ပရီးမီးယားလိဂ်ကို ကစားသမား အများအပြား ဆုံးရံှူးခံပြီးမှ ပြန်ဝင်လာဖွယ်ရှိတဲ့ ဘုန်းမောက်

UNICODE – ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်ဟာ ဇူလိုင်လ ၁ ရက်နေ့မှာတော့ ကစားသမား ၇ ဦးထိကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုမယ့် အနေအထားမှာ ရှိနေပါတယ်။

ဘောလုံးရာသီ အပြီးသတ်ဦးမှာ မဟုတ်တဲ့ အဆိုပါ ကာလမှာလည်း ဘုန်းမောက်က သက်ဆိုင်ရာ ကစားသမားတွေကို အသင်းမှာ ကာလတို ဆက်ရှိနေဖို့ ညိနှိုင်းဖွယ် မရှိတာပါ။ ၂၀၁၆ ခုနှစ်မှာ ကလပ်စံချိန်တင်ကြေး ပေါင် ၁၆ သန်းဖြင့် ခေါ်ယူထားတဲ့ လီဗာပူးတိုက်စစ်သမားဟောင်း ဂျော်ဒန်အိုဘ်ကိုလည်း သက်တမ်းတိုးမှာ မဟုတ်ဘဲ အလွတ်နဲ့ ထွက်ခွာခွင့် ပေးမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ဇွန်လ ၁၉ ရက်နေ့မှာ ပြန်လည်စတင်နိုင်ဖို့ လုပ်ဆောင်နေပြီး ဘုန်းမောက်က ပွဲစဉ် ၉ ပွဲထိ ယှဉ်ပြိုင်ဖို့ ကျန်ရှိနေပါတယ်။ ၎င်းတို့ဟာ တန်းဆင်းဇုန်ဖြစ်တဲ့ အဆင့် ၁၈ နေရာမှာရှိနေပြီး လက်ကျန် ပွဲတွေကို ယှဉ်ပြိုင်ရမယ့် ကာလမှာပဲ ကစားသမားတွေကို လက်လွတ်မှာက အထိနာမှုလည်း ဖြစ်လာနိုင်ပါတယ်။

ဘုန်းမောက်အသင်း လက်လွတ်မယ့် ကစားသမားတွေထဲမှာ အိုဘ်အပြင် ဖရေဆာ၊ ချာလီ ဒန်နီရယ်၊ ရှာမန်း၊ ဆိုင်မွန် ဖရန့်ဆစ်၊ အာသာနဲ့ ဘရတ်စမစ်တို့ ပါဝင်နေပါတယ်။ အိုဘ်၊ ဖရေဆာ၊ ဖရန့်ဆစ်နဲ့ ဒန်နီရယ်တို့ဟာ ဘုန်းမောက်မှာ ပွဲကစားခွင့်တွေ ရှိထားတဲ့ ကစားသမားတွေဖြစ်ပေမယ့် ဒီရာသီမှာ သိပ်ပြီး ပွဲထွက်ခွင့်မရ ဖြစ်နေသူပါ။

အိုဘ်လို အသက် ၂၄ နှစ်အရွယ်ပဲ ရှိသေးတဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ကစားသမားကို လက်လွတ်မယ့် ဘုန်းမောက်ရဲ့ ဆုံးဖြတ်ချက်က အနည်းငယ် အံ့သြစရာပါ။ အင်္ဂလန်သားဟာ ကိုဗစ်ကာလမှာ စည်းကမ်းဖောက်မှုတွေ မကြာခဏ ရှိခဲ့ခြင်းကြောင့် တရားဝင် တောင်းပန်မှုတွေလည်း လုပ်ထားရသူဖြစ်တယ်။

ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်မှာ ဘဏ္ဍာရေးအင်အား အနည်းပါးဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် ပါဝင်ပြီး ၎င်းတို့ဟာ လေ့ကျင့်ရေးကွင်းသစ် တည်ဆောက်မှုအတွက် အသုံးစရိတ်တွေ အများအပြား လုပ်ဆောင်ထားရသေးတာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ ဘုန္းေမာက္ဟာ ဇူလိုင္လ ၁ ရက္ေန႔မွာေတာ့ ကစားသမား ၇ ဦးထိကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာခြင့္ ျပဳမယ့္ အေနအထားမွာ ရွိေနပါတယ္။

ေဘာလံုးရာသီ အျပီးသတ္ဦးမွာ မဟုတ္တဲ့ အဆိုပါ ကာလမွာလည္း ဘုန္းေမာက္က သက္ဆုိင္ရာ ကစားသမားေတြကို အသင္းမွာ ကာလတို ဆက္ရွိေနဖို႔ ညိႏိႈင္းဖြယ္ မရွိတာပါ။ ၂၀၁၆ ခုနွစ္မွာ ကလပ္စံခ်ိန္တင္ေၾကး ေပါင္ ၁၆ သန္းျဖင့္ ေခၚယူထားတဲ့ လီဗာပူးတိုက္စစ္သမားေဟာင္း ေဂ်ာ္ဒန္အိုဘ္ကိုလည္း သက္တမ္းတိုးမွာ မဟုတ္ဘဲ အလြတ္နဲ႔ ထြက္ခြာခြင့္ ေပးမွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကို ဇြန္လ ၁၉ ရက္ေန႔မွာ ျပန္လည္စတင္ႏုိင္ဖို႔ လုပ္ေဆာင္ေနျပီး ဘုန္းေမာက္က ပြဲစဥ္ ၉ ပြဲထိ ယွဥ္ျပိဳင္ဖုိ႔ က်န္ရွိေနပါတယ္။ ၄င္းတို႔ဟာ တန္းဆင္းဇုန္ျဖစ္တဲ့ အဆင့္ ၁၈ ေနရာမွာရွိေနျပီး လက္က်န္ ပြဲေတြကို ယွဥ္ျပိဳင္ရမယ့္ ကာလမွာပဲ ကစားသမားေတြကို လက္လြတ္မွာက အထိနာမႈလည္း ျဖစ္လာႏုိင္ပါတယ္။

ဘုန္းေမာက္အသင္း လက္လြတ္မယ့္ ကစားသမားေတြထဲမွာ အိုဘ္္အျပင္ ဖေရဆာ၊ ခ်ာလီ ဒန္နီရယ္၊ ရွာမန္း၊ ဆိုင္မြန္ ဖရန္႔ဆစ္၊ အာသာနဲ႔ ဘရတ္စမစ္တို႔ ပါဝင္ေနပါတယ္။ အိုဘ္၊ ဖေရဆာ၊ ဖရန္႔ဆစ္နဲ႔ ဒန္နီရယ္တို႔ဟာ ဘုန္းေမာက္မွာ ပြဲကစားခြင့္ေတြ ရွိထားတဲ့ ကစားသမားေတြျဖစ္ေပမယ့္ ဒီရာသီမွာ သိပ္ျပီး ပြဲထြက္ခြင့္မရ ျဖစ္ေနသူပါ။

အိုဘ္လို အသက္ ၂၄ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးရွင္ ကစားသမားကို လက္လြတ္မယ့္ ဘုန္းေမာက္ရဲ႕ ဆံုးျဖတ္ခ်က္က အနည္းငယ္ အံ့ၾသစရာပါ။ အဂၤလန္သားဟာ ကိုဗစ္ကာလမွာ စည္းကမ္းေဖာက္မႈေတြ မၾကာခဏ ရွိခဲ့ျခင္းေၾကာင့္ တရားဝင္ ေတာင္းပန္မႈေတြလည္း လုပ္ထားရသူျဖစ္တယ္။

ဘုန္းေမာက္ဟာ ပရီးမီးယားလိဂ္မွာ ဘ႑ာေရးအင္အား အနည္းပါးဆံုး အသင္းေတြထဲက တစ္သင္းအျဖစ္ ပါဝင္ျပီး ၄င္းတို႔ဟာ ေလ့က်င့္ေရးကြင္းသစ္ တည္ေဆာက္မႈအတြက္ အသံုးစရိတ္ေတြ အမ်ားအျပား လုပ္ေဆာင္ထားရေသးတာ ျဖစ္ပါတယ္။