ့ ေန႔စြဲေတြကလြဲလို႔ အတည္ျပဳလို႔ မရေသးပါဘူး။ ပရီးမီးယားလိဂ္ဟာ ဇြန္လ ၁၂ ရက္ကို ျပန္စမယ့္ ရက္အျဖစ္ သက္မွတ္ထားေပမယ့္ ျပန္ေျပာင္းေပးဖို႔လည္း ျပင္ဆင္ထားျပီး ဇြန္လ ၁၉ ရက္ေန႔ကို ေရႊ႔ဆိုင္းသြားႏုိင္ပါတယ္။