သောကြာနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

UNICODE – ဖီဖာဘက်က ကိုရိုနာကပ်ဘေးကြောင့် ဘဏ္ဍာရေး ထိခိုက်မှုတွေ ရှိနေတဲ့ ကလပ်တွေအတွက် လာမယ့်ရာသီ နွေဈေးကွက်ကို ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်ထိ ဖွင့်ပေးဖို့ လုပ်ဆောင်နေပါတယ်။

ပရီးမီးယားလိဂ်ဟာ ကိုရိုနာဗိုင်းရပ် စစ်ဆေးမှု ဒုတိယအကျော့ လုပ်ငန်းစဉ်တွေကို ဒီကနေ့ သောကြာနေ့မှာ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ ပထမအကြိမ် စစ်ဆေးမှုမှာတော့ ပိုးတွေ့သူ ၆ ဦး ရှိထားပါတယ်။

ချယ်ဆီးအသင်းဟာ ဘာစီလိုနာမှ ထိပ်တန်း လူငယ်ခံစစ်သမားဖြစ်သူ နယ်သာလန်သား ဇာဗီယာကို လန်ဒန်ကို ခေါ်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

အာဆင်နယ်ဟာ ဘာစီလိုနာ နောက်ခံလူ အမ်တီတီကို ဆက်သွယ်နေသလို ဒေါ့မွန်မှ ခံစစ်သမား အကန်ဂျီကိုလည်း ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခွင့်ရအောင် သဘောတူညီမှု ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ပြင်သစ်ကလပ်ဟာ စီးရီးအေကလပ် အင်တာမီလန်ကနေ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး အယ်ကာဒီကို ကနဦး ယူရို သန်း ၅၀ အပြင် ထပ်တိုး ၁၀ သန်း ပါဝင်မယ့် ကမ်းလှမ်းမှု စတင်ပြုလုပ်ထားပါတယ်။

ပရီးမီးယားလိဂ်ကို ပြန်လည် စတင်တဲ့အခါမှာ ကလပ်တွေရဲ့ နည်းစနစ် အပြောင်းအလဲအဖြစ် ဖိအားပေးမှုနှုန်း လျော့ကျသွားပြီး၊ တစ်ဦးချင်း ထိပ်တိုက်တွေ့မှုနှုန်းကလည်း လျော့ကျသွားလိမ့်မယ်လို့ The Athletic က သုံးသပ်မှု လုပ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်ဟာ ဇူလိုင်လ ၁ ရက်နေ့မှာတော့ ကစားသမား ၇ ဦးထိကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုမယ့် အနေအထားမှာ ရှိနေပါတယ်။

ချယ်ဆီး ခံစစ်သမား ဇာပါကော်စတာဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကနေ ပြန်ကောင်းလာနေပြီဖြစ်တာကြောင့် အငှားကစားနေတဲ့ ရိုးမားမှာပဲ ဆက်လက်ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။

အင်္ဂလန်ဘောလုံး အမှတ်ပေးလိဂ်တွေထဲက EFL လိဂ်တွေဖြစ်တဲ့ ချန်ပီယံရှစ်၊ လိဂ်-ဝမ်း နဲ့ လိဂ်-တူး ပြိုင်ပွဲတွေကို ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်း မရှိရင်လည်း တန်းတက် တန်းဆင်းစနစ် ဆက်ရှိနေမယ်လို့ လိဂ်တာဝန်ရှိသူတွေက အတည်ပြု ကြေညာလိုက်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကတော့ လေ့ကျင့်ဖို့ သဘောမတူကြတဲ့ ဒီနေး၊ ကန်တေလို ကစားသမားတွေ အပေါ် လေးစားမှုရှိကြောင်းနဲ့ လူတိုင်း ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိလို့ နားလည်ပေးဖို့လိုကြောင်း ပြောဆိုခဲ့ပါတယ်။

လူငယ် ကြယ်ပွင့်လေး ဘယ်လင်ဟမ်ကို ယူနိုက်တက်က ခေါ်ယူပြီးရင်လည်း လက်ရှိကလပ် ဘာမင်ဂမ်စီးတီးကိုပဲ အငှားချပေးဖို့ ဘာမင်ဂမ်အသင်း ကစားသမားဟောင်းကြီး ဖရန်စစ်က တိုက်တွန်းစကား ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်း အားကစားဒါရိုက်တာ အီဒူးက လူငယ်တိုက်စစ်မှူး မာတင်နယ်လီကို ချီးကျူးခဲ့သလို ဘရာဇီးတိုက်စစ်သမားက အာဆင်နယ်ရဲ့ အနာဂတ်အတွက် အရေးပါသူဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ကမ္ဘာရှေ့အကျဆုံးသော ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး ယှဉ်ပြိုင်လာခဲ့တဲ့ သက်တမ်း နှစ်ပေါင်း ၁၄၉ နှစ်ရှိပြီဖြစ်တဲ့ အက်ဖ်အေဖလားကို ဒီရာသီမှာ ဆက်လက် ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲမှုတွေ ရှိနေကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

ကမ္ဘာကျော် ဘောလုံးအကယ်ဒမီဖြစ်တဲ့ ဘာစီလိုနာရဲ့ လာမာဆီယာဟာ ထူးချွန် လူငယ်တွေကို ပရီးမီးယားလိဂ်နဲ့ ဥရောပ ပြိုင်ဘက်ကလပ်တွေထံ ဆက်တိုက် လက်လွတ်ပေးနေရတယ်လို့ သိရပါတယ်။

ZAWGYI – ဖီဖာဘက္က ကိုရိုနာကပ္ေဘးေၾကာင့္ ဘ႑ာေရး ထိခိုက္မႈေတြ ရွိေနတဲ့ ကလပ္ေတြအတြက္ လာမယ့္ရာသီ ေႏြေစ်းကြက္ကို ၂၀၂၁ ခုႏွစ္ မတ္လ ၂၁ ရက္ထိ ဖြင့္ေပးဖို႔ လုပ္ေဆာင္ေနပါတယ္။

ပရီးမီးယားလိဂ္ဟာ ကိုိုရိုနာဗိုင္းရပ္ စစ္ေဆးမႈ ဒုတိယအေက်ာ့ လုပ္ငန္းစဥ္ေတြကို ဒီကေန႔ ေသာၾကာေန႔မွာ လုပ္ေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္။ ပထမအၾကိမ္ စစ္ေဆးမႈမွာေတာ့ ပိုးေတြ႔သူ ၆ ဦး ရွိထားပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဘာစီလိုနာမွ ထိပ္တန္း လူငယ္ခံစစ္သမားျဖစ္သူ နယ္သာလန္သား ဇာဗီယာကို လန္ဒန္ကို ေခၚထုတ္ႏိုင္ဖို႔ ၾကိဳးစားေနပါတယ္။

အာဆင္နယ္ဟာ ဘာစီလိုနာ ေနာက္ခံလူ အမ္တီတီကို ဆက္သြယ္ေနသလို ေဒါ့မြန္မွ ခံစစ္သမား အကန္ဂ်ီကိုလည္း ေပါင္ ၂၅ သန္းနဲ႔ ေခၚယူခြင့္ရေအာင္ သေဘာတူညီမႈ ယူဖို႔ ၾကိဳးစားေနတယ္လို႔ သိရပါတယ္။

ျပင္သစ္ကလပ္ဟာ စီးရီးေအကလပ္ အင္တာမီလန္ကေန အငွားေခၚယူထားတဲ့ တိုက္စစ္မွဴး အယ္ကာဒီကို ကနဦး ယူရို သန္း ၅၀ အျပင္ ထပ္တိုး ၁၀ သန္း ပါဝင္မယ့္ ကမ္းလွမ္းမႈ စတင္ျပဳလုပ္ထားပါတယ္။

ပရီးမီးယားလိဂ္ကို ျပန္လည္ စတင္တဲ့အခါမွာ ကလပ္ေတြရဲ႕ နည္းစနစ္ အေျပာင္းအလဲအျဖစ္ ဖိအားေပးမႈႏႈန္း ေလ်ာ့က်သြားျပီး၊ တစ္ဦးခ်င္း ထိပ္တိုက္ေတြ႔မႈႏႈန္းကလည္း ေလ်ာ့က်သြားလိမ့္မယ္လို႔ The Athletic က သံုးသပ္မႈ လုပ္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ ဘုန္းေမာက္ဟာ ဇူလိုင္လ ၁ ရက္ေန႔မွာေတာ့ ကစားသမား ၇ ဦးထိကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာခြင့္ ျပဳမယ့္ အေနအထားမွာ ရွိေနပါတယ္။

ခ်ယ္ဆီး ခံစစ္သမား ဇာပါေကာ္စတာဟာ ျပင္းထန္တဲ့ ဒူးဒဏ္ရာကေန ျပန္ေကာင္းလာေနျပီျဖစ္တာေၾကာင့္ အငွားကစားေနတဲ့ ႐ိုးမားမွာပဲ ဆက္လက္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အဂၤလန္ေဘာလံုး အမွတ္ေပးလိဂ္ေတြထဲက EFL လိဂ္ေတြျဖစ္တဲ့ ခ်န္ပီယံရွစ္၊ လိဂ္-ဝမ္း နဲ႔ လိဂ္-တူး ျပိဳင္ပြဲေတြကို ဆက္လက္ ယွဥ္ျပိဳင္ႏိုင္ျခင္း မရွိရင္လည္း တန္းတက္ တန္းဆင္းစနစ္ ဆက္ရွိေနမယ္လို႔ လိဂ္တာဝန္ရွိသူေတြက အတည္ျပဳ ေၾကညာလိုက္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကေတာ့ ေလ့က်င့္ဖို႔ သေဘာမတူၾကတဲ့ ဒီေနး၊ ကန္ေတလို ကစားသမားေတြ အေပၚ ေလးစားမႈရွိေၾကာင္းနဲ႕ လူတိုင္း ကုိယ့္အေၾကာင္းနဲ႕ ကိုယ္ရွိလို႔ နားလည္ေပးဖို႔လိုေၾကာင္း ေျပာဆိုခဲ့ပါတယ္။

လူငယ္ ၾကယ္ပြင့္ေလး ဘယ္လင္ဟမ္ကို ယူနိုက္တက္က ေခၚယူျပီးရင္လည္း လက္ရွိကလပ္ ဘာမင္ဂမ္စီးတီးကိုပဲ အငွားခ်ေပးဖို႔ ဘာမင္ဂမ္အသင္း ကစားသမားေဟာင္းၾကီး ဖရန္စစ္က တိုက္တြန္းစကား ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အသင္း အားကစားဒါရိုက္တာ အီဒူးက လူငယ္တိုက္စစ္မွဴး မာတင္နယ္လီကို ခ်ီးက်ဴးခဲ့သလို ဘရာဇီးတိုက္စစ္သမားက အာဆင္နယ္ရဲ႕ အနာဂတ္အတြက္ အေရးပါသူျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။

ကမၻာေရွ႔အက်ဆံုးေသာ ေဘာလံုးျပိဳင္ပြဲတစ္ခုျဖစ္ျပီး ယွဥ္ျပိဳင္လာခဲ့တဲ့ သက္တမ္း ႏွစ္ေပါင္း ၁၄၉ ႏွစ္ရွိျပီျဖစ္တဲ့ အက္ဖ္ေအဖလားကို ဒီရာသီမွာ ဆက္လက္ ယွဥ္ျပိဳင္ႏုိင္ဖို႔ ခက္ခဲမႈေတြ ရွိေနေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

ကမၻာေက်ာ္ ေဘာလံုးအကယ္ဒမီျဖစ္တဲ့ ဘာစီလိုနာရဲ႕ လာမာဆီယာဟာ ထူးခၽြန္ လူငယ္ေတြကို ပရီးမီးယားလိဂ္နဲ႔ ဥေရာပ ျပိဳင္ဘက္ကလပ္ေတြထံ ဆက္တိုက္ လက္လြတ္ေပးေနရတယ္လို႔ သိရပါတယ္။