NEWS: ကပ်ဘေးအတွင်း ဈေးကြီးတဲ့ အပြောင်းအရွှေ့လုပ်ဖို့ ညိနှိုင်းမှု စတင်လိုက်တဲ့ PSG

UNICODE – ဒီရာသီ ပြည်တွင်းပွဲအဖြစ် မြက်ခင်းပြင်ပေါ် ပြန်လည် ခြေချနိုင်ခွင့် မရှိတော့တဲ့ ပီအက်ဂျီဟာ လာမယ့်ရာသီအတွက် ရည်ရွယ်တဲ့ အားဖြည့်မှုတွေကို စတင်လုပ်ဆောင်လာပြီဖြစ်ကြောင်း စကိုင်း အီတလီက ဖော်ပြသွားပါတယ်။

ပြင်သစ်ကလပ်ဟာ စီးရီးအေကလပ် အင်တာမီလန်ကနေ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး အယ်ကာဒီကို အပြီးသတ် ခေါ်ယူဖို့ တရားဝင် ညိနှိုင်းနေပြီဖြစ်ပါတယ်။ လီဂူးဝမ်း ပထမဆုံးရာသီမှာ ၃၁ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားတဲ့ အယ်ကာဒီဟာ ယူရို ၇၀ သန်းဖြင့် ဝယ်ယူခွင့်ဆိုတဲ့ သဘောတူညီမှုနဲ့ ပြင်သစ်လိဂ်မှာ အငှားထွက်ကစားနေတာပါ။

ပီအက်ဂျီဘက်က တရားဝင် ဆွေးနွေးမှုမှာတော့ ကနဦး ယူရို သန်း ၅၀ အပြင် ထပ်တိုး ၁၀ သန်း ပါဝင်မယ့် ကမ်းလှမ်းမှုဖြစ်ပါတယ်။ ဆွေးနွေးမှုက သိပ်လွယ်ဖွယ် မရှိပေမယ့် ဆက်လက် လုပ်ဆောင်နေကြတယ်။ ပီအက်ဂျီနဲ့ အင်တာမီလန်ကြား သဘောတူညီထားတဲ့ ယူရို သန်း ၇၀ တန် သဘောတူညီမှုကတော့ မေလ ၃၁ ရက်မှာ ကုန်ဆုံးမှာပါ။

ပီအက်ဂျီဘက်ကတော့ အလျင်လိုတဲ့ ဆွေးနွေးမှုကို အမြန် လုပ်နေပြီး ကလပ်နှစ်သင်းနဲ့ အိုင်ကာဒီပါတဲ့ သုံးပွင့်ဆိုင် ညိနှိုင်းမှုကို လုပ်ဆောင်နေတာဖြစ်တယ်။ အင်တာမီလန်ဘက်က လက်ခံပေးဖို့ အခြေအနေကို ဦးတည်လိမ့်မယ်လို့လည်း ကြားထားရကာ ကစားသမားရဲ့ သဘောထားကလည်း ဒီအပြောင်းအရွှေ့မှာ အရေးကြီးပါတယ်။

ကိုရိုနာကပ်ဘေး ဝင်ရောက်လာခြင်းကြောင့် ဥရောပကလပ်တွေ ထိခိုက်မှုတွေရှိလာခဲ့တာကြောင့် နွေဈေးကွက်ကိုပါ ထိခိုက်တော့မှာပါ။ လီဂူးဝမ်းဟာ ဥရောပ ကြီး ၅ ကြီး လိဂ်တွေထဲမှာ ထိခိုက်မှု အနည်းဆုံးဖြစ်ပြီး စီးရီးအေကလည်း ယူရို သန်း ၇၅၀ လောက်ထိ ဆုံးရံှူးမယ်လို့ ခန့်မှန်းထားရပါတယ်။

ZAWGYI – ဒီရာသီ ျပည္တြင္းပြဲအျဖစ္ ျမက္ခင္းျပင္ေပၚ ျပန္လည္ ေျခခ်နုိင္ခြင့္ မရွိေတာ့တဲ့ ပီအက္ဂ်ီဟာ လာမယ့္ရာသီအတြက္ ရည္ရြယ္တဲ့ အားျဖည့္မႈေတြကို စတင္လုပ္ေဆာင္လာျပီျဖစ္ေၾကာင္း စကိုင္း အီတလီက ေဖာ္ျပသြားပါတယ္။

ျပင္သစ္ကလပ္ဟာ စီးရီးေအကလပ္ အင္တာမီလန္ကေန အငွားေခၚယူထားတဲ့ တိုက္စစ္မွဴး အယ္ကာဒီကို အျပီးသတ္ ေခၚယူဖို႔ တရားဝင္ ညိႏိႈင္းေနျပီျဖစ္ပါတယ္။ လီဂူးဝမ္း ပထမဆံုးရာသီမွာ ၃၁ ပြဲကစားျပီး ဂိုး ၂၀ သြင္းယူထားတဲ့ အယ္ကာဒီဟာ ယူရို ၇၀ သန္းျဖင့္ ဝယ္ယူခြင့္ဆိုတဲ့ သေဘာတူညီမႈနဲ႔ ျပင္သစ္လိဂ္မွာ အငွားထြက္ကစားေနတာပါ။

ပီအက္ဂ်ီဘက္က တရားဝင္ ေဆြးေႏြးမႈမွာေတာ့ ကနဦး ယူရို သန္း ၅၀ အျပင္ ထပ္တိုး ၁၀ သန္း ပါဝင္မယ့္ ကမ္းလွမ္းမႈျဖစ္ပါတယ္။ ေဆြးေႏြးမႈက သိပ္လြယ္ဖြယ္ မရွိေပမယ့္ ဆက္လက္ လုပ္ေဆာင္ေနၾကတယ္။ ပီအက္ဂ်ီနဲ႔ အင္တာမီလန္ၾကား သေဘာတူညီထားတဲ့ ယူရို သန္း ၇၀ တန္ သေဘာတူညီမႈကေတာ့ ေမလ ၃၁ ရက္မွာ ကုန္ဆံုးမွာပါ။

ပီအက္ဂ်ီဘက္ကေတာ့ အလ်င္လိုတဲ့ ေဆြးေႏြးမႈကို အျမန္ လုပ္ေနျပီး ကလပ္ႏွစ္သင္းနဲ႔ အိုင္ကာဒီပါတဲ့ သံုးပြင့္ဆိုင္ ညိႏိႈင္းမႈကို လုပ္ေဆာင္ေနတာျဖစ္တယ္။ အင္တာမီလန္ဘက္က လက္ခံေပးဖို႔ အေျခအေနကို ဦးတည္လိမ့္မယ္လို႔လည္း ၾကားထားရကာ ကစားသမားရဲ႕ သေဘာထားကလည္း ဒီအေျပာင္းအေရႊ႔မွာ အေရးၾကီးပါတယ္။

ကိုရိုနာကပ္ေဘး ဝင္ေရာက္လာျခင္းေၾကာင့္ ဥေရာပကလပ္ေတြ ထိခိုက္မႈေတြရွိလာခဲ့တာေၾကာင့္ ေႏြေစ်းကြက္ကိုပါ ထိခိုက္ေတာ့မွာပါ။ လီဂူးဝမ္းဟာ ဥေရာပ ၾကီး ၅ ၾကီး လိဂ္ေတြထဲမွာ ထိခိုက္မႈ အနည္းဆံုးျဖစ္ျပီး စီးရီးေအကလည္း ယူရို သန္း ၇၅၀ ေလာက္ထိ ဆံုးရံွဴးမယ္လို႔ ခန္႔မွန္းထားရပါတယ္။