ရာဘီရော့ကို ခေါ်ယူနိုင်ရေးမှာ အဲဗာတန်နဲ့အပြိုင် ကြိုးစားဖို့ ဝင်ရောက်လာတဲ့ အာဆင်နယ်

UNICODE – ဂျူဗင်တပ်အသင်းမှ ပြင်သစ်သား ကွင်းလယ်လူ ရာဘီရော့ကို ခေါ်ယူရေး ကိစ္စမှာ အာဆင်နယ်ကလည်း အဲဗာတန်နဲ့အပြိုင် ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။

တူရင်မှာ ပထဆုံး ဘောလုံးရာသီကို ခက်ခဲစွာ ရုန်းကန်နေရတဲ့ ရာဘီရော့ကို စီးရီအေကလပ်က ဒီနွေမှာ ရောင်းထုတ်သွားဖို့ လုပ်ဆောင်ဖွယ် ရှိနေတာပါ။ မန်နေဂျာဆာရီရဲ့ နည်းစနစ်နဲ့ အဆင်မပြေတဲ့ ကစားသမားကိုတော့ ကိုရိုနာကပ်ဘေးမှာ လုပ်ခပိုင်း လျော့ချမှုတွေ လုပ်ထားရတဲ့ ဂျူဗင်တပ်ဘက်က မီးစိမ်းပြထားတာဖြစ်ပါတယ်။

ဂျူဗင်တပ်က ကစားသမား ရှင်းထုတ်မှုတွေ လုပ်ဆောင်ရာမှာ ရာဘီရော့ကို အရောင်းစာရင်း တင်မှာဖြစ်တယ်။ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၄ ပွဲပဲ ကစားထားရပြီး ပွဲကစားခွင့် အကန့်အသတ်ရှိနေတဲ့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ကို အီတလီသား မန်နေဂျာကြီး ကိုင်တွယ်နေတဲ့ အဲဗာတန်က အရင်ဆုံး ကြိုးစားမှုတွေ ရှိထားခဲ့ပါတယ်။

ပြင်သစ်သား ပီအက်ဂျီမှာ ကစားနေစဉ်တည်းက လန်ဒန်အခြေစိုက်ကလပ် အာဆင်နယ်က စိတ်ဝင်စားမှုတွေ ရှိထားခဲ့တာပါ။ ဒီနွေမှာ ရာဘီရော့ကို ရောင်းထုတ်ဖို့ ပိုမို သေချာလာတဲ့နောက် အာဆင်နယ်ဘက်ကလည်း ကမ်းလှမ်းမှုလုပ်ဖို့ ဝင်ရောက်လိုကြောင်း ပြသလာခြင်းဖြစ်တယ်။ ကွင်းလယ်မှာ ရာဘီရော့နဲ့ ဂွမ်ဒူဇီကို တွဲဘက်ပေးဖို့ ဂန်းနားဘက်က အကြံရှိနေပါတယ်။

မန်နေဂျာအန်ဆယ်လော့တီဟာ ပီအက်ဂျီမှာတုန်းက ရာဘီရော့နဲ့ လက်တွဲထားဖူးပြီး မာဆေးဆိုဒ်ကလပ်မှာပါ ပြန်လည် လက်တွဲလိုပါတယ်။ အန်ဆယ်လော့တီက ရိုမားအသင်းမှ ပယ်လီဂရီနီကိုလည်း အလိုရှိနေကာ နှစ်ဦးထဲက တစ်ဦးကိုပဲ ခေါ်ယူခွင့်ရဖို့ ရှိနေတယ်။

ဂျူဗင်တပ်ကတော့ ရာဘီရော့အတွက် လုပ်ခနဲ့ အေးဂျင့်ကြေးတွေအဖြစ် ၎င်းတို့ ကန်ကျထားတဲ့ ပေါင် ၂၇ သန်း ဝန်းကျင်ကိုပဲ ပြောင်းရွှေ့ကြေးအဖြစ် ပြန်တောင်းလိုတယ်လို့ သိရပါတယ်။

ZAWGYI – ဂ်ဴဗင္တပ္အသင္းမွ ျပင္သစ္သား ကြင္းလယ္လူ ရာဘီေရာ့ကို ေခၚယူေရး ကိစၥမွာ အာဆင္နယ္ကလည္း အဲဗာတန္နဲ႔အျပိဳင္ ပါဝင္လာခဲ့ျပီလို႔ သိရပါတယ္။

တူရင္မွာ ပထဆံုး ေဘာလံုးရာသီကို ခက္ခဲစြာ ရုန္းကန္ေနရတဲ့ ရာဘီေရာ့ကို စီးရီေအကလပ္က ဒီေႏြမွာ ေရာင္းထုတ္သြားဖို႔ လုပ္ေဆာင္ဖြယ္ ရွိေနတာပါ။ မန္ေနဂ်ာဆာရီရဲ႕ နည္းစနစ္နဲ႔ အဆင္မေျပတဲ့ ကစားသမားကိုေတာ့ ကိုရိုနာကပ္ေဘးမွာ လုပ္ခပိုင္း ေလ်ာ့ခ်မႈေတြ လုပ္ထားရတဲ့ ဂ်ဴဗင္တပ္ဘက္က မီးစိမ္းျပထားတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္က ကစားသမား ရွင္းထုတ္မႈေတြ လုပ္ေဆာင္ရာမွာ ရာဘီေရာ့ကို အေရာင္းစာရင္း တင္မွာျဖစ္တယ္။ ဒီရာသီမွာ ျပိဳင္ပြဲစံု ၂၄ ပြဲပဲ ကစားထားရျပီး ပြဲကစားခြင့္ အကန္႔အသတ္ရွိေနတဲ့ အသက္ ၂၅ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူဖို႔ကို အီတလီသား မန္ေနဂ်ာၾကီး ကိုင္တြယ္ေနတဲ့ အဲဗာတန္က အရင္ဆံုး ၾကိဳးစားမႈေတြ ရွိထားခဲ့ပါတယ္။

ျပင္သစ္သား ပီအက္ဂ်ီမွာ ကစားေနစဥ္တည္းက လန္ဒန္အေျခစိုက္ကလပ္ အာဆင္နယ္က စိတ္ဝင္စားမႈေတြ ရွိထားခဲ့တာပါ။ ဒီေႏြမွာ ရာဘီေရာ့ကို ေရာင္းထုတ္ဖို႔ ပိုမို ေသခ်ာလာတဲ့ေနာက္ အာဆင္နယ္ဘက္ကလည္း ကမ္းလွမ္းမႈလုပ္ဖို႔ ဝင္ေရာက္လိုေၾကာင္း ျပသလာျခင္းျဖစ္တယ္။ ကြင္းလယ္မွာ ရာဘီေရာ့နဲ႔ ဂြမ္ဒူဇီကို တြဲဘက္ေပးဖို႔ ဂန္းနားဘက္က အၾကံရွိေနပါတယ္။

မန္ေနဂ်ာအန္ဆယ္ေလာ့တီဟာ ပီအက္ဂ်ီမွာတုန္းက ရာဘီေရာ့နဲ႔ လက္တြဲထားဖူးျပီး မာေဆးဆိုဒ္ကလပ္မွာပါ ျပန္လည္ လက္တြဲလိုပါတယ္။ အန္ဆယ္ေလာ့တီက ရိုမားအသင္းမွ ပယ္လီဂရီနီကိုလည္း အလိုရွိေနကာ ႏွစ္ဦးထဲက တစ္ဦးကိုပဲ ေခၚယူခြင့္ရဖို႔ ရွိေနတယ္။

ဂ်ဴဗင္တပ္ကေတာ့ ရာဘီေရာ့အတြက္ လုပ္ခနဲ႔ ေအးဂ်င့္ေၾကးေတြအျဖစ္ ၄င္းတို႔ ကန္က်ထားတဲ့ ေပါင္ ၂၇ သန္း ဝန္းက်င္ကိုပဲ ေျပာင္းေရႊ႔ေၾကးအျဖစ္ ျပန္ေတာင္းလိုတယ္လို႔ သိရပါတယ္။