NEWS: ကစားကွင်းထဲ ပရိသတ် ၂၅% ဝင်ခွင့်ပေးဖို့ တောင်းဆိုထားကြတဲ့ အင်္ဂလန်ကလပ်များ

UNICODE – အင်္ဂလန် EFL အဖွဲ့ဝင် ကလပ်တွေဟာ အသင်းတွေရဲ့ ရပ်တည်ချက်အတွက် ကစားကွင်းအတွင်း လျော့ချထားတဲ့ ပရိသတ် နှုန်းထားကို ဝင်ခွင့်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။

ဘဏ္ဍာရေးအခြေအနေအရ ပရိသတ်တွေရဲ့ ပွဲဝင်ကြည့်နှုန်းအပေါ်မှာပဲ အဓိက မှီခိုနေရတဲ့ လိဂ်ဝမ်းနဲ့ လိဂ်တူး ကလပ်တွေက တောင်းဆိုခဲ့ခြင်းဖြစ်တယ်။ အင်္ဂလန်အဆင့်နိမ့်တန်း လိဂ်တွေမှာ လူနည်းစုလောက်ကို ဝင်ခွင့်ပေးခြင်းက ဝင်ငွေ လုံးဝမရှိခြင်းကနေ လွှတ်မြောက်စေပြီး အသင်းတွေ မပြိုလဲဖို့ အထောက်အကူဖြစ်မယ်လို့ တောင်းဆိုထားတယ်။

လုံခြုံရေးဆိုင်ရာ အရာရှိတွေနဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အရာရှိတွေ ပူးပေါင်းပြီး ကလပ်တွေ ဆွေးနွေးနေမှုမှာ အောက်တိုဘာလကစကာ ကွင်းထဲ ပရိသတ် ၂၅% ဝင်ခွင့်ပေးဖို့ ဖြစ်ပါတယ်။ ဒီကိစ္စဟာ EFL ကလပ်တွေအပြင် National League လို အပျော်တမ်းအဆင့်အတွက်ပါ အဓိက ဆွေးနွေးစရာ ခေါင်းစဉ်အဆင့်ကိုလည်း ရောက်လာခဲ့ပါတယ်။

ကွင်းရဲ့ လေးချိုးတစ်ချိုးကိုပဲ ပရိသတ်တွေ ဝင်ခွင့်ပြုခြင်းနဲ့ ထိန်းသိမ်းရမယ့် အကွာအဝေး ကန့်သတ်ချက်ဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာခြင်းက ကပ်ဘေး ကူးစက်မှု ပျံ့ပွှားနှုန်းကို လျော့ချနိုင်ဦးမယ်လို့ ကလပ်တွေက ယုံကြည်တယ်။ ချန်ပီယံရှစ်အဆင့် အသင်းနှစ်သင်းလောက်ကလည်း ဒီဆွေးနွေးမှုကို ထောက်ခံတဲ့ အနေအထားတွေ ပြသထားပါတယ်။

ကစားကွင်းတွေထဲကို ပရိသတ် အကန့်အသတ် ဝင်ခွင့်ပေးဖို့ ကိစ္စကို EFL ကလပ်တွေပြီးရင် ပရီးမီးယားလိဂ်ကလည်း တူညီစွာ တောင်းဆိုလာမယ် မျှော်လင့်ခံထားရတယ်။ ဒီအကြံကို စကော်တလန်ကလပ်တွေလည်း စဉ်းစားနေပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးအတွင်း ကစားကွင်းတွေထဲ ပရိသတ်ဝင်ခွင့် လုံးဝ မပေးဖို့တော့ ကျန်မာရေးဆိုင်ရာ အဖွဲ့တွေက တရားဝင် တောင်းဆိုထားပါတယ်။

ပရီးမီးယားလိဂ် ဆေးအဖွဲ့ ဒါရိုက်တာ မက်ဂီလက်ကတော့ နောက်နှစ်ထိ ကစားကွင်းထဲ ပရိသတ်တွေ ဝင်ခွင့်ပေးလို့မရဘူးလို့ ဆိုထားခဲ့တယ်။ အခြေအနေတွေက နောက်ထပ် ၆ လ ကနေ ၁၂ လထိ ထူးခြားဦးမှာ မဟုတ်ဘူးလို့ ဆိုထားတာကြောင့် ဘောလုံးရာသီအပြီး တစ်ရာသီစာ လက်မှတ်တွေ ရောင်းထုတ်ရမယ့် ကာလမှာ ကလပ်တွေဟာ စတင်ပြီး ထိခိုက်မှုတွေ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ZAWGYI – အဂၤလန္ EFL အဖြဲ႔ဝင္ ကလပ္ေတြဟာ အသင္းေတြရဲ႕ ရပ္တည္ခ်က္အတြက္ ကစားကြင္းအတြင္း ေလ်ာ့ခ်ထားတဲ့ ပရိသတ္ ႏႈန္းထားကို ဝင္ခြင့္ေပးဖို႔ ေတာင္းဆိုမႈေတြ ရွိလာပါတယ္။

ဘ႑ာေရးအေျခအေနအရ ပရိသတ္ေတြရဲ႕ ပြဲဝင္ၾကည့္ႏႈန္းအေပၚမွာပဲ အဓိက မွီခိုေနရတဲ့ လိဂ္ဝမ္းနဲ႔ လိဂ္တူး ကလပ္ေတြက ေတာင္းဆိုခဲ့ျခင္းျဖစ္တယ္။ အဂၤလန္အဆင့္နိမ့္တန္း လိဂ္ေတြမွာ လူနည္းစုေလာက္ကို ဝင္ခြင့္ေပးျခင္းက ဝင္ေငြ လံုးဝမရွိျခင္းကေန လႊတ္ေျမာက္ေစျပီး အသင္းေတြ မျပိဳလဲဖို႔ အေထာက္အကူျဖစ္မယ္လို႔ ေတာင္းဆိုထားတယ္။

လံုျခံဳေရးဆိုင္ရာ အရာရွိေတြနဲ႔ ကိုဗစ္-၁၉ ဆိုင္ရာ အရာရွိေတြ ပူးေပါင္းျပီး ကလပ္ေတြ ေဆြးေႏြးေနမႈမွာ ေအာက္တိုဘာလကစကာ ကြင္းထဲ ပရိသတ္ ၂၅% ဝင္ခြင့္ေပးဖို႔ ျဖစ္ပါတယ္။ ဒီကိစၥဟာ EFL ကလပ္ေတြအျပင္ National League လို အေပ်ာ္တမ္းအဆင့္အတြက္ပါ အဓိက ေဆြးေႏြးစရာ ေခါင္းစဥ္အဆင့္ကိုလည္း ေရာက္လာခဲ့ပါတယ္။

ကြင္းရဲ႕ ေလးခ်ိဳးတစ္ခ်ိဳးကိုပဲ ပရိသတ္ေတြ ဝင္ခြင့္ျပဳျခင္းနဲ႔ ထိန္းသိမ္းရမယ့္ အကြာအေဝး ကန္႔သတ္ခ်က္ဆိုင္ရာ စည္းမ်ဥ္းေတြကို လိုက္နာျခင္းက ကပ္ေဘး ကူးစက္မႈ ပ်ံ႔ပႊားႏႈန္းကို ေလ်ာ့ခ်ႏုိင္ဦးမယ္လို႔ ကလပ္ေတြက ယံုၾကည္တယ္။ ခ်န္ပီယံရွစ္အဆင့္ အသင္းႏွစ္သင္းေလာက္ကလည္း ဒီေဆြးေႏြးမႈကို ေထာက္ခံတဲ့ အေနအထားေတြ ျပသထားပါတယ္။

ကစားကြင္းေတြထဲကို ပရိသတ္ အကန္႔အသတ္ ဝင္ခြင့္ေပးဖို႔ ကိစၥကို EFL ကလပ္ေတြျပီးရင္ ပရီးမီးယားလိဂ္ကလည္း တူညီစြာ ေတာင္းဆိုလာမယ္ ေမွ်ာ္လင့္ခံထားရတယ္။ ဒီအၾကံကို စေကာ္တလန္ကလပ္ေတြလည္း စဥ္းစားေနျပီး ကမၻာလံုးဆိုင္ရာ ကပ္ေဘးအတြင္း ကစားကြင္းေတြထဲ ပရိသတ္ဝင္ခြင့္ လံုးဝ မေပးဖို႔ေတာ့ က်န္မာေရးဆိုင္ရာ အဖြဲ႔ေတြက တရားဝင္ ေတာင္းဆိုထားပါတယ္။

ပရီးမီးယားလိဂ္ ေဆးအဖြဲ႔ ဒါရိုက္တာ မက္ဂီလက္ကေတာ့ ေနာက္ႏွစ္ထိ ကစားကြင္းထဲ ပရိသတ္ေတြ ဝင္ခြင့္ေပးလို႔မရဘူးလို႔ ဆိုထားခဲ့တယ္။ အေျခအေနေတြက ေနာက္ထပ္ ၆ လ ကေန ၁၂ လထိ ထူးျခားဦးမွာ မဟုတ္ဘူးလို႔ ဆိုထားတာေၾကာင့္ ေဘာလံုးရာသီအျပီး တစ္ရာသီစာ လက္မွတ္ေတြ ေရာင္းထုတ္ရမယ့္ ကာလမွာ ကလပ္ေတြဟာ စတင္ျပီး ထိခိုက္မႈေတြ ရင္ဆုိင္ရေတာ့မွာ ျဖစ္ပါတယ္။