ဘာစီလိုနာရဲ့ ဆွဲဆောင်နိုင်စွမ်း ကျဆင်းလာမှုတွေကို အသုံးချလာတဲ့ အင်္ဂလန်ကလပ်များ

UNICODE – ကမ္ဘာကျော် ဘောလုံးအကယ်ဒမီဖြစ်တဲ့ ဘာစီလိုနာရဲ့ လာမာဆီယာဟာ ထူးချွန် လူငယ်တွေဖြစ်တဲ့ ဂျူရေဒို၊ ဇာဗီဆိုင်မွန်၊ ဂျူအန်နဲ့ ဇာဗီယာတို့ကို ဆက်တိုက် လက်လွတ်ရမယ့် အနေအထားတွေကို ရင်ဆိုင်နေရပါတယ်။

ဘာစီလိုနာရဲ့ မျိုးဆက်တစ်ခုထဲ ပါဝင်နေတဲ့ ဒီလူငယ်တွေဟာ ၂၀၀၃ ခုနှစစ်က ဖာဘရီဂတ်စ် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ အနေအထားတွေနဲ့ ဥရောပကလပ်တွေကို ကူးပြောင်းနေကြတာပါ။ ဒါဟာ အရှိန်အဝါ ကြီးမားလှတဲ့ လာမာဆီယာအတွက် နာကျင်စရာ ကိစ္စဖြစ်လာခဲ့ပြီး ဘာစီလိုနာမှ ၉ နှစ်ကြာ ကျင်လယ်ခဲ့တဲ့ ဂျူရေဒိုဟာ ယူနိုက်တက်ကို ပြောင်းဖို့ ရွေးချယ်ထားခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့တွေက ဘဏ္ဍာရေးပိုင်းမှာ အကျိုးအမြတ်ဖြစ်စေမယ့် အဓိက လူငယ်တွေကို ဆုံးရံှူးရုံတင် မကဘဲ ထိပ်တန်း ကြယ်ပွင့်တွေကိုပါ ဆုံးရံှူးမှုလည်း ဖြစ်လာခဲ့တာပါ။ ကက်တလန်ကလပ်ဟာ ဂျူရေဒိုကို ဆက်ထိန်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ညာအစွန်လူငယ်လေးက စပိန်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ယူနိုက်တက်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဘာစီလိုနာ ဆုံးရံှူးရမှာက ဂျူရေဒို တစ်ဦးတည်း မဟုတ်ပါဘူး။ မန်စီးတီးကလည်း နောက်ထပ် အစွန်လူဖြစ်တဲ့ ဂျူအန်ကို ရာသီကုန်မှာ ခေါ်ယူဖို့ ဆက်လက် လုပ်ဆောင်နေပါပြီ။ ၁၆ နှစ်သားလေးဟာ လာမာဆီရာမှာ ထင်ရှားပြီး ထိပ်တန်း ဒေသခံကစားသမားထဲ ပါဝင်ခဲ့ပါတယ်။ အသင်းအပေါ် သစ္စာမရှိတဲ့အတွက် အချို့တွေက ဝေဖန်ကြပေမယ့် ဘာစီလိုနာက လူငယ်တွေကို နေရာပေးဖို့ထက် ဝယ်သုံးနေခြင်းက ဒေသခံ ကစားသမားတွေကို စိတ်ပျက်စေတယ်လို့ ထောက်ပြမှုတွေ ရှိနေတယ်။

သူတို့တင် မကပါဘူး။ မနှစ်တုန်းကလည်း ကွင်းလယ်လူ ဇာဗီ ဆိုင်မွန်ဟာ ပီအက်ဂျီကို ရွေးချယ်ပြီး ကက်တလန်မှာထက် ပြင်သစ်မှာ အနာဂတ်ရှာဖွေဖို့ကို ရွေးချယ်ခဲ့တယ်။ တွစ်တာမှာ ဖော်လိုဝါ ၄၅၀၀၀ ထိရှိတဲ့ အရည်အချင်းရှိ လူငယ်လေးဟာ ဘာစီလိုနာရဲ့ အနာဂတ်ထဲက တစ်ဦးလို့ ယူဆရပေမယ့် အေးဂျင့် ရွိုင်အိုလာက ရအောင် မထုတ်သွားခဲ့တယ်။

၂၀၁၇ ခုနှစ်မှာတုန်းကလည်း မန်စီးတီးဟာ ဘာစီလိုနာရဲ့ လူငယ်ဖြစ်တဲ့ အဲရစ် ဂါစီယာကို ခေါ်ထုတ်ခဲ့ပါသေးတယ်။ ဒီခံစစ်သမားလေးဟာ မန်စီးတီးရဲ့ အနာဂတ်ထဲက တစ်ဦးလို့ မှတ်ယူခြင်း ခံထားရပြီး ဘာစီလိုနာက ပေါင် ၁.၅ သန်းလောက်ကိုပဲ အကယ်ဒမီကြေးအဖြစ် ရခဲ့တာဖြစ်တယ်။

အကောင်းဆုံး လူငယ်တွေကို ဆက်မထိန်းနိုင်မှုက ဒီမှာတင် မကုန်သေးပါဘူး။ ချယ်ဆီးအသင်းဟာ လာမာဆီယာမှ ထိပ်တန်း လူငယ်ခံစစ်သမားဖြစ်သူ ဇာဗီယာကိုလည်း လန်ဒန်ကို ခေါ်ထုတ်လာဖို့ ကြိုးစားနေပါတယ်။ ဘာစီလိုနာဟာ ဇန်နဝါရီတုန်းက ပီရက်ဇ်ကို ရိုးမားအသင်းထံ ပေါင် ၁၁.၆ သန်းနဲ့ ရောင်းထုတ်ထားခဲ့သေးတယ်။

လာမာဆီယာဟာ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ၊ ပီကေး အစရှိတဲ့ ကြယ်ပွင့်တွေကို ထုတ်လုပ်နိုင်ခဲ့တဲ့ အကယ်ဒမီပါ။ ဒါပေမယ့် ပေါ်လစီတွေ ပြောင်းလဲလာပြီး ထိပ်တန်း ကစားသမားတွေကို ငွေကြေးတွေ မြင့်မားစွာသုံးကာ ခေါ်ယူမှုတွေကိုပဲ ဦးစားပေးလာတဲ့နောက် အကယ်ဒမီ ကစားသမားတွေကို စီနီယာအသင်းထံ ခေါ်ယူဖို့ဆိုတဲ့ ဆွဲဆောင်နိုင်စွမ်းတွေ ကျဆင်းလာနေခဲ့ပါပြီ။

ZAWGYI – ကမၻာေက်ာ္ ေဘာလံုးအကယ္ဒမီျဖစ္တဲ့ ဘာစီလိုနာရဲ႕ လာမာဆီယာဟာ ထူးခၽြန္ လူငယ္ေတြျဖစ္တဲ့ ဂ်ဴေရဒို၊ ဇာဗီဆုိင္မြန္၊ ဂ်ဴအန္နဲ႔ ဇာဗီယာတို႔ကို ဆက္တိုက္ လက္လြတ္ရမယ့္ အေနအထားေတြကို ရင္ဆိုင္ေနရပါတယ္။

ဘာစီလိုနာရဲ႕ မ်ိဳးဆက္တစ္ခုထဲ ပါဝင္ေနတဲ့ ဒီလူငယ္ေတြဟာ ၂၀၀၃ ခုႏွစစ္က ဖာဘရီဂတ္စ္ အာဆင္နယ္ကို ေျပာင္းေရႊ႔ခဲ့တဲ့ အေနအထားေတြနဲ႔ ဥေရာပကလပ္ေတြကို ကူးေျပာင္းေနၾကတာပါ။ ဒါဟာ အရွိန္အဝါ ၾကီးမားလွတဲ့ လာမာဆီယာအတြက္ နာက်င္စရာ ကိစၥျဖစ္လာခဲ့ျပီး ဘာစီလိုနာမွ ၉ ႏွစ္ၾကာ က်င္လယ္ခဲ့တဲ့ ဂ်ဴေရဒိုဟာ ယူႏုိက္တက္ကို ေျပာင္းဖို႔ ေရြးခ်ယ္ထားခဲ့ပါတယ္။

ဒီအေျပာင္းအေရႊ႔ေတြက ဘ႑ာေရးပိုင္းမွာ အက်ိဳးအျမတ္ျဖစ္ေစမယ့္ အဓိက လူငယ္ေတြကို ဆံုးရံွဴးရံုတင္ မကဘဲ ထိပ္တန္း ၾကယ္ပြင့္ေတြကိုပါ ဆံုးရံွဴးမႈလည္း ျဖစ္လာခဲ့တာပါ။ ကက္တလန္ကလပ္ဟာ ဂ်ဴေရဒိုကို ဆက္ထိန္းႏုိင္ဖို႔ အစြမ္းကုန္ ၾကိဳးစားခဲ့ေပမယ့္ ညာအစြန္လူငယ္ေလးက စပိန္ကလပ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ျပီး ယူႏုိက္တက္ကို ေျပာင္းဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

ဘာစီလိုနာ ဆံုးရံွဴးရမွာက ဂ်ဴေရဒို တစ္ဦးတည္း မဟုတ္ပါဘူး။ မန္စီးတီးကလည္း ေနာက္ထပ္ အစြန္လူျဖစ္တဲ့ ဂ်ဴအန္ကို ရာသီကုန္မွာ ေခၚယူဖို႔ ဆက္လက္ လုပ္ေဆာင္ေနပါျပီ။ ၁၆ ႏွစ္သားေလးဟာ လာမာဆီရာမွာ ထင္ရွားျပီး ထိပ္တန္း ေဒသခံကစားသမားထဲ ပါဝင္ခဲ့ပါတယ္။ အသင္းအေပၚ သစၥာမရွိတဲ့အတြက္ အခ်ိဳ႔ေတြက ေဝဖန္ၾကေပမယ့္ ဘာစီလိုနာက လူငယ္ေတြကို ေနရာေပးဖို႔ထက္ ဝယ္သံုးေနျခင္းက ေဒသခံ ကစားသမားေတြကို စိတ္ပ်က္ေစတယ္လုိ႔ ေထာက္ျပမႈေတြ ရွိေနတယ္။

သူတို႔တင္ မကပါဘူး။ မႏွစ္တုန္းကလည္း ကြင္းလယ္လူ ဇာဗီ ဆိုင္မြန္ဟာ ပီအက္ဂ်ီကို ေရြးခ်ယ္ျပီး ကက္တလန္မွာထက္ ျပင္သစ္မွာ အနာဂတ္ရွာေဖြဖို႔ကို ေရြးခ်ယ္ခဲ့တယ္။ တြစ္တာမွာ ေဖာ္လိုဝါ ၄၅၀၀၀ ထိရွိတဲ့ အရည္အခ်င္းရွိ လူငယ္ေလးဟာ ဘာစီလိုနာရဲ႕ အနာဂတ္ထဲက တစ္ဦးလို႔ ယူဆရေပမယ့္ ေအးဂ်င့္ ရိြဳင္အိုလာက ရေအာင္ မထုတ္သြားခဲ့တယ္။

၂၀၁၇ ခုႏွစ္မွာတုန္းကလည္း မန္စီးတီးဟာ ဘာစီလိုနာရဲ႕ လူငယ္ျဖစ္တဲ့ အဲရစ္ ဂါစီယာကို ေခၚထုတ္ခဲ့ပါေသးတယ္။ ဒီခံစစ္သမားေလးဟာ မန္စီးတီးရဲ႕ အနာဂတ္ထဲက တစ္ဦးလို႔ မွတ္ယူျခင္း ခံထားရျပီး ဘာစီလိုနာက ေပါင္ ၁.၅ သန္းေလာက္ကိုပဲ အကယ္ဒမီေၾကးအျဖစ္ ရခဲ့တာျဖစ္တယ္။

အေကာင္းဆံုး လူငယ္ေတြကို ဆက္မထိန္းနုိင္မႈက ဒီမွာတင္ မကုန္ေသးပါဘူး။ ခ်ယ္ဆီးအသင္းဟာ လာမာဆီယာမွ ထိပ္တန္း လူငယ္ခံစစ္သမားျဖစ္သူ ဇာဗီယာကိုလည္း လန္ဒန္ကို ေခၚထုတ္လာဖို႔ ၾကိဳးစားေနပါတယ္။ ဘာစီလိုနာဟာ ဇန္နဝါရီတုန္းက ပီရက္ဇ္ကို ရိုးမားအသင္းထံ ေပါင္ ၁၁.၆ သန္းနဲ႔ ေရာင္းထုတ္ထားခဲ့ေသးတယ္။

လာမာဆီယာဟာ မက္ဆီ၊ ဇာဗီ၊ အင္နီေယစတာ၊ ပီေကး အစရွိတဲ့ ၾကယ္ပြင့္ေတြကို ထုတ္လုပ္ႏိုင္ခဲ့တဲ့ အကယ္ဒမီပါ။ ဒါေပမယ့္ ေပၚလစီေတြ ေျပာင္းလဲလာျပီး ထိပ္တန္း ကစားသမားေတြကို ေငြေၾကးေတြ ျမင့္မားစြာသံုးကာ ေခၚယူမႈေတြကိုပဲ ဦးစားေပးလာတဲ့ေနာက္ အကယ္ဒမီ ကစားသမားေတြကို စီနီယာအသင္းထံ ေခၚယူဖို႔ဆိုတဲ့ ဆြဲေဆာင္ႏုိင္စြမ္းေတြ က်ဆင္းလာေနခဲ့ပါျပီ။