NEWS: ဒီရာသီ အက်ဖ်အေဖလားပြိုင်ပွဲကို ဆက်ပြိုင်ဖို့ကိစ္စအပေါ် ခြိမ်ခြောက်မှုတွေ ရှိနေ

UNICODE – ကမ္ဘာရှေ့အကျဆုံးသော ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး ယှဉ်ပြိုင်လာခဲ့တဲ့ သက်တမ်း နှစ်ပေါင်း ၁၄၉ နှစ်ရှိပြီဖြစ်တဲ့ အက်ဖ်အေဖလားကို ဒီရာသီမှာ ဆက်လက် ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲမှုတွေ ရှိနေကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပရီးမီးယားလိဂ်ကို အပြီးသတ်ရေးကို ဦးစားပေးအဖြစ် ရည်မှန်းထားသော်လည်း ရံှူးထွက်ပြိုင်ပွဲကို ပြန်လည် စတင်ပြီး အဆုံးသတ်စေဖို့လည်း ရည်ရွယ်ထားတယ်။ အက်ဖ်အေဖလားက ကွာတားဖိုင်နယ် အဆင့်တွေကို ရောက်နေပြီဖြစ်ကာ အသင်းပေါင်း ၈ သင်း ပါဝင် ယှဉ်ပြိုင်ဖို့ ကျန်ရှိနေဆဲဖြစ်တယ်။

လိဂ်ဘက်နဲ့ ကလပ် ၂၀ လုံးကတော့ လက်ကျန်ရာသီမှာ ၉၂ ပွဲ ယှဉ်ပြိုင်ကစားဖို့ ကျန်ရှိနေသေးတဲ့ အမှတ်ပေးပွဲတွေကို ဦးစားပေးအဖြစ် ဆက်လက် ယှဉ်ပြိုင်မှာဖြစ်ပြီး အက်ဖ်အေပွဲ ၇ ပွဲအတွက် ထောက်ခံမှုတွေ လုပ်ပေးထားပါတယ်။ ပရီးမီးယားလိဂ်ကို အဆုံးသတ်နိုင်ဖို့ထိ စီစဉ်ပြီးရင် အက်ဖ်အေတာဝန်ရှိသူတွေက လိဂ်ပွဲအတွက် ပွဲစဉ် နေ့စွဲတွေကို လုပ်ဆောင်နိုင်ဖို့ ကြိုးစားမှာပါ။

အာဆင်နယ်၊ နော်ဝစ်၊ လက်စတာ၊ ချယ်ဆီးနဲ့ နယူးကာဆယ်တို့ ဆက်လက် ရှိနေသေးတဲ့ အက်ဖ်အေပြိုင်ပွဲနဲ့ ပက်သက်လို့တော့ အက်ဖ်အေကောင်စီရဲ့ အဖွဲ့ဝင်ဖြစ်ပြီး အစိုးရဘက်နွယ်တဲ့ မက် ဘူလင်ဟမ်က အပြီးသတ်လိုကြောင်း ထုတ်ပြောထားတယ်။ ကိုရိုနာကပ်ဘေးကြောင့် အက်ဖ်အေဟာ ပေါင် သန်း ၃၀၀ အရံှူးပေါ်မယ့် အခြေအနေမှာ ရှိနေပါတယ်။

ကွာတားဖိုင်နယ်ကို အိမ်ကွင်း အဝေးကွင်း စနစ်ကို ဆက်ကစားပြီး ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကိုတော့ ဝင်ဘာလေမှာ ကစားဖို့ကို ခွင့်ပြုပေးမယ်လို့ သိရပါတယ်။ အက်ဖ်အေကို ပြန်စလိုပေမယ့်လည်း ပြည်တွင်းပွဲအပြင် ဥရောပပွဲတွေလည်း ရှိနေသေးတာကြောင့် ပွဲစဉ်ဇယား သိပ်ကြပ်နိုင်တဲ့အပြင် ကိုရိုနာကပ်ဘေး ခြိမ်းခြောက်မှုကြီးကလည်း ရှိနေပါသေးတယ်။

ရုပ်သံလွှင့်ခတွေကနေ ရနေတဲ့ ဝင်ငွေတွေဟာ ကလပ်အသင်းတွေကို အဓိက ဝင်ငွေ ရနေစေပေမယ့် ဘောလုံးအတွက် စီးပွားရေးစနစ်တွေ ပိုမို တိုးတက်ဖို့ လိုနေပါတယ်။ သေချာတာကတော့ ပရီးမီးယားလိဂ်ကို အဆုံးသတ်ဖို့ကပဲ ဦးစားပေးဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်ဖို့ ရည်ရွယ်ထားပါတယ်။

ZAWGYI – ကမၻာေရွ႔အက်ဆံုးေသာ ေဘာလံုးျပိဳင္ပြဲတစ္ခုျဖစ္ျပီး ယွဥ္ျပိဳင္လာခဲ့တဲ့ သက္တမ္း ႏွစ္ေပါင္း ၁၄၉ ႏွစ္ရွိျပီျဖစ္တဲ့ အက္ဖ္ေအဖလားကို ဒီရာသီမွာ ဆက္လက္ ယွဥ္ျပိဳင္ႏုိင္ဖို႔ ခက္ခဲမႈေတြ ရွိေနေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္က ပရီးမီးယားလိဂ္ကို အျပီးသတ္ေရးကို ဦးစားေပးအျဖစ္ ရည္မွန္းထားေသာ္လည္း ရံွဴးထြက္ျပိဳင္ပြဲကို ျပန္လည္ စတင္ျပီး အဆံုးသတ္ေစဖို႔လည္း ရည္ရြယ္ထားတယ္။ အက္ဖ္ေအဖလားက ကြာတားဖိုင္နယ္ အဆင့္ေတြကို ေရာက္ေနျပီျဖစ္ကာ အသင္းေပါင္း ၈ သင္း ပါဝင္ ယွဥ္ျပိဳင္ဖို႔ က်န္ရွိေနဆဲျဖစ္တယ္။

လိဂ္ဘက္နဲ႔ ကလပ္ ၂၀ လံုးကေတာ့ လက္က်န္ရာသီမွာ ၉၂ ပြဲ ယွဥ္ျပိဳင္ကစားဖို႔ က်န္ရွိေနေသးတဲ့ အမွတ္ေပးပြဲေတြကို ဦးစားေပးအျဖစ္ ဆက္လက္ ယွဥ္ျပိဳင္မွာျဖစ္ျပီး အက္ဖ္ေအပြဲ ၇ ပြဲအတြက္ ေထာက္ခံမႈေတြ လုပ္ေပးထားပါတယ္။ ပရီးမီးယားလိဂ္ကို အဆံုးသတ္ႏုိင္ဖို႔ထိ စီစဥ္ျပီးရင္ အက္ဖ္ေအတာဝန္ရွိသူေတြက လိဂ္ပြဲအတြက္ ပြဲစဥ္ ေန႔စြဲေတြကို လုပ္ေဆာင္ႏုိင္ဖို႔ ၾကိဳးစားမွာပါ။

အာဆင္နယ္၊ ေနာ္ဝစ္၊ လက္စတာ၊ ခ်ယ္ဆီးနဲ႔ နယူးကာဆယ္တို႔ ဆက္လက္ ရွိေနေသးတဲ့ အက္ဖ္ေအျပိဳင္ပြဲနဲ႔ ပက္သက္လို႔ေတာ့ အက္ဖ္ေအေကာင္စီရဲ႕ အဖြဲ႔ဝင္ျဖစ္ျပီး အစိုးရဘက္ႏြယ္တဲ့ မက္ ဘူလင္ဟမ္က အျပီးသတ္လိုေၾကာင္း ထုတ္ေျပာထားတယ္။ ကိုရိုနာကပ္ေဘးေၾကာင့္ အက္ဖ္ေအဟာ ေပါင္ သန္း ၃၀၀ အရံွဴးေပၚမယ့္ အေျခအေနမွာ ရွိေနပါတယ္။

ကြာတားဖိုင္နယ္ကို အိမ္ကြင္း အေဝးကြင္း စနစ္ကို ဆက္ကစားျပီး ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲကိုေတာ့ ဝင္ဘာေလမွာ ကစားဖို႔ကို ခြင့္ျပဳေပးမယ္လို႔ သိရပါတယ္။ အက္ဖ္ေအကို ျပန္စလိုေပမယ့္လည္း ျပည္တြင္းပြဲအျပင္ ဥေရာပပြဲေတြလည္း ရွိေနေသးတာေၾကာင့္ ပြဲစဥ္ဇယား သိပ္ၾကပ္ႏုိင္တဲ့အျပင္ ကိုရိုနာကပ္ေဘး ျခိမ္းေျခာက္မႈၾကီးကလည္း ရွိေနပါေသးတယ္။

ရုပ္သံလႊင့္ခေတြကေန ရေနတဲ့ ဝင္ေငြေတြဟာ ကလပ္အသင္းေတြကို အဓိက ဝင္ေငြ ရေနေစေပမယ့္ ေဘာလံုးအတြက္ စီးပြားေရးစနစ္ေတြ ပိုမို တိုးတက္ဖို႔ လိုေနပါတယ္။ ေသခ်ာတာကေတာ့ ပရီးမီးယားလိဂ္ကို အဆံုးသတ္ဖို႔ကပဲ ဦးစားေပးျဖစ္ျပီး ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီကို ၾသဂုတ္လ ၂၂ ရက္ေန႔မွာ စတင္ဖို႔ ရည္ရြယ္ထားပါတယ္။