NEWS: နယူးကာဆယ်ကို ပိုင်ရှင်သစ်ထံ လွဲပြောင်းမှုကိစ္စ နောက်အပတ်မှာ အပြီးသတ်နိုင်မည်

UNICODE – နယူးကာဆယ်အသင်းကို ပေါင် သန်း ၃၀၀ ဖြင့် လွဲပြောင်ယူမှု ကိစ္စတွေဟာ နောက်အပတ်မှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်နိုင်ပြီဖြစ်ကြောင်း တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

ဆော်ဒီ အာရေဗျဘက်က ဝယ်ယူမယ့် ကိစ္စကို ပရီးမီးယားလိဂ်က စုံးစမ်းမှုကာလတွေကို ကျော်ဖြတ်လာခဲ့အပြီးမှာ အပြီးသတ်ဖို့ နီးစပ်သွားတာဖြစ်တယ်။ မတ်လအကုန်မှာ စာချုပ်စာတမ်းဘက်ကို စတင်ရောက်လာတဲ့ နယူးကာဆယ်ကို ဝယ်ယူမှုကိစ္စအတွက် အသင်းပိုင်ရှင် အက်ရှလေဟာ စရန် ပေါင် ၁၇ သန်းကိုလည်း ရထားခဲ့ပြီဖြစ်ပါတယ်။

ရင်းနှီးမြုပ်နှံမှုကို ဦးဆောင်သူ အမန်ဒါ စတိဗ်လေရဲ့ ဦးဆောင်မှုနဲ့အတူ နယူးကာဆယ်အသင်းအား လွဲပြောင်းယူမှု ကိစ္စကို အပြီးသတ်နိုင်ဖို့ အချိန် ကန့်သတ်မထားပဲ လုပ်ဆောင်နေခဲ့တာပါ။ ပိုင်ရှင်သစ်ရဲ့ စီပွားရေးလုပ်ငန်းဖြစ်တဲ့ beIN Sports ဟာ ပရီးမီးယားလိဂ်ပွဲတွေကို ပြသခွင့်မှာ မူပိုင်ခွင့် ချိုးဖောက်မှုပိုင်းမှာ ပါဝင်နေသလို လွဲပြောင်းယူခွင့်က ကြာမြင့်နေခဲ့တာပါ။

ဆော်ဒီ အာရေဗျပိုင်ရှင်တွေဟာ လူအခွင့်အရေးဆိုင်ရာမှာ စွဲချက်တွေရှိထားသလို အထက်က မူပိုင်ခွင့်အတွက် စုံစမ်းမှုတွေ ရှိနေခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အပြီးသတ်ဖို့ နီးလာခဲ့ပါပြီ။ နောက်အပတ်ကတော့ တရားဝင် အပြီးသတ်မှုတွေနဲ့အတူ ပိုင်ရှင်သစ် လွဲပြောင်းမှုတွေကို ကြေညာချက်တွေပါ လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါတယ်။

နယူးကာဆယ်ကို လွဲယူမယ့်အဖွဲ့က ကမ္ဘာပေါ်မှာ ရင်းနှီးမြုပ်နှံငွေကြေး အတောင့်တင်းဆုံးကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Public Investment Fund of Saudi Arabia (PIF) ဖြစ်ပါတယ်။ အဆိုပါ ရင်းနှီးမြုပ်နှံမှု အဖွဲ့ဟာ ဆော်ဒီအာရေးဗျရဲ့ အာဏာပိုင်အဖွဲ့က ထူထောင်ထားတဲ့ ရင်းနှီးမြုပ်နှံမှုအဖွဲ့တစ်ခုဖြစ်တယ်။

PIF အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ရံပုံငွေက ဒေါ်လာ ဘီလီယံ ၃၂၀ ရှိတာကြောင့် ၎င်းတို့အဖွဲ့ရဲ့ လွဲပြောင်းယူမှုပြီးရင် နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်မှာ အချမ်းသာဆုံး ပိုင်ရှင်ရှိတဲ့ အသင်း ဖြစ်လာပါလိမ့်မယ်။ ဒါဟာ အင်္ဂလန်လိဂ်ကို ခါယမ်းသွားနိုင်တဲ့ လှုပ်ရှားမှုလို့လည်း သုံးသပ်ထားကြတာဖြစ်ပါတယ်။

ZAWGYI – နယူးကာဆယ္အသင္းကို ေပါင္ သန္း ၃၀၀ ျဖင့္ လြဲေျပာင္ယူမႈ ကိစၥေတြဟာ ေနာက္အပတ္မွာ အျပီးသတ္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ႏုိင္ျပီျဖစ္ေၾကာင္း တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

ေဆာ္ဒီ အာေရဗ်ဘက္က ဝယ္ယူမယ့္ ကိစၥကို ပရီးမီးယားလိဂ္က စံုးစမ္းမႈကာလေတြကို ေက်ာ္ျဖတ္လာခဲ့အျပီးမွာ အျပီးသတ္ဖို႔ နီးစပ္သြားတာျဖစ္တယ္။ မတ္လအကုန္မွာ စာခ်ဳပ္စာတမ္းဘက္ကို စတင္ေရာက္လာတဲ့ နယူးကာဆယ္ကို ဝယ္ယူမႈကိစၥအတြက္ အသင္းပိုင္ရွင္ အက္ရွေလဟာ စရန္ ေပါင္ ၁၇ သန္းကိုလည္း ရထားခဲ့ျပီျဖစ္ပါတယ္။

ရင္းႏွီးျမဳပ္ႏွံမႈကို ဦးေဆာင္သူ အမန္ဒါ စတိဗ္ေလရဲ႕ ဦးေဆာင္မႈနဲ႔အတူ နယူးကာဆယ္အသင္းအား လြဲေျပာင္းယူမႈ ကိစၥကို အျပီးသတ္ႏုိင္ဖို႔ အခ်ိန္ ကန္႔သတ္မထားပဲ လုပ္ေဆာင္ေနခဲ့တာပါ။ ပိုင္ရွင္သစ္ရဲ႕ စီပြားေရးလုပ္ငန္းျဖစ္တဲ့ beIN Sports ဟာ ပရီးမီးယားလိဂ္ပြဲေတြကို ျပသခြင့္မွာ မူပိုင္ခြင့္ ခ်ိဳးေဖာက္မႈပိုင္းမွာ ပါဝင္ေနသလို လြဲေျပာင္းယူခြင့္က ၾကာျမင့္ေနခဲ့တာပါ။

ေဆာ္ဒီ အာေရဗ်ပိုင္ရွင္ေတြဟာ လူအခြင့္အေရးဆိုင္ရာမွာ စြဲခ်က္ေတြရွိထားသလို အထက္က မူပိုင္ခြင့္အတြက္ စံုစမ္းမႈေတြ ရွိေနခဲ့တာျဖစ္ျပီး အခုခ်ိန္မွာေတာ့ အျပီးသတ္ဖို႔ နီးလာခဲ့ပါျပီ။ ေနာက္အပတ္ကေတာ့ တရားဝင္ အျပီးသတ္မႈေတြနဲ႔အတူ ပိုင္ရွင္သစ္ လြဲေျပာင္းမႈေတြကို ေၾကညာခ်က္ေတြပါ လုပ္ေဆာင္သြားဖို႔ ရည္မွန္းထားပါတယ္။

နယူးကာဆယ္ကို လြဲယူမယ့္အဖြဲ႔က ကမၻာေပၚမွာ ရင္းႏွီးျမဳပ္ႏွံေငြေၾကး အေတာင့္တင္းဆံုးကို ပိုင္ဆုိင္ထားတဲ့ အဖြဲ႔အစည္းျဖစ္တဲ့ Public Investment Fund of Saudi Arabia (PIF) ျဖစ္ပါတယ္။ အဆုိပါ ရင္းႏွီးျမဳပ္ႏွံမႈ အဖြဲ႔ဟာ ေဆာ္ဒီအာေရးဗ်ရဲ႕ အာဏာပိုင္အဖြဲ႔က ထူေထာင္ထားတဲ့ ရင္းႏွီးျမဳပ္ႏွံမႈအဖြဲ႔တစ္ခုျဖစ္တယ္။

PIF အဖြဲ႔ရဲ႕ ကမၻာလံုးဆိုင္ရာ ရင္းႏွီးျမဳပ္ႏွံမႈ ရံပံုေငြက ေဒၚလာ ဘီလီယံ ၃၂၀ ရွိတာေၾကာင့္ ၄င္းတို႔အဖြဲ႔ရဲ႕ လြဲေျပာင္းယူမႈျပီးရင္ နယူးကာဆယ္ဟာ ပရီးမီးယားလိဂ္မွာ အခ်မ္းသာဆံုး ပိုင္ရွင္ရွိတဲ့ အသင္း ျဖစ္လာပါလိမ့္မယ္။ ဒါဟာ အဂၤလန္လိဂ္ကို ခါယမ္းသြားႏုိင္တဲ့ လႈပ္ရွားမႈလို႔လည္း သံုးသပ္ထားၾကတာျဖစ္ပါတယ္။