ပရီးမီးယားလိဂ် ပြန်စတင်ချိန်မှာ မြင်တွေ့ရနိုင်တဲ့ ဖိအားပေးမှု နည်းစနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲ

UNICODE – ဥရောပ ဘောလုံးလိဂ်တွေဟာ လိဂ်ကို ပြန်လည်စတင်ရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားအတွက် ဂျာမနီ ဘွန်ဒက်လီဂါလိဂ်ရဲ့ ပုံစံတွေကို ကြည့်ပြီး ပိုင်းခြားစိတ်ဖြာမှုတွေ လုပ်နေခဲ့ပါတယ်။

ရုပ်သံထုတ်လွှင့်မှု၊ ကစားကွင်းအတွင်း စည်းမျဉ်းတွေက သိသာတဲ့ နည်းနာယူနေကြမှုတွေဖြစ်ပေမယ့် ကလပ်တွေဘက်က အဓိက စောင့်ကြည့်နေတာက ဘွန်ဒက်လီဂါရဲ့ နည်းစနစ် အပြောင်းအလဲဖြစ်ပါတယ်။ အကြောင်းကတော့ ကိုရိုနာဗိုင်းရပ်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ အန္တရာယ်ပေးနိုင်ပြီး ထိတွေ့မှုတွေကနေ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်လို့ပါပဲ။

ဘွန်ဒက်လီဂါကို ရပ်နားထားပြီး ၆၁ ရက် အကြာမှာတော့ ပထမဆုံး ပြန်ကစားမှုအဖြစ် ယခင်အပတ်က ပြန်လည် စတင်ခဲ့တယ်။ ဘွန်ဒက်လီဂါရဲ့ မြန်နှုန်းမြင့် ကစားမှုနဲ့ ဖိအားပေး ကစားမှုတွေက ပရီးမီးယားလိဂ်နဲ့ ဆင်တူမှုတွေ ရှိတာကြောင့် အင်္ဂလန်လိဂ်မှာကော ဘာတွေ မျှော်လင့်နိုင်သလဲဆိုတာကို The Athletic က သုံးသပ်မှု လုပ်ခဲ့ပါတယ်။

အသေးစား စိစစ်မှု ရလဒ်အရတော့ ဘွန်ဒက်လီဂါကို ပြန်လည်စတင်ရာမှာ ဘောလုံးမပျက်ပဲ ကိုင်ကစားမှု ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ ဖိအားပေးမှုနှုန်း လျော့ကျသွားပြီး၊ တစ်ဦးချင်း ထိပ်တိုက်တွေ့မှုနှုန်းကလည်း လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ ဒီလို လျော့ကျမှုက အသင်းတိုင်း မဟုတ်ပေမယ့် ၁၈ သင်းမှာ ၁၅ သင်းလောက် လျော့ကျကုန်တဲ့ အနေအထားတွေဖြစ်ပါတယ်။

ကောင်တာ-ဖိအားပေးစနစ်ကို အသုံးများတဲ့ ဘွန်ဒက်လီဂါရဲ့ ကစားဟန်ဟာ ပရီးမီးယားလိဂ်နဲ့ နီးနီးစပ်စပ် တူညီမှု ရှိပါတယ်။ ဂျာမနီမှာ တစ်ဦးချင်း ထိပ်တိုက်တွေ့မှုနဲ့ ဖိအားပေးမှုနှုန်း လျော့ကျသွားမှုအရ ပရီးမီးယားလိဂ်မှာလည်း ပိုင်ဆိုင်မှုကို အသားပေးပြီး ခံစစ်အထိုင်ထားတဲ့ အသင်းတွေကို ဖောက်ထွက်နိုင်ဖို့ကို ကလပ်တွေ ပိုမို အာရုံစိုက်လာရနိုင်တယ်။

အပြောင်းအလဲတွေထဲမှာတော့ လက်ပစ်ဘော၊ ထောင့်ကန်ဘောနဲ့ ပြစ်ဒဏ်ဘောတွေကို ပြန်လည်စတင်ရမယ့် dead ball အနေအထားတွေမှာ တုန့်ပြန်မှု မြန်ဆန်ခြင်းမရှိဘဲ အရှိန် နှေးကွေးသွားခြင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

ZAWGYI – ဥေရာပ ေဘာလံုးလိဂ္ေတြဟာ လိဂ္ကို ျပန္လည္စတင္ရာမွာ ျဖစ္ေပၚလာႏုိင္တဲ့ အေနအထားအတြက္ ဂ်ာမနီ ဘြန္ဒက္လီဂါလိဂ္ရဲ႕ ပံုစံေတြကို ၾကည့္ျပီး ပိုင္းျခားစိတ္ျဖာမႈေတြ လုပ္ေနခဲ့ပါတယ္။

ရုပ္သံထုတ္လႊင့္မႈ၊ ကစားကြင္းအတြင္း စည္းမ်ဥ္းေတြက သိသာတဲ့ နည္းနာယူေနၾကမႈေတြျဖစ္ေပမယ့္ ကလပ္ေတြဘက္က အဓိက ေစာင့္ၾကည့္ေနတာက ဘြန္ဒက္လီဂါရဲ႕ နည္းစနစ္ အေျပာင္းအလဲျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ကိုရိုနာဗိုင္းရပ္ဟာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ အႏၱရာယ္ေပးႏုိင္ျပီး ထိေတြ႔မႈေတြကေန ကူးစက္ႏုိင္တဲ့ ေရာဂါ ျဖစ္လို႔ပါပဲ။

ဘြန္ဒက္လီဂါကို ရပ္နားထားျပီး ၆၁ ရက္ အၾကာမွာေတာ့ ပထမဆံုး ျပန္ကစားမႈအျဖစ္ ယခင္အပတ္က ျပန္လည္ စတင္ခဲ့တယ္။ ဘြန္ဒက္လီဂါရဲ႕ ျမန္ႏႈန္းျမင့္ ကစားမႈနဲ႔ ဖိအားေပး ကစားမႈေတြက ပရီးမီးယားလိဂ္နဲ႔ ဆင္တူမႈေတြ ရွိတာေၾကာင့္ အဂၤလန္လိဂ္မွာေကာ ဘာေတြ ေမွ်ာ္လင့္ႏုိင္သလဲဆိုတာကို The Athletic က သံုးသပ္မႈ လုပ္ခဲ့ပါတယ္။

အေသးစား စိစစ္မႈ ရလဒ္အရေတာ့ ဘြန္ဒက္လီဂါကို ျပန္လည္စတင္ရာမွာ ေဘာလံုးမပ်က္ပဲ ကိုင္ကစားမႈ ရာခိုင္နႈန္း တက္လာခဲ့ပါတယ္။ ဖိအားေပးမႈႏႈန္း ေလ်ာ့က်သြားျပီး၊ တစ္ဦးခ်င္း ထိပ္တိုက္ေတြ႔မႈႏႈန္းကလည္း ေလ်ာ့က်သြားခဲ့တယ္လို႔ သိရပါတယ္။ ဒီလို ေလ်ာ့က်မႈက အသင္းတိုင္း မဟုတ္ေပမယ့္ ၁၈ သင္းမွာ ၁၅ သင္းေလာက္ ေလ်ာ့က်ကုန္တဲ့ အေနအထားေတြျဖစ္ပါတယ္။

ေကာင္တာ-ဖိအားေပးစနစ္ကို အသံုးမ်ားတဲ့ ဘြန္ဒက္လီဂါရဲ႕ ကစားဟန္ဟာ ပရီးမီးယားလိဂ္နဲ႔ နီးနီးစပ္စပ္ တူညီမႈ ရွိပါတယ္။ ဂ်ာမနီမွာ တစ္ဦးခ်င္း ထိပ္တိုက္ေတြ႔မႈနဲ႔ ဖိအားေပးမႈႏႈန္း ေလ်ာ့က်သြားမႈအရ ပရီးမီးယားလိဂ္မွာလည္း ပိုင္ဆိုင္မႈကို အသားေပးျပီး ခံစစ္အထိုင္ထားတဲ့ အသင္းေတြကို ေဖာက္ထြက္ႏုိင္ဖို႔ကို ကလပ္ေတြ ပိုမို အာရံုစိုက္လာရႏုိင္တယ္။

အေျပာင္းအလဲေတြထဲမွာေတာ့ လက္ပစ္ေဘာ၊ ေထာင့္ကန္ေဘာနဲ႔ ျပစ္ဒဏ္ေဘာေတြကို ျပန္လည္စတင္ရမယ့္ dead ball အေနအထားေတြမွာ တုန္႔ျပန္မႈ ျမန္ဆန္ျခင္းမရွိဘဲ အရွိန္ ေႏွးေကြးသြားျခင္းလည္း ပါဝင္တယ္လို႔ သိရပါတယ္။