ကြာသပတေးနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

UNICODE – လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကစားသမားတွေ လေ့ကျင့်ရေးဝင်ဖို့ကို ငြင်းဆန်လာကြမယ်ဆိုရင် လေးစားမှုအပြည့်နဲ့ လက်ခံပေးသွားပါမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ကာရင်တန်မှာ ပြန်လည်စတင်တဲ့ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးမှာ စိတ်ဝင်စားစရာကတော့ ကွင်းလယ်လူ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို တစ်ချိန်တည်းမှာ လေ့ကျင့်စေတဲ့ အဖွဲ့ထဲကို ထည့်သွင်းခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးဟာ ကစားသမားဘဝ တစ်ကြိမ်မှ တွဲဘက်ကစားကြရခြင်း မရှိသေးပါဘူး။

အာဆင်နယ် ကွင်းလယ် ကစားသမား ဇာခါက အသင်းဖော် နှစ်ဦး ဖြစ်တဲ့ အိုဇေးလ်၊ အူဘာမီးယန်းတို့ကို လွယ်လွယ် လက်လွှတ်ရင် အာဆင်နယ် အတွက် ဆုံးရှုံးမှု ကြီးမားမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ နော်ဝစ်တို့ဟာ ဒီအပတ် သောကြာနေ့မှာတော့ လေ့ကျင့်ရေးတွေ ပြန်ဝင်မယ်လို့ အတည်ပြုလိုက်ပြီး ၎င်းတို့ နှစ်သင်းဟာ ပုံစံသစ်နဲ့ ပြန်လည်စတင်မယ့် လေ့ကျင့်မှုတွေကို စလုပ်ဖို့ အတည်ပြုနိုင်တဲ့ နောက်ဆုံးအသင်းတွေ ဖြစ်လာပါတယ်။

ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်ဟာ လေ့ကျင့်ရေးတွေကို ပြန်ဝင်ခဲ့ပြီဖြစ်ပြီး ပထမဆုံးနေ့ရက်တွေအဖြစ် ကစားသမားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို စစ်တမ်းတွေ ယူရာမှာ ဖာနန်ဒက်စ်ဟာ တစ်နာရီကို ၃၄.၂၇ ကီလိုမီတာနှုန်းဖြင့် ဂျိမ်းနောက် အမြန်ဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

နယူးကာဆယ်မန်နေဂျာ စတိဗ်ဘရုစ်က အသင်းကို ပိုင်ရှင်သစ် ရောက်ရှိလာပြီးရင်လည်း သူ့ကို မန်နေဂျာအဖြစ် ဆက်ခန့်ရင် အလုပ်တွဲလုပ်လိုတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ကိုရိုနာကပ်ဘေးကြောင့် အပြောင်းအရွှေ့ ကိစ္စတွေကို ရပ်ဆိုင်းထားရုံတင် မကဘဲ ကလပ်ရဲ့ ကစားသမားတွေကို သက်တမ်းတိုးမှုတွေကိုပါ အတည်ပြုနိုင်ဖို့ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

ချယ်ဆီးမန်နေဂျာ ဖရန့်လမ်းပတ်က သူ့ရဲ့ ချယ်ဆီး ကစားသမားဘဝတုန်းက အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ကိုင်မြောက်နိုင်ခဲ့တဲ့ ညဟာ ကစားသမားဘဝဲ့ အကောင်းဆုံး ညတစ်ညဖြစ်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ယူနိုက်တက် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရိတ်က ဘွန်ဒက်လီဂါကြယ်ပွင့် ဟာဗက်ကို အတော်လေး အထင်ကြီးပါကြောင်းနဲ့ အင်္ဂလန်ကလပ်တွေ ခေါ်ယူသင့်ကြောင်း သုံးသပ်သွားပါတယ်။

ယူနိုက်တက်ဟာ ကိုရိုနာ ကပ်ဘေးကြောင့် ဘဏ္ဍာရေးထိခိုက်မှု ကြီးမားမှုကို ရင်ဆိုင်ရဖွယ်ရှိပြီး ဒီကာလတွေအတွင်း ကလပ်ကြွေးမှီးဟာ ၄၁% (ပေါင်၁၂၇.၄ သန်း) ထိ ထပ်မံ ထိုးတက်သွားခဲ့ပါတယ်။

လီဗာပူး ချန်ပီယံဖြစ်ဖို့ အရမ်း နီးကပ်နေတဲ့ အခြေအနေမှာ ကိုရိုနာကပ်ဘေးကြောင့် ဘောလုံးပွဲတွေ ရပ်နားထားခဲ့ရမှုကို စိတ်မရှည်တဲ့ ထိုင်းမှ လီဗာပူးပရိသတ်က ဘတ်ငွေ ၁၀ သန်းကျော် အကုန်အကျခံထားရတဲ့ ထရပ်ကားနဲ့အတူ အောင်ပွဲခံမှု အသေးစားကို ပြုလုပ်သွားပါတယ်။

အာဆင်နယ် ဂန္တဝင်ကြီး အီယန်ရိုက်က အသင်းဟောင်းအနေနဲ့ မန်နေဂျာအာတီတာကို အစောတလျင် ဆုံးဖြတ်မှုတွေ မလုပ်ဘဲ ကာလတစ်ခုထိ အချိန်ပေးကာ စောင့်ကြည့်ပေးသွားဖို့ တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီးကွင်းလယ်လူ ကန်တေဟာ အစောပိုင်း ကလပ်ရဲ့ လေ့ကျင့်ရေးကို ပါဝင်ခဲ့ပေမယ့်လည်း ဗုဒ္ဓဟူးနေ့ကစပြီး ချယ်ဆီး လေ့ကျင့်ရေး အစီအစဉ်တွေကို ပါဝင်သွားတော့မှာ မဟုတ်ပါဘူး။

ZAWGYI – လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကစားသမားေတြ ေလ့က်င့္ေရးဝင္ဖို႔ကို ျငင္းဆန္လာၾကမယ္ဆိုရင္ ေလးစားမႈအျပည့္နဲ႔ လက္ခံေပးသြားပါမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ကာရင္တန္မွာ ျပန္လည္စတင္တဲ့ ယူႏုိက္တက္ရဲ႕ ေလ့က်င့္ေရးမွာ စိတ္ဝင္စားစရာကေတာ့ ကြင္းလယ္လူ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ကို တစ္ခ်ိန္တည္းမွာ ေလ့က်င့္ေစတဲ့ အဖြဲ႔ထဲကို ထည့္သြင္းခဲ့တာျဖစ္ျပီး သူတို႔ႏွစ္ဦးဟာ ကစားသမားဘဝ တစ္ၾကိမ္မွ တြဲဘက္ကစားၾကရျခင္း မရွိေသးပါဘူး။

အာဆင္နယ္ ကြင္းလယ္ ကစားသမား ဇာခါက အသင္းေဖာ္ နွစ္ဦး ျဖစ္တဲ့ အိုေဇးလ္၊ အူဘာမီးယန္းတို႔ကို လြယ္လြယ္ လက္လႊတ္ရင္ အာဆင္နယ္ အတြက္ ဆံုးရွံဳးမႈ ၾကီးမားမယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ေနာ္ဝစ္တို႔ဟာ ဒီအပတ္ ေသာၾကာေန႔မွာေတာ့ ေလ့က်င့္ေရးေတြ ျပန္ဝင္မယ္လို႔ အတည္ျပဳလိုက္ျပီး ၄င္းတို႔ ႏွစ္သင္းဟာ ပံုစံသစ္နဲ႔ ျပန္လည္စတင္မယ့္ ေလ့က်င့္မႈေတြကို စလုပ္ဖို႔ အတည္ျပဳႏုိင္တဲ့ ေနာက္ဆံုးအသင္းေတြ ျဖစ္လာပါတယ္။

ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္ဟာ ေလ့က်င့္ေရးေတြကို ျပန္ဝင္ခဲ့ျပီျဖစ္ျပီး ပထမဆံုးေန႔ရက္ေတြအျဖစ္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ႏုိင္စြမ္းကို စစ္တမ္းေတြ ယူရာမွာ ဖာနန္ဒက္စ္ဟာ တစ္နာရီကို ၃၄.၂၇ ကီလိုမီတာႏႈန္းျဖင့္ ဂ်ိမ္းေနာက္ အျမန္ဆံုး ကစားသမား ျဖစ္ခဲ့ပါတယ္။

နယူးကာဆယ္မန္ေနဂ်ာ စတိဗ္ဘရုစ္က အသင္းကို ပိုင္ရွင္သစ္ ေရာက္ရွိလာျပီးရင္လည္း သူ႔ကုိ မန္ေနဂ်ာအျဖစ္ ဆက္ခန္႔ရင္ အလုပ္တြဲလုပ္လိုတယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ကိုရိုနာကပ္ေဘးေၾကာင့္ အေျပာင္းအေရႊ႔ ကိစၥေတြကို ရပ္ဆုိင္းထားရံုတင္ မကဘဲ ကလပ္ရဲ႕ ကစားသမားေတြကို သက္တမ္းတိုးမႈေတြကိုပါ အတည္ျပဳႏုိင္ဖို႔ ရပ္ဆိုင္းထားတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာ ဖရန္႔လမ္းပတ္က သူ႕ရဲ႕ ခ်ယ္ဆီး ကစားသမားဘဝတုန္းက အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမာက္နုိင္ခဲ့တဲ့ ညဟာ ကစားသမားဘဝဲ႕ အေကာင္းဆံုး ညတစ္ညျဖစ္ခဲ႔တယ္လုိ႔ ထုတ္ေဖာ္ ေျပာဆိုသြားပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႔ ယူႏုိက္တက္ ကြင္းလယ္လူေဟာင္း အိုဝင္ ဟားဂရိတ္က ဘြန္ဒက္လီဂါၾကယ္ပြင့္ ဟာဗက္ကို အေတာ္ေလး အထင္ၾကီးပါေၾကာင္းနဲ႔ အဂၤလန္ကလပ္ေတြ ေခၚယူသင့္ေၾကာင္း သံုးသပ္သြားပါတယ္။

ယူႏုိက္တက္ဟာ ကိုရိုနာ ကပ္ေဘးေၾကာင့္ ဘ႑ာေရးထိခိုက္မႈ ၾကီးမားမႈကို ရင္ဆိုင္ရဖြယ္ရွိျပီး ဒီကာလေတြအတြင္း ကလပ္ေၾကြးမွီးဟာ ၄၁% (ေပါင္၁၂၇.၄ သန္း) ထိ ထပ္မံ ထိုးတက္သြားခဲ့ပါတယ္။

လီဗာပူး ခ်န္ပီယံျဖစ္ဖို႔ အရမ္း နီးကပ္ေနတဲ့ အေျခအေနမွာ ကိုရိုနာကပ္ေဘးေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားထားခဲ့ရမႈကို စိတ္မရွည္တဲ့ ထိုင္းမွ လီဗာပူးပရိသတ္က ဘတ္ေငြ ၁၀ သန္းေက်ာ္ အကုန္အက်ခံထားရတဲ့ ထရပ္ကားနဲ႔အတူ ေအာင္ပြဲခံမႈ အေသးစားကို ျပဳလုပ္သြားပါတယ္။

အာဆင္နယ္ ဂႏၲဝင္ၾကီး အီယန္႐ိုက္က အသင္းေဟာင္းအေနနဲ႔ မန္ေနဂ်ာအာတီတာကို အေစာတလ်င္ ဆံုးျဖတ္မႈေတြ မလုပ္ဘဲ ကာလတစ္ခုထိ အခ်ိန္ေပးကာ ေစာင့္ၾကည့္ေပးသြားဖို႔ တိုက္တြန္းလိုက္ပါတယ္။

ခ်ယ္ဆီးကြင္းလယ္လူ ကန္ေတဟာ အေစာပိုင္း ကလပ္ရဲ႕ ေလ့က်င့္ေရးကို ပါဝင္ခဲ့ေပမယ့္လည္း ဗုဒၶဟူးေန႔ကစျပီး ခ်ယ္ဆီး ေလ့က်င့္ေရး အစီအစဥ္ေတြကို ပါဝင္သြားေတာ့မွာ မဟုတ္ပါဘူး။