NEWS: လိဂ်တွေအားလုံး တန်းတက်တန်းဆင်း ဆက်ရှိမယ်လို့ အင်္ဂလန်ဘောလုံးလိဂ် ကြေညာ

UNICODE – အင်္ဂလန်ဘောလုံး အမှတ်ပေးလိဂ်တွေထဲက EFL လိဂ်တွေဖြစ်တဲ့ ချန်ပီယံရှစ်၊ လိဂ်-ဝမ်း နဲ့ လိဂ်-တူး ပြိုင်ပွဲတွေကို ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်း မရှိရင်လည်း တန်းတက် တန်းဆင်းစနစ် ဆက်ရှိနေမယ်လို့ လိဂ်တာဝန်ရှိသူတွေက အတည်ပြု ကြေညာလိုက်ပါတယ်။

ကိုရိုနာကပ်ဘေးကြောင့် လိဂ်ပြိုင်ပွဲ ၃ ခုလုံးကို ဆက်မကစားနိုင်ရင်တောင် တန်းတက်တန်းဆင်း ကိစ္စအပြင် Play-offs တွေ ဆက်ကစားရမှာပါ။ ဒါဟာ အောက်တန်းလိဂ်တွေဖြစ်တဲ့ လိဂ်-ဝမ်း နဲ့ လိဂ်-တူး ပြိုင်ပွဲတွေကို ဆက်ကစားဖို့ ညိနှိုင်းမှုတွေ မအောင်မြင်ခြင်းကြောင့် ပယ်ဖျက်သွားရင်လည်း အကြုံးဝင်မှာ ဖြစ်ပါတယ်။

အင်္ဂလန်ပြည်တွင်းမှာ ဘောလုံးပွဲတွေကို ပထမဆုံး ပြန်စတင်မှာက ပရီးမီးယားလိဂ်ဖြစ်ပြီး အခြားသော EFL ပြိုင်ပွဲတွေကတော့ နောက်ကျပြီးမှ ပြန်စနိုင်မှာဖြစ်တယ်။ ဒါကလည်း ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုအရ ပိုမို လုပ်နိုင်ကိုင်နိုင်တဲ့ ပရီးမီးယားလိဂ်က အရင်ပြန်စဖို့ လုပ်နိုင်ခြင်း ဖြစ်ပါတယ်။

လက်တလောမှာ ချန်ပီယံရှစ်ကတော့ ပရီးမီးယားလိဂ်နည်းတူ ဇွန်လအတွင်းမှာ ဘောလုံးပွဲ ပြန်ကစားမှာဖြစ်တယ်။ ပရီးမီးယားလိဂ်မှာတော့ ကစားသမားတွေကို ကိုဗစ် စစ်ဆေးမှုအတွက် ကလပ်တွေက တာဝန်ယူပေမယ့် ချန်ပီယံရှစ်မှာတော့ ကိုဗစ် စစ်ဆေးမှု စရိတ်တွေကို ကိုယ်ဘာသာ တာဝန်ယူရမှာဖြစ်တယ်။

လိဂ်ဝမ်းကတော့ ရာသီစက ဘာရီအသင်း ဖျက်သိမ်းလိုက်ရခြင်းကြောင့် အသင်း ၂၃ သင်းရှိပြီး ကလပ် အားလုံးနီးပါးက ဘောလုံးရာသီကို ပြန်ကစားလိုကြပါတယ်။ မဟုတ်ခဲ့ရင် points-per-game စနစ်နဲ့ တန်းဆင်းတန်းတက် ရွေးချယ်ပေးခြင်းကို ခံရမှာဖြစ်တယ်။ သက်ဆိုင်ရာလိဂ်ရဲ့ မဲပေးမှုကို အခြားလိဂ်က ကလပ်တွေ ပါဝင်ခွင့်ရှိမှာ မဟုတ်ပါဘူး။

မေလ ၁၅ ရက်တုန်းက လိဂ်တူးကတော့ ဘောလုံးပွဲကို ပြန်မကစားပဲ ရပ်တန့်ဖို့ မဲပေးထားပါတယ်။ လိဂ်တူးမှာတော့ Swindon Town က Crewe Alexandra, Plymouth Argyle, Cheltenham Town တို့နဲ့အတူ လေးသင်းထိ တန်းတက်ခွင့်ရပါမယ် (လိဂ်ဝမ်းကလပ် ဘာရီ ပယ်ဖျက်ထားသဖြင့် တစ်သင်းအစားထိုး တက်ရောက်)။ Stevenage ကတော့ တန်းဆင်းရမှာဖြစ်တယ်။

ZAWGYI – အဂၤလန္ေဘာလံုး အမွတ္ေပးလိဂ္ေတြထဲက EFL လိဂ္ေတြျဖစ္တဲ့ ခ်န္ပီယံရွစ္၊ လိဂ္-ဝမ္း နဲ႔ လိဂ္-တူး ျပိဳင္ပြဲေတြကို ဆက္လက္ ယွဥ္ျပိဳင္ႏိုင္ျခင္း မရွိရင္လည္း တန္းတက္ တန္းဆင္းစနစ္ ဆက္ရွိေနမယ္လို႔ လိဂ္တာဝန္ရွိသူေတြက အတည္ျပဳ ေၾကညာလိုက္ပါတယ္။

ကိုရိုနာကပ္ေဘးေၾကာင့္ လိဂ္ျပိဳင္ပြဲ ၃ ခုလံုးကို ဆက္မကစားႏုိင္ရင္ေတာင္ တန္းတက္တန္းဆင္း ကိစၥအျပင္ Play-offs ေတြ ဆက္ကစားရမွာပါ။ ဒါဟာ ေအာက္တန္းလိဂ္ေတြျဖစ္တဲ့ လိဂ္-ဝမ္း နဲ႔ လိဂ္-တူး ျပိဳင္ပြဲေတြကို ဆက္ကစားဖို႔ ညိႏိႈင္းမႈေတြ မေအာင္ျမင္ျခင္းေၾကာင့္ ပယ္ဖ်က္သြားရင္လည္း အၾကံဳးဝင္မွာ ျဖစ္ပါတယ္။

အဂၤလန္ျပည္တြင္းမွာ ေဘာလံုးပြဲေတြကို ပထမဆံုး ျပန္စတင္မွာက ပရီးမီးယားလိဂ္ျဖစ္ျပီး အျခားေသာ EFL ျပိဳင္ပြဲေတြကေတာ့ ေနာက္က်ျပီးမွ ျပန္စႏုိင္မွာျဖစ္တယ္။ ဒါကလည္း ဘ႑ာေရးဆိုင္ရာ စိန္ေခၚမႈအရ ပိုမို လုပ္ႏုိင္ကိုင္ႏုိင္တဲ့ ပရီးမီးယားလိဂ္က အရင္ျပန္စဖို႔ လုပ္ႏိုင္ျခင္း ျဖစ္ပါတယ္။

လက္တေလာမွာ ခ်န္ပီယံရွစ္ကေတာ့ ပရီးမီးယားလိဂ္နည္းတူ ဇြန္လအတြင္းမွာ ေဘာလံုးပြဲ ျပန္ကစားမွာျဖစ္တယ္။ ပရီးမီးယားလိဂ္မွာေတာ့ ကစားသမားေတြကို ကိုဗစ္ စစ္ေဆးမႈအတြက္ ကလပ္ေတြက တာဝန္ယူေပမယ့္ ခ်န္ပီယံရွစ္မွာေတာ့ ကိုဗစ္ စစ္ေဆးမႈ စရိတ္ေတြကို ကိုယ္ဘာသာ တာဝန္ယူရမွာျဖစ္တယ္။

လိဂ္ဝမ္းကေတာ့ ရာသီစက ဘာရီအသင္း ဖ်က္သိမ္းလိုက္ရျခင္းေၾကာင့္ အသင္း ၂၃ သင္းရွိျပီး ကလပ္ အားလံုးနီးပါးက ေဘာလံုးရာသီကို ျပန္ကစားလိုၾကပါတယ္။ မဟုတ္ခဲ့ရင္ points-per-game စနစ္နဲ႔ တန္းဆင္းတန္းတက္ ေရြးခ်ယ္ေပးျခင္းကို ခံရမွာျဖစ္တယ္။ သက္ဆိုင္ရာလိဂ္ရဲ႕ မဲေပးမႈကို အျခားလိဂ္က ကလပ္ေတြ ပါဝင္ခြင့္ရွိမွာ မဟုတ္ပါဘူး။

ေမလ ၁၅ ရက္တုန္းက လိဂ္တူးကေတာ့ ေဘာလံုးပြဲကို ျပန္မကစားပဲ ရပ္တန္႔ဖို႔ မဲေပးထားပါတယ္။ လိဂ္တူးမွာေတာ့ Swindon Town က Crewe Alexandra, Plymouth Argyle, Cheltenham Town တို႔နဲ႔အတူ ေလးသင္းထိ တန္းတက္ခြင့္ရပါမယ္ (လိဂ္ဝမ္းကလပ္ ဘာရီ ပယ္ဖ်က္ထားသျဖင့္ တစ္သင္းအစားထိုး တက္ေရာက္)။ Stevenage ကေတာ့ တန္းဆင္းရမွာျဖစ္တယ္။