ဆောင်းပါး| မက္ကဆီကို လမ်းကြားမှသည် ပရီးမီးယားလိဂ် ထိပ်တန်းတိုက်စစ်မှူးဖြစ်လာသူ ဂျီမီးနက်စ်

UNICODE – “ ဒီမှာတော့ သူ့ကို မချစ်ခင်တဲ့သူ တစ်ဦးမှရှိမယ် မထင်ပါဘူး။ သူက ရိုးသားတယ်၊ ကောင်းမွန်တဲ့မိသားစုကနေ လာသူဖြစ်တယ်။ လူတိုင်း သူ့ကို ချစ်ကြပါတယ်။ ”

ဝုဗ်ဗာဟမ်တန်က လူတွေကပဲ ရာအူး ဂျီမီးနက်စ်ကို ချစ်ခင်ကြတာ မဟုတ်ပါဘူး။ မိုင်ပေါင်း ၅၀၀၀ လောက်ဝေးတဲ့ မက္ကဆီကိုက သတ္တုတွင်းဟောင်းတွေရှိတဲ့ မြို့ငယ်လေး တစ်မြို့ဖြစ်တဲ့ တပ်ပါဂျီ ဒယ်ရီယိုက လူတိုင်းကတော့ ဂျီမီးနက်စ်ကို ချစ်ကြပါတယ်။ ဒီစကားတွေကို ပြောပြသူက ဟီဒယ်ဂိုးပြည်နယ်မှာရှိတဲ့ ဒေသခံ အပျော်တမ်း ဘောလုံးအသင်းဖြစ်တဲ့ တပ်ပါဂျီရဲ့ ဥက္ကဌဖြစ်သူ ကာလိုစ့် နားဗက်ပါပဲ။

ဟီဒယ်ဂိုးပြည်နယ်မှာတော့ ဘာသာရေးဆိုင်ရာ သီတင်းပတ်မှာ အပျော်တမ်းအသင်းတွေအတွက် ပြိုင်ပွဲတစ်ရပ်ရှိပြီး အနိုင်ရတဲ့ အသင်းက ယူရို ၅၅၀၀ နဲ့ ညီမျှတဲ့ မက်ဆီကန်ပီဆို ၁၂၀၀၀၀ ကို ရရှိပါတယ်။ ဂျီမီးနက်က အဲ့လို ပြိုင်ပွဲတွေပဲရှိတဲ့ မြို့ငယ်လေးက ပေါ်ထွက်လာတဲ့ ဘောလုံးသမားဖြစ်ပါတယ်။

“ သူ့အတွက် အရမ်း ဂုဏ်ယူပါတယ်။ သူက ကျနေ်ာတို့ဆီက လူငယ်တိုင်းရဲ့ စံပြကစားသမားဖြစ်ပါတယ်။ ရာအူးကိုကြည့်ပြီး သူတို့လေးတွေက မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ မှတ်ယူကြတယ် ” လို့ နားဗက်က ပြောပါတယ်။

ရာအူး ဂျင်မီးနက်စ်ဟာ မက္ကဆီကိုရဲ့ သူရဲကောင်းအဖြစ်ကို လွယ်လွယ်ရလာခဲ့တာ မဟုတ်ပါဘူး။ အသက် ၂၇ နှစ်အရွယ်ထိ ဘင်ဖီကာမှာ ပွဲအများအပြား ကစားခဲ့ရစဉ် အရန်အဖြစ်ပဲ လူစားဝင်ခွင့် ရခဲ့တာပါ။ မက္ကဆီကို လက်ရွေးစင်မှာလည်း လူတိုင်းက ဂျာဗီယာ ဟာနန်ဒက်စ်ကိုပဲ တိုင်းပြည်ရဲ့ နံပါတ်-၁ တိုက်စစ်မှူးအဖြစ် အချစ်ပိုခဲ့ကြပါတယ်။

ရိုးသားပြီး ကိုယ်ကျိုးမငဲ့ပဲ ကြိုးစားတဲ့ ဂျီမီးနက်စ်ဟာ ၂၀၂၀ မှာတော့ ဥရောပမှာ ပြီးပြည့်စုံမှုရှိတဲ့ အထောင်တိုက်စစ်သမား တစ်ဦးအဖြစ် တောက်ပလာခဲ့သလို မက္ကဆီကိုရဲ့ ဟီးရိုးတစ်ဦး ဖြစ်လာနေခဲ့ပါပြီ။ သူဟာ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းဖို့တင် မဟုတ်ပါဘူး အသင်းဖော်တွေအတွက် ကိုယ်ကျိုးမငဲ့ပဲ အသင်းအတွက် ဦးတည်ပြီး ကစားသူအဖြစ် စွမ်းဆောင်ပြထားပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ဝုဗ်အတွက် ၄၄ ပွဲ ကစားထားတဲ့ ဂျင်မီးနက်စ်က သွင်းဂိုး ၂၂ ဂိုး သွင်းယူထားပါတယ်။ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၃ ဂိုး သွင်းထားပြီး ဝုဗ်ကို ရမှတ်အားဖြင့် ၁၆ မှတ်ရစေခဲ့တယ်။ ဒီရာသီမှာ ဘယ်တိုက်စစ်မှူးကမှ ဂျင်မီးနက်စ်လောက် ရမှတ်ယူပေးနိုင်မှု မများပါဘူး။ နောက်ပြီး သူဟာ အသင်းဖော် ထရာအိုရေး တစ်ဦးတည်းအတွက်ကိုပဲ ဂိုးဖန်တီးမှု ၈ ကြိမ် လုပ်ပေးထားပါတယ်။ သူတို့အတွဲက ပရီးမီးယားလိဂ်မှာ အကျိုးအဖြစ်ဆုံး တိုက်စစ်အတွဲလည်း ဖြစ်နေပါတယ်။

သို့ပေမယ့်လည်း အချက်အလက်တွေက ဂျင်မီးနက်စ် ဘယ်လို ကစားသမားလဲဆိုတာကို သေချာ မပြောနိုင်ပါဘူး။ သူ့ရဲ့ ရိုးသားမှုနဲ့ ကြိုးစားမှုကို သူ့ရဲ့ မြို့လေးက မမေ့သလို သူကလည်း ဇာတိမြို့ကို ဘယ်တော့မှ မမေ့ပါဘူး။

တပ်ပါဂျီမှာ အသက် ၉ နှစ်အရွယ် ကောင်လေးတစ်ဦး ပြင်းထန်တဲ့ စက်ဘီးမတော်တဆမှုဖြစ်တော့ ဂျင်မီးနက်စ်က FaceTime ကနေ ဖုန်းခေါ်ပြီး ကောင်းလေးကို ဖုန်းဆက် အားပေးခဲ့တယ်။ တပ်ပါဂျီက အမျိုးသမီးအသင်းဟာ ဟီဒယ်ဂိုးပြည်နယ်ရဲ့ ချန်ပီယံဖြစ်တော့ သူက ဗီဒီယိုနဲ့ ဂုဏ်ပြုစကား ပြောဆိုခဲ့တယ်။

တပ်ပါဂျီ မြို့စင်တာနားက မြက်ခင်းသေးလေးဟာ ဂျင်မီးနက်စ်ရဲ့ သူ့ရဲ့ ဝမ်းကွဲတွေ ဘောလုံးကစားတဲ့ နေရာပါ။ အခုတော့ အဲ့ကွင်းက တပ်ပါဂျီရဲ့ အဓိက ဘက်စ်ကားမှတ်တိုင် ဖြစ်ပါတယ်။ အရင် ၂၂ နှစ်တုန်းကတော့ အဲ့နေရာက ဂျီမီးနက်စ်အတွက် အရေးပါခဲ့ပြီး ဂိုးတိုင်မရှိပါပဲ ပျော်ရွှင်စွာ ကစားခဲ့တဲ့ နေရာဖြစ်ခဲ့ပါတယ်။ တစ်ရက်မှာတော့ သူတို့ ဘောလုံးကစားရာနေရာမှာ ဘိလပ်မြေအိတ်တွေကို တစ်ဦးက လာတင်ထားခဲ့တယ်။

ဂျီမီးနက်စ်ရဲ့ ဝမ်းကွဲဖြစ်သူ ဖလိုးရက်စ်က ” အဲ့မှာပဲ ရာအူးက ဂိုးတစ်ဂိုးသွင်းပြီး ဘားတန်းကိုကိုင်ပြီး အောင်ပွဲခံမှု လုပ်ခဲ့တယ်။ ရှိသမျှဟာတွေ သူ့အပေါ် ပြုတ်ကျလာခဲ့တာပါပဲ။ ဘိလပ်မြေအိတ်က သူ့ခေါင်းပေါ်ကို ပြုတ်ကျပြီး သွေးတွေ စီးကျလာခဲ့တယ်။ လူတိုင်းက အလန့်တကြား အော်တော့တာပေါ့။ ကျနော် ဦးလေးကလည်း သိပ်အံသြွားခဲ့တယ်။ ခင်ဗျားတို့ သတိထားကြည့်ရင် သူ့ခေါင်းရဲ့ ညာဘက်မှာ အမာရွတ်ကြီးကို အခုထိ မြင်ကြရမှာပါ။ တီဗီမှာ သူ့ကိုမြင်တိုင်း အဲ့နေ့ကို အမှတ်ရနေဆဲပါ ” လို့ ပြောပြခဲ့တယ်။

၂၀၁၈ ခုနှစ်တုန်းက ရုရှား ကမ္ဘာဖလားမှာ မက္ကဆီကိုအတွက် ဂျင်မီးနက်စ်နဲ့အတူ တွဲကစားခဲ့တဲ့ တိုက်စစ်မှူး ကားလိုစ်ဗီလာကတော့ “ ဂျင်မီးနက်စ်က သူ ဘာလိုချင်တယ်ဆိုတာနဲ့ ဘာတွေရနိုင်မယ်ဆိုတာကို အာရုံစိုက်သူပါ။ ဒါကြောင့်လည်း ဒီကနေ့ ဒီအဆင့်ကို ရောက်လာခဲ့တာပါပဲ။ သိပ်ကောင်းတဲ့ စိတ်ဓါတ်ပိုင်းရှိတယ်၊ ဝေဖန်းမှုတွေကြောင့်လည်း ကိုယ်ဘာသာ ထိခိုက်မခံဘူး။ အောင်မြင်မှုတွေကို သွားဖို့ ဘယ်လို ကျင့်ကြံရမလဲဆိုတာကို နားလည်တဲ့ ကစားသမားဖြစ်ပါတယ် ” လို့ ချီးကျူးခဲ့တယ်။

၂၀၁၄ မှာတုန်းက အသက် ၂၃ နှစ်အရွယ် ဂျီမီးနက်စ်ဟာ ဥရောပကို စတင် ခြေချမှုအဖြစ် စပိန်ကလပ် အက်သလက်တီကိုထံ ပြောင်းရွှေ့ခဲ့ပါတယ်။ မက်ဒရစ်မှာ မျှော်လင့်ထားသလို မပြသနိုင်တဲ့ ပုံစံတွေကြောင့် ဝေဖန်မှုတွေ သူ့အပေါ် ပုံကျခဲ့တယ်။ ကလပ် အမေရိကကနေ ပေါင် ၁၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် အက်သလက်တီကိုမှာ ၂၇ ပွဲ ကစားပြီး ၁ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။

ထိုစဉ်တုန်းက ဂျင်မီးနက်စ်ကပဲ “ ဒီယေဂို ဖော်လန်၊ ဒီယေဂို ကော်စတာ၊ ဖယ်ကာအိုတို့လို ကစားသမားတွေကို လိုက်မှီဖို့ ကြိုးစားရတာက မလွယ်လှပါဘူးဗျာ ” လို့ စပိန်သတင်းဌာန အေအက်စ်နဲ့ အင်တာဗျူးမှာ ဖြေပေးခဲ့တယ်။

တစ်နှစ်ပဲ ကစားခဲ့ပြီး ဘင်ဖီကာကို ပြောင်းခဲ့စဉ်မှာ ကျောနံပါတ် ၉ ဂျာစီကို ရယူခဲ့တယ်။ ပထမဆုံး ရာသီမှာ ၄၅ ပွဲ ကစားပြီး ၁၂ ဂိုးသွင်းခဲ့သလို ဘိုင်ယန်ကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ကပ်ပြုတ်ခဲ့စဉ် သွင်းယူခဲ့တဲ့ သွင်းဂိုးလည်း ပါခဲ့သေးတယ်။ အဲ့နောက်တော့ သူဟာ မက္ကဆီကို သမိုင်းမှာ ဈေးအကြီးဆုံး ကစားသမားအဖြစ် ဘင်ဖီကကို အပြီးသတ် ပြောင်းခဲ့ပါတယ်။ သုံးရာသီအတွင်း ပွဲပေါင်း ၈၀ ကစားခဲ့ပေမယ့် ပွဲ ၂၀ ကိုပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရခဲ့တယ်။

ဘင်ဖီကာမှာလည်း သူက ၁၈ ဂိုးသွင်းပြီး ၁၁ ကြိမ် ဂိုးထောက်ပံ့မှုလုပ်ခဲ့ကာ အကျိုးဖြစ်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ အဲ့နောက်တော့ အင်္ဂလန်အလယ်ပိုင်းက မြို့ငယ်လေးဖြစ်တဲ့ ဝုဗ်ဗာဟမ်တန်ကို ရောက်ဖို့ ဖြစ်လာခဲ့တာပါပဲ။ ဝုဗ်ဟာ ပရီးမီးယားလိဂ်ကို ပြန်လည် တန်းတက်ခွင့်ရလာခဲ့ပြီး မန်နေဂျာဆန်တိုနဲ့အတူ ဖွဲ့စည်းလာတဲ့ လူစာရင်းအသစ်က ပရီးမီးယားလိဂ်မှာ ကျင်လည်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ရှိခဲ့တယ်။

အင်္ဂလန်မှာလည်း အသားကျဖို့ရာ ရုန်းကန်နေရတဲ့ ဂျင်မီးနက်စ်က ပထမဆုံး ၁၀ ပွဲအတွင်း ၂ ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ကံကောင်းခြင်တော့ ဝုဗ်ရဲ့ နည်းစနစ် အပြောင်းအလဲက သူ့ကို ကယ်တင်ခဲ့တာဖြစ်ပြီး ဂိုးတွေဆက်တိုက် ပြန်ယူလာနိုင်ခဲ့တယ်။

ပရီးမီးယားလိဂ်မှာ အထင်ကြီးခံရတဲ့ မက္ကဆီကိုသား ဖြစ်ဖို့ကလည်း ဖိအားတွေ ရှိပါတယ်။ သူ့မတိုင်ခင် ချီချာရီတိုဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ပွဲ ၁၅၈ ပွဲမှာ သွင်းဂိုး ၅၃ ဂိုးထိ သွင်းယူခဲ့တာကြောင့် ပိုကောင်းတဲ့ အဆင့်တွေ လုပ်ပြဖို့ လိုခဲ့တာပါ။ လက်ရွေးစင်အဆင့်မှာ ချီချာရီတိုရဲ့ အရိပ်အောက်မှာ ရှိခဲ့တဲ့ ဂျီမီးနက်စ်ဟာ ပရီးမီးယားလိဂ်မှာလည်း အတော်လေး ကြိုးစားခဲ့ရပြီး ဒီကနေ့မှာတော့ မက္ကဆီကိုရဲ့ သြဇာအရှိဆုံး ဘောလုံးသမား ဖြစ်လာခဲ့ပါပြီ။

အာဆင်နယ် ကစားသမားဟောင်း ဗီလာက “ သူက အသိအမှတ်ပြုမှုတွေကို ရသင့်သူပါ။ ပရီးမီးယားလိဂ်မှာ ကျနော်က သုံးရာသီ ကစားခဲ့ပေမယ့် မပျော်ခဲ့ရပါဘူး။ အဲ့လိဂ်မှာ ကျနော် သက်သောင့်သက်သာ မရှိခဲ့သလို ဒါကြောင့်လည်း ကျနေ်ာကို ချီးကျူးမှုတွေ မရှိခဲ့ဘူး။ ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်ပြီး ပွဲတွေက သိပ်ကြပ်လွန်းပါတယ်။ မက္ကဆီကိုသားအဖြစ် ဂျီမီးနက်စ်နဲ့ ပက်သက်ပြီး ကျနော် ဂုဏ်ယူတယ်၊ သူနဲ့အတူ တွဲကစားရတာကိုလည်း ဂုဏ်ယူပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ရာအူး ဂျီမီးနက်စ်ရဲ့ စိတ်ကူးအိပ်မက်ထဲက တစ်ခုကတော့ တစ်ရက်မှာ လူတိုင်းကသူ့ကို တပ်ပါဂျီးရဲ့ အထင်ကရအဖြစ် အမှတ်ရဖို့ဖြစ်ပြီး ဇာတိမြေရဲ့ အထင်ကြီးခြင်းကို ခံရဖို့ပါ။ ဒီအိပ်မက်က ရောက်နေခဲ့ပြီးလား ဆက်သွားရဦးမလားဆိုတာကိုတော့ သူပဲ သိပါလိမ့်မယ်။ မက္ကဆီကိုက လူတွေကတော့ ကမ္ဘာအကောင်းဆုံး လိဂ်မှာ တောက်ပနေတဲ့ ဂျီမီးနက်စ်အတွက် ဂုဏ်ယူနေကြပြီဖြစ်ပါတယ်။

မှတ်ချက်။ The Athletic က ဖော်ပြတဲ့ The rise of Raul Jimenez ဆောင်းပါးကို ပြန်ရေးခြင်းဖြစ်ပါတယ်။

ZAWGYI – “ ဒီမွာေတာ့ သူ႔ကို မခ်စ္ခင္တဲ့သူ တစ္ဦးမွရွိမယ္ မထင္ပါဘူး။ သူက ရိုးသားတယ္၊ ေကာင္းမြန္တဲ့မိသားစုကေန လာသူျဖစ္တယ္။ လူတိုင္း သူ႔ကို ခ်စ္ၾကပါတယ္။ ”

ဝုဗ္ဗာဟမ္တန္က လူေတြကပဲ ရာအူး ဂ်ီမီးနက္စ္ကို ခ်စ္ခင္ၾကတာ မဟုတ္ပါဘူး။ မိုင္ေပါင္း ၅၀၀၀ ေလာက္ေဝးတဲ့ မကၠဆီကိုက သတၱဳတြင္းေဟာင္းေတြရွိတဲ့ ျမိဳ႔ငယ္ေလး တစ္ျမိဳ႔ျဖစ္တဲ့ တပ္ပါဂ်ီ ဒယ္ရီယိုက လူတိုင္းကေတာ့ ဂ်ီမီးနက္စ္ကို ခ်စ္ၾကပါတယ္။ ဒီစကားေတြကို ေျပာျပသူက ဟီဒယ္ဂိုးျပည္နယ္မွာရွိတဲ့ ေဒသခံ အေပ်ာ္တမ္း ေဘာလံုးအသင္းျဖစ္တဲ့ တပ္ပါဂ်ီရဲ႕ ဥကၠဌျဖစ္သူ ကာလိုစ့္ နားဗက္ပါပဲ။

ဟီဒယ္ဂိုးျပည္နယ္မွာေတာ့ ဘာသာေရးဆိုင္ရာ သီတင္းပတ္မွာ အေပ်ာ္တမ္းအသင္းေတြအတြက္ ျပိဳင္ပြဲတစ္ရပ္ရွိျပီး အႏုိင္ရတဲ့ အသင္းက ယူရို ၅၅၀၀ နဲ႔ ညီမွ်တဲ့ မက္ဆီကန္ပီဆို ၁၂၀၀၀၀ ကို ရရွိပါတယ္။ ဂ်ီမီးနက္က အဲ့လို ျပိဳင္ပြဲေတြပဲရွိတဲ့ ျမိဳ႔ငယ္ေလးက ေပၚထြက္လာတဲ့ ေဘာလံုးသမားျဖစ္ပါတယ္။

“ သူ႔အတြက္ အရမ္း ဂုဏ္ယူပါတယ္။ သူက က်ေန္ာတို႔ဆီက လူငယ္တုိင္းရဲ႕ စံျပကစားသမားျဖစ္ပါတယ္။ ရာအူးကိုၾကည့္ျပီး သူတို႔ေလးေတြက မျဖစ္ႏုိင္ဘူးဆိုတာ မရွိဘူးလို႔ မွတ္ယူၾကတယ္ ” လို႔ နားဗက္က ေျပာပါတယ္။

ရာအူး ဂ်င္မီးနက္စ္ဟာ မကၠဆီကိုရဲ႕ သူရဲေကာင္းအျဖစ္ကို လြယ္လြယ္ရလာခ့ဲတာ မဟုတ္ပါဘူး။ အသက္ ၂၇ ႏွစ္အရြယ္ထိ ဘင္ဖီကာမွာ ပြဲအမ်ားအျပား ကစားခဲ့ရစဥ္ အရန္အျဖစ္ပဲ လူစားဝင္ခြင့္ ရခ့ဲတာပါ။ မကၠဆီကို လက္ေရြးစင္မွာလည္း လူတိုင္းက ဂ်ာဗီယာ ဟာနန္ဒက္စ္ကိုပဲ တိုင္းျပည္ရဲ႕ နံပါတ္-၁ တိုက္စစ္မွဴးအျဖစ္ အခ်စ္ပိုခဲ့ၾကပါတယ္။

ရိုးသားျပီး ကိုယ္က်ိဳးမငဲ့ပဲ ၾကိဳးစားတဲ့ ဂ်ီမီးနက္စ္ဟာ ၂၀၂၀ မွာေတာ့ ဥေရာပမွာ ျပီးျပည့္စံုမႈရွိတဲ့ အေထာင္တိုက္စစ္သမား တစ္ဦးအျဖစ္ ေတာက္ပလာခဲ့သလို မကၠဆီကိုရဲ႕ ဟီးရိုးတစ္ဦး ျဖစ္လာေနခဲ့ပါျပီ။ သူဟာ တိုက္စစ္ပိုင္းမွာ ဂိုးသြင္းဖို႔တင္ မဟုတ္ပါဘူး အသင္းေဖာ္ေတြအတြက္ ကိုယ္က်ိဳးမငဲ့ပဲ အသင္းအတြက္ ဦးတည္ျပီး ကစားသူအျဖစ္ စြမ္းေဆာင္ျပထားပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ဝုဗ္အတြက္ ၄၄ ပြဲ ကစားထားတဲ့ ဂ်င္မီးနက္စ္က သြင္းဂိုး ၂၂ ဂိုး သြင္းယူထားပါတယ္။ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၃ ဂိုး သြင္းထားျပီး ဝုဗ္ကို ရမွတ္အားျဖင့္ ၁၆ မွတ္ရေစခဲ့တယ္။ ဒီရာသီမွာ ဘယ္တိုက္စစ္မွဴးကမွ ဂ်င္မီးနက္စ္ေလာက္ ရမွတ္ယူေပးႏုိင္မႈ မမ်ားပါဘူး။ ေနာက္ျပီး သူဟာ အသင္းေဖာ္ ထရာအိုေရး တစ္ဦးတည္းအတြက္ကိုပဲ ဂိုးဖန္တီးမႈ ၈ ၾကိမ္ လုပ္ေပးထားပါတယ္။ သူတို႔အတြဲက ပရီးမီးယားလိဂ္မွာ အက်ိဳးအျဖစ္ဆံုး တိုက္စစ္အတြဲလည္း ျဖစ္ေနပါတယ္။

သို႔ေပမယ့္လည္း အခ်က္အလက္ေတြက ဂ်င္မီးနက္စ္ ဘယ္လို ကစားသမားလဲဆိုတာကို ေသခ်ာ မေျပာႏုိင္ပါဘူး။ သူ႔ရဲ႕ ရိုးသားမႈနဲ႔ ၾကိဳးစားမႈကို သူ႔ရဲ႕ ျမိဳ႕ေလးက မေမ့သလို သူကလည္း ဇာတိျမိဳ႔ကို ဘယ္ေတာ့မွ မေမ့ပါဘူး။

တပ္ပါဂ်ီမွာ အသက္ ၉ ႏွစ္အရြယ္ ေကာင္ေလးတစ္ဦး ျပင္းထန္တဲ့ စက္ဘီးမေတာ္တဆမႈျဖစ္ေတာ့ ဂ်င္မီးနက္စ္က FaceTime ကေန ဖုန္းေခၚျပီး ေကာင္းေလးကို ဖုန္းဆက္ အားေပးခဲ့တယ္။ တပ္ပါဂ်ီက အမ်ိဳးသမီးအသင္းဟာ ဟီဒယ္ဂိုးျပည္နယ္ရဲ႕ ခ်န္ပီယံျဖစ္ေတာ့ သူက ဗီဒီယိုနဲ႔ ဂုဏ္ျပဳစကား ေျပာဆိုခဲ့တယ္။

တပ္ပါဂ်ီ ျမိဳ႕စင္တာနားက ျမက္ခင္းေသးေလးဟာ ဂ်င္မီးနက္စ္ရဲ႕ သူ႔ရဲ႕ ဝမ္းကြဲေတြ ေဘာလံုးကစားတဲ့ ေနရာပါ။ အခုေတာ့ အဲ့ကြင္းက တပ္ပါဂ်ီရဲ႕ အဓိက ဘက္စ္ကားမွတ္တိုင္ ျဖစ္ပါတယ္။ အရင္ ၂၂ ႏွစ္တုန္းကေတာ့ အဲ့ေနရာက ဂ်ီမီးနက္စ္အတြက္ အေရးပါခဲ့ျပီး ဂိုးတိုင္မရွိပါပဲ ေပ်ာ္ရႊင္စြာ ကစားခဲ့တဲ့ ေနရာျဖစ္ခဲ့ပါတယ္။ တစ္ရက္မွာေတာ့ သူတို႔ ေဘာလံုးကစားရာေနရာမွာ ဘိလပ္ေျမအိတ္ေတြကို တစ္ဦးက လာတင္ထားခဲ့တယ္။

ဂ်ီမီးနက္စ္ရဲ႕ ဝမ္းကြဲျဖစ္သူ ဖလိုးရက္စ္က ” အဲ့မွာပဲ ရာအူးက ဂိုးတစ္ဂိုးသြင္းျပီး ဘားတန္းကိုကိုင္ျပီး ေအာင္ပြဲခံမႈ လုပ္ခဲ့တယ္။ ရွိသမွ်ဟာေတြ သူ႔အေပၚ ျပဳတ္က်လာခဲ့တာပါပဲ။ ဘိလပ္ေျမအိတ္က သူ႔ေခါင္းေပၚကို ျပဳတ္က်ျပီး ေသြးေတြ စီးက်လာခဲ့တယ္။ လူတိုင္းက အလန္႔တၾကား ေအာ္ေတာ့တာေပါ့။ က်ေနာ္ ဦးေလးကလည္း သိပ္အံၾသြားခဲ့တယ္။ ခင္ဗ်ားတို႔ သတိထားၾကည့္ရင္ သူ႔ေခါင္းရဲ႕ ညာဘက္မွာ အမာရြတ္ၾကီးကို အခုထိ ျမင္ၾကရမွာပါ။ တီဗီမွာ သူ႔ကိုျမင္တိုင္း အဲ့ေန႔ကို အမွတ္ရေနဆဲပါ ” လို႔ ေျပာျပခဲ့တယ္။

၂၀၁၈ ခုႏွစ္တုန္းက ရုရွား ကမၻာဖလားမွာ မကၠဆီကိုအတြက္ ဂ်င္မီးနက္စ္နဲ႔အတူ တြဲကစားခဲ့တဲ့ တိုက္စစ္မွဴး ကားလိုစ္ဗီလာကေတာ့ “ ဂ်င္မီးနက္စ္က သူ ဘာလိုခ်င္တယ္ဆိုတာနဲ႔ ဘာေတြရႏုိင္မယ္ဆိုတာကို အာရံုစိုက္သူပါ။ ဒါေၾကာင့္လည္း ဒီကေန႔ ဒီအဆင့္ကို ေရာက္လာခ့ဲတာပါပဲ။ သိပ္ေကာင္းတဲ့ စိတ္ဓါတ္ပိုင္းရွိတယ္၊ ေဝဖန္းမႈေတြေၾကာင့္လည္း ကိုယ္ဘာသာ ထိခိုက္မခံဘူး။ ေအာင္ျမင္မႈေတြကို သြားဖို႔ ဘယ္လို က်င့္ၾကံရမလဲဆိုတာကို နားလည္တဲ့ ကစားသမားျဖစ္ပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့တယ္။

၂၀၁၄ မွာတုန္းက အသက္ ၂၃ ႏွစ္အရြယ္ ဂ်ီမီးနက္စ္ဟာ ဥေရာပကို စတင္ ေျခခ်မႈအျဖစ္ စပိန္ကလပ္ အက္သလက္တီကိုထံ ေျပာင္းေရႊ႔ခဲ့ပါတယ္။ မက္ဒရစ္မွာ ေမွ်ာ္လင့္ထားသလို မျပသႏုိင္တဲ့ ပံုစံေတြေၾကာင့္ ေဝဖန္မႈေတြ သူ႔အေပၚ ပံုက်ခဲ့တယ္။ ကလပ္ အေမရိကကေန ေပါင္ ၁၁ သန္းနဲ႔ ေျပာင္းေရႊ႔ခဲ့ေပမယ့္ အက္သလက္တီကိုမွာ ၂၇ ပြဲ ကစားျပီး ၁ ဂိုးပဲ သြင္းႏုိင္ခဲ့ပါတယ္။

ထိုစဥ္တုန္းက ဂ်င္မီးနက္စ္ကပဲ “ ဒီေယဂို ေဖာ္လန္၊ ဒီေယဂို ေကာ္စတာ၊ ဖယ္ကာအိုတို႔လို ကစားသမားေတြကို လိုက္မွီဖို႔ ၾကိဳးစားရတာက မလြယ္လွပါဘူးဗ်ာ ” လို႔ စပိန္သတင္းဌာန ေအအက္စ္နဲ႔ အင္တာဗ်ဴးမွာ ေျဖေပးခဲ့တယ္။

တစ္ႏွစ္ပဲ ကစားခဲ့ျပီး ဘင္ဖီကာကို ေျပာင္းခဲ့စဥ္မွာ ေက်ာနံပါတ္ ၉ ဂ်ာစီကို ရယူခဲ့တယ္။ ပထမဆံုး ရာသီမွာ ၄၅ ပြဲ ကစားျပီး ၁၂ ဂိုးသြင္းခဲ့သလို ဘိုင္ယန္ကို ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ကပ္ျပဳတ္ခဲ့စဥ္ သြင္းယူခဲ့တဲ့ သြင္းဂိုးလည္း ပါခဲ့ေသးတယ္။ အဲ့ေနာက္ေတာ့ သူဟာ မကၠဆီကို သမိုင္းမွာ ေစ်းအၾကီးဆံုး ကစားသမားအျဖစ္ ဘင္ဖီကကို အျပီးသတ္ ေျပာင္းခဲ့ပါတယ္။ သံုးရာသီအတြင္း ပြဲေပါင္း ၈၀ ကစားခဲ့ေပမယ့္ ပြဲ ၂၀ ကိုပဲ ပြဲထြက္လူစာရင္းကေန ပါဝင္ခြင့္ရခဲ့တယ္။

ဘင္ဖီကာမွာလည္း သူက ၁၈ ဂိုးသြင္းျပီး ၁၁ ၾကိမ္ ဂိုးေထာက္ပံ့မႈလုပ္ခဲ့ကာ အက်ိဳးျဖစ္တဲ့ ကစားသမား ျဖစ္ခဲ့ပါတယ္။ အဲ့ေနာက္ေတာ့ အဂၤလန္အလယ္ပိုင္းက ျမိဳ႔ငယ္ေလးျဖစ္တဲ့ ဝုဗ္ဗာဟမ္တန္ကို ေရာက္ဖို႔ ျဖစ္လာခဲ့တာပါပဲ။ ဝုဗ္ဟာ ပရီးမီးယားလိဂ္ကို ျပန္လည္ တန္းတက္ခြင့္ရလာခဲ့ျပီး မန္ေနဂ်ာဆန္တိုနဲ႔အတူ ဖြဲ႔စည္းလာတဲ့ လူစာရင္းအသစ္က ပရီးမီးယားလိဂ္မွာ က်င္လည္ႏုိင္ရမယ္ဆိုတဲ့ ယံုၾကည္ခ်က္ ရွိခဲ့တယ္။

အဂၤလန္မွာလည္း အသားက်ဖို႔ရာ ရုန္းကန္ေနရတဲ့ ဂ်င္မီးနက္စ္က ပထမဆံုး ၁၀ ပြဲအတြင္း ၂ ဂိုးပဲ သြင္းႏုိင္ခဲ့တယ္။ ကံေကာင္းျခင္ေတာ့ ဝုဗ္ရဲ႕ နည္းစနစ္ အေျပာင္းအလဲက သူ႔ကို ကယ္တင္ခဲ့တာျဖစ္ျပီး ဂိုးေတြဆက္တိုက္ ျပန္ယူလာႏုိင္ခဲ့တယ္။

ပရီးမီးယားလိဂ္မွာ အထင္ၾကီးခံရတဲ့ မကၠဆီကိုသား ျဖစ္ဖို႔ကလည္း ဖိအားေတြ ရွိပါတယ္။ သူ႔မတိုင္ခင္ ခ်ီခ်ာရီတိုဟာ ယူႏုိက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ပြဲ ၁၅၈ ပြဲမွာ သြင္းဂိုး ၅၃ ဂိုးထိ သြင္းယူခဲ့တာေၾကာင့္ ပိုေကာင္းတဲ့ အဆင့္ေတြ လုပ္ျပဖို႔ လိုခဲ့တာပါ။ လက္ေရြးစင္အဆင့္မွာ ခ်ီခ်ာရီတိုရဲ႕ အရိပ္ေအာက္မွာ ရွိခဲ့တဲ့ ဂ်ီမီးနက္စ္ဟာ ပရီးမီးယားလိဂ္မွာလည္း အေတာ္ေလး ၾကိဳးစားခဲ့ရျပီး ဒီကေန႔မွာေတာ့ မကၠဆီကိုရဲ႕ ၾသဇာအရွိဆံုး ေဘာလံုးသမား ျဖစ္လာခဲ့ပါျပီ။

အာဆင္နယ္ ကစားသမားေဟာင္း ဗီလာက “ သူက အသိအမွတ္ျပဳမႈေတြကို ရသင့္သူပါ။ ပရီးမီးယားလိဂ္မွာ က်ေနာ္က သံုးရာသီ ကစားခဲ့ေပမယ့္ မေပ်ာ္ခဲ့ရပါဘူး။ အဲ့လိဂ္မွာ က်ေနာ္ သက္ေသာင့္သက္သာ မရွိခဲ့သလို ဒါေၾကာင့္လည္း က်ေန္ာကို ခ်ီးက်ဴးမႈေတြ မရွိခ့ဲဘူး။ ရုပ္ပိုင္းဆိုင္ရာ ျပင္းထန္ျပီး ပြဲေတြက သိပ္ၾကပ္လြန္းပါတယ္။ မကၠဆီကိုသားအျဖစ္ ဂ်ီမီးနက္စ္နဲ႔ ပက္သက္ျပီး က်ေနာ္ ဂုဏ္ယူတယ္၊ သူနဲ႔အတူ တြဲကစားရတာကိုလည္း ဂုဏ္ယူပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

ရာအူး ဂ်ီမီးနက္စ္ရဲ႕ စိတ္ကူးအိပ္မက္ထဲက တစ္ခုကေတာ့ တစ္ရက္မွာ လူတိုင္းကသူ႔ကို တပ္ပါဂ်ီးရဲ႕ အထင္ကရအျဖစ္ အမွတ္ရဖို႔ျဖစ္ျပီး ဇာတိေျမရဲ႕ အထင္ၾကီးျခင္းကို ခံရဖို႔ပါ။ ဒီအိပ္မက္က ေရာက္ေနခဲ့ျပီးလား ဆက္သြားရဦးမလားဆိုတာကိုေတာ့ သူပဲ သိပါလိမ့္မယ္။ မကၠဆီကိုက လူေတြကေတာ့ ကမၻာအေကာင္းဆံုး လိဂ္မွာ ေတာက္ပေနတဲ့ ဂ်ီမီးနက္စ္အတြက္ ဂုဏ္ယူေနၾကျပီျဖစ္ပါတယ္။

မွတ္ခ်က္။ The Athletic က ေဖာ္ျပတဲ့ The rise of Raul Jimenez ေဆာင္းပါးကို ျပန္ေရးျခင္းျဖစ္ပါတယ္။