ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြေညာလိုက်တဲ့ ပိုချက်တီနို

UNICODE – ပရီးမီးယားလိဂ်ကလပ် တော်တင်ဟမ်မန်နေဂျာဟောင်း ပိုချက်တီနိုက အင်္ဂလန်ကို နှစ်သက်ပြီး ဘောလုံးလောကထဲ ပြန်ဝင်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ပြောလိုက်ပါတယ်။

ပိုချက်က ” ကျနော် အင်္ဂလန်ကို နှစ်သက်ပါတယ်။ ကျနော်ရဲ့ စိတ်ကူးကတော့ လန်ဒန်မှာနေဖို့ပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အခြားသော တိုင်းပြည်တွေကိုလည်း လမ်းဖွင့်ထားဆဲပါ။ ဘာတွေကမ်းလှမ်းလာမလဲဆိုတာကို နားထောင်ပါမယ်။

ကျနော် အဆင့်သင့် ဖြစ်နေသလို ကျနေ်ာတို့ကလည်း နည်းပြပိုင်းတွေမှာ ပိုမို ထူးချွန်နေပါပြီ။ အက်ပန်ညို၊ ဆောက်သမ်တန်၊ စပါးတို့မှာ ကိုင်တွယ်ခဲ့မှုတွေအရ အများာကီး သင်ယူခဲ့ရပါတယ်။ အနာဂတ်မှာ ကျနေ်ာတို့အပေါ် လူတွေ ယုံကြည်အောင်လည်း အများကြီး လုပ်ပြနိုင်ခဲ့ပါတယ်။

ကျနော်ရဲ့ မန်နေဂျာဘဝအရ သိရတာက အရေးကြီးတာ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ အသင်းကို ထောက်ခံအားပေးကြတဲ့ ပရိသတ်တွေဖြစ်တယ်။ ဒါက အသင်းကို ဖျော်ဖြေမှုပေးနိုင်တဲ့ ဘောလုံးဖြစ်လာစေဖို့ အထောက်အကူဖြစ်တယ်။ နောက်တစ်ခုကတော့ ကလပ်ရဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ကလပ်တိုင်းက ခြားနားတဲ့ ယဉ်ကျေးမှုနဲ့ အတွေးအမြင်တွေအပြင် အနာဂတ်မှာ အောင်မြင်ဖို့ အစီအစဉ်ရှိပါတယ်။

ကလပ်တစ်သင်းနဲ့ အောင်မြင်ဖို့ဆိုရင် ချန်ပီယံလိဂ် (သို့) ပရီးမီးယားလိဂ် အနိုင်ရဖို့လိုတယ်။ ဒါပေမယ့် အခြားအသင်းတွေအတွက်က ထိပ်ဆုံး လေးသင်းနဲ့ ခြောက်သင်းအဆင့်တွေကို ဝင်ခွင့်ရဖို့ပါပဲ။ ဥပမာ တောင်တင်ဟမ်ဆိုရင် ကွင်းသစ်ကို တည်ဆောက်ခဲ့ပြီး အသင်းကို ပြည့်စုံအောင်လည်း ဖန်တီးရတာကြောင့် အဆင့်လေး ဝင်ခွင့်ကိုပဲ အရယူရပါတယ် ” လို့ ဆိုခဲ့တယ်။

အနာဂတ်မှာ ထိပ်သီး ၆ သင်းပြင်ပက အသင်းတွေကို ကိုင်တွယ်မလား မေးခွန်းကိုလည်း ပိုချက်က ပြန်ဖြေပါတယ်။ ပိုချက်ဟာ ပိုင်ရှင်သစ်တွေ ဖြစ်လာမယ့် နယူးကာဆယ်အသင်းကို တာဝန်ယူဖို့ သတင်းကြီးနေတာဖြစ်တယ်။

” ပြဿနာက ထိပ်ဆုံး ၆ သင်းဆိုတာ ဘယ်အသင်းတွေလဲ။ ထိပ်ဆုံး ၆ သင်းဆိုတာက အမြဲတမ်း ပြောင်းနေတာပါ။ တော်တင်ဟမ် မဟုတ်ဘူး၊ စပါးလည်း မဟုတ်ဘူး။ အခြားအသင်းတွေကိုလည်း လေးစားရပါမယ်။ သူတို့ကလည်း ရင်းနှီးမြုပ်နှံမှုနဲ့ ကြိုးစားနေတာပါ။ ဘောလုံးရာသီတိုင်း ကလပ်တွေက ထိပ်ဆုံးလေးသင်းနဲ့ ထိပ်ဆုံး ၆ သင်းဝင်ဖို့ ရည်မှန်းကြတယ်။ သူတို့ကို အထင်သေးလို့ မရပါဘူး ” လို့ ပိုချက်က ဖြေသွားခဲ့ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ ေတာ္တင္ဟမ္မန္ေနဂ်ာေဟာင္း ပိုခ်က္တီႏိုက အဂၤလန္ကို ႏွစ္သက္ျပီး ေဘာလံုးေလာကထဲ ျပန္ဝင္လာဖို႔ အဆင္သင့္ျဖစ္ေနျပီလို႔ ထုတ္ေျပာလိုက္ပါတယ္။

ပိုခ်က္က ” က်ေနာ္ အဂၤလန္ကို ႏွစ္သက္ပါတယ္။ က်ေနာ္ရဲ႕ စိတ္ကူးကေတာ့ လန္ဒန္မွာေနဖို႔ပါပဲ။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ အျခားေသာ တိုင္းျပည္ေတြကိုလည္း လမ္းဖြင့္ထားဆဲပါ။ ဘာေတြကမ္းလွမ္းလာမလဲဆိုတာကို နားေထာင္ပါမယ္။

က်ေနာ္ အဆင့္သင့္ ျဖစ္ေနသလို က်ေန္ာတို႔ကလည္း နည္းျပပိုင္းေတြမွာ ပိုမို ထူးခၽြန္ေနပါျပီ။ အက္ပန္ညိဳ၊ ေဆာက္သမ္တန္၊ စပါးတို႔မွာ ကိုင္တြယ္ခဲ့မႈေတြအရ အမ်ားာကီး သင္ယူခဲ့ရပါတယ္။ အနာဂတ္မွာ က်ေန္ာတို႔အေပၚ လူေတြ ယံုၾကည္ေအာင္လည္း အမ်ားၾကီး လုပ္ျပႏုိင္ခဲ့ပါတယ္။

က်ေနာ္ရဲ႕ မန္ေနဂ်ာဘဝအရ သိရတာက အေရးၾကီးတာ ႏွစ္ခုရွိပါတယ္။ တစ္ခုကေတာ့ အသင္းကို ေထာက္ခံအားေပးၾကတဲ့ ပရိသတ္ေတြျဖစ္တယ္။ ဒါက အသင္းကို ေဖ်ာ္ေျဖမႈေပးႏုိင္တဲ့ ေဘာလံုးျဖစ္လာေစဖို႔ အေထာက္အကူျဖစ္တယ္။ ေနာက္တစ္ခုကေတာ့ ကလပ္ရဲ႕ လမ္းေၾကာင္းျဖစ္ပါတယ္။ ကလပ္တိုင္းက ျခားနားတဲ့ ယဥ္ေက်းမႈနဲ႔ အေတြးအျမင္ေတြအျပင္ အနာဂတ္မွာ ေအာင္ျမင္ဖို႔ အစီအစဥ္ရွိပါတယ္။

ကလပ္တစ္သင္းနဲ႔ ေအာင္ျမင္ဖို႔ဆိုရင္ ခ်န္ပီယံလိဂ္ (သို႔) ပရီးမီးယားလိဂ္ အႏုိင္ရဖို႔လိုတယ္။ ဒါေပမယ့္ အျခားအသင္းေတြအတြက္က ထိပ္ဆံုး ေလးသင္းနဲ႔ ေျခာက္သင္းအဆင့္ေတြကို ဝင္ခြင့္ရဖို႔ပါပဲ။ ဥပမာ ေတာင္တင္ဟမ္ဆိုရင္ ကြင္းသစ္ကို တည္ေဆာက္ခဲ့ျပီး အသင္းကို ျပည့္စံုေအာင္လည္း ဖန္တီးရတာေၾကာင့္ အဆင့္ေလး ဝင္ခြင့္ကိုပဲ အရယူရပါတယ္ ” လို႔ ဆိုခဲ့တယ္။

အနာဂတ္မွာ ထိပ္သီး ၆ သင္းျပင္ပက အသင္းေတြကို ကိုင္တြယ္မလား ေမးခြန္းကိုလည္း ပိုခ်က္က ျပန္ေျဖပါတယ္။ ပိုခ်က္ဟာ ပိုင္ရွင္သစ္ေတြ ျဖစ္လာမယ့္ နယူးကာဆယ္အသင္းကို တာဝန္ယူဖို႔ သတင္းၾကီးေနတာျဖစ္တယ္။

” ျပႆနာက ထိပ္ဆံုး ၆ သင္းဆိုတာ ဘယ္အသင္းေတြလဲ။ ထိပ္ဆံုး ၆ သင္းဆိုတာက အျမဲတမ္း ေျပာင္းေနတာပါ။ ေတာ္တင္ဟမ္ မဟုတ္ဘူး၊ စပါးလည္း မဟုတ္ဘူး။ အျခားအသင္းေတြကိုလည္း ေလးစားရပါမယ္။ သူတို႔ကလည္း ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ ၾကိဳးစားေနတာပါ။ ေဘာလံုးရာသီတိုင္း ကလပ္ေတြက ထိပ္ဆံုးေလးသင္းနဲ႔ ထိပ္ဆံုး ၆ သင္းဝင္ဖို႔ ရည္မွန္းၾကတယ္။ သူတို႔ကို အထင္ေသးလို႔ မရပါဘူး ” လို႔ ပိုခ်က္က ေျဖသြားခဲ့ပါတယ္။