NEWS: ကိုရိုနာကပ်ဘေးကြောင့် အကြွေး ပေါင် ၄၂၉ သန်းထိ ထိုးတက်သွားတဲ့ ယူနိုက်တက်

UNICODE – ယူနိုက်တက်ဟာ ကိုရိုနာ ကပ်ဘေးကြောင့် ဘဏ္ဍာရေးထိခိုက်မှု ကြီးမားမှုကို ရင်ဆိုင်ရဖွယ်ရှိပြီး ဒီကာလတွေအတွင်း ကလပ်ကြွေးမှီးဟာ ၄၁% (ပေါင်၁၂၇.၄ သန်း) ထိ ထပ်မံ ထိုးတက်သွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ စုစုပေါင်း အကြွေးစာရင်းက ပေါင် ၄၂၉.၁ သန်းထိ ရှိလာခဲ့ပြီဖြစ်ပြီး ကိုရိုနာကပ်ဘေးကြောင့် ဒီနှစ်လအတွင်း ဝင်ငွေတွေ ဆက်တိုက် ကျဆင်းမှုက ကလပ်ကို ထခိုက်စေခဲ့ပါတယ်။ မတ်လနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲတွေ ရပ်နားထားရပေမယ့် ယူနိုက်တက်ကတော့ အသင်းဝန်ထမ်းတွေကို လုပ်ခ အပြည့် ဆက်ပေးနေခဲ့တာဖြစ်တယ်။

ချန်ပီယံလိဂ် ပါဝင်ယှဉ်ပြိုင်ရခြင်း မရှိတာကြောင့် ဝင်ငွေပိုင်းမှာ ၁၉% ကျဆင်းခဲ့တဲ့ ယူနိုက်တက်ဟာ ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်နေ့အတွင်း ပေါင် ၇.၃ သန်း ဆုံးရံှူးခဲ့ပါတယ်။ ရုပ်သံဝင်ငွေမှာလည်း ကုန်ခဲ့တဲ့ လေးချိုးတစ်ချိုး ကာလထက် ၅၀% ကျဆင်းခဲ့တယ်။ ဒါ့အပြင် နိုင်ငံတကာနဲ့ Sky Sports, BT Sports တို့ကို ပေါင် ၁၅ သန်းစီ ရုပ်သံကြေး ပြန်ပေးရဖို့လည်း ရှိနေပါတယ်။

လက်ကျန် ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပွဲတွေကို ပရိသတ်မပါဘဲ ကစားရမှာအတွက် ပွဲနေ့ဝင်ငွေပိုင်းလည်း ဆုံးရှူံးပေမယ့်လိုပ အသေးစား စီးပွားရေးပါတနာပိုင်းမှာ (ပေါင် ၂ သန်း) နဲ့ စပွန်ဆာပိုင်းမှာ (ပေါင်၃.၁ သန်း) တို့ တိုးတက်မှုတော့ ရှိခဲ့ပါတယ်။

Q3 (တစ်နှစ်တာဝင်ငွေ အပိုင်းလေးပိုင်းရဲ့ တတိယပိုင်း) အတွက် ခက်ခဲတဲ့ ကာလဖြစ်ပေမယ့်လည်း ယူနိုက်တက်ဟာ ဘဏ်မှာ ငွေသားသီးသန့် ပေါင် သန်း ၉၀ ရှိသေးသလို လိုအပ်ရင် ထုတ်သုံးဖို့အတွက် ပေါင် သန်း ၁၅၀ လည်း ရှိနေပါသေးတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ကိုရိုနာ ကပ္ေဘးေၾကာင့္ ဘ႑ာေရးထိခိုက္မႈ ၾကီးမားမႈကို ရင္ဆိုင္ရဖြယ္ရွိျပီး ဒီကာလေတြအတြင္း ကလပ္ေၾကြးမွီးဟာ ၄၁% (ေပါင္၁၂၇.၄ သန္း) ထိ ထပ္မံ ထိုးတက္သြားခဲ့ပါတယ္။

ယူႏုိက္တက္ရဲ႕ စုစုေပါင္း အေၾကြးစာရင္းက ေပါင္ ၄၂၉.၁ သန္းထိ ရွိလာခဲ့ျပီျဖစ္ျပီး ကိုရိုနာကပ္ေဘးေၾကာင့္ ဒီႏွစ္လအတြင္း ဝင္ေငြေတြ ဆက္တိုက္ က်ဆင္းမႈက ကလပ္ကို ထခိုက္ေစခဲ့ပါတယ္။ မတ္လေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲေတြ ရပ္နားထားရေပမယ့္ ယူႏုိက္တက္ကေတာ့ အသင္းဝန္ထမ္းေတြကို လုပ္ခ အျပည့္ ဆက္ေပးေနခဲ့တာျဖစ္တယ္။

ခ်န္ပီယံလိဂ္ ပါဝင္ယွဥ္ျပိဳင္ရျခင္း မရွိတာေၾကာင့္ ဝင္ေငြပိုင္းမွာ ၁၉% က်ဆင္းခဲ့တဲ့ ယူႏုိက္တက္ဟာ ဇန္နဝါရီလ ၁ ရက္ကေန မတ္လ ၃၁ ရက္ေန႔အတြင္း ေပါင္ ၇.၃ သန္း ဆံုးရံွဴးခဲ့ပါတယ္။ ရုပ္သံဝင္ေငြမွာလည္း ကုန္ခဲ့တဲ့ ေလးခ်ိဳးတစ္ခ်ိဳး ကာလထက္ ၅၀% က်ဆင္းခဲ့တယ္။ ဒါ့အျပင္ ႏုိင္ငံတကာနဲ႔ Sky Sports, BT Sports တို႔ကို ေပါင္ ၁၅ သန္းစီ ရုပ္သံေၾကး ျပန္ေပးရဖို႔လည္း ရွိေနပါတယ္။

လက္က်န္ ပရီးမီးယားလိဂ္နဲ႔ ယူရိုပါလိဂ္ပြဲေတြကို ပရိသတ္မပါဘဲ ကစားရမွာအတြက္ ပြဲေန႔ဝင္ေငြပိုင္းလည္း ဆံုးရွံဴးေပမယ့္လိုပ အေသးစား စီးပြားေရးပါတနာပိုင္းမွာ (ေပါင္ ၂ သန္း) နဲ႔ စပြန္ဆာပိုင္းမွာ (ေပါင္၃.၁ သန္း) တို႔ တိုးတက္မႈေတာ့ ရွိခဲ့ပါတယ္။

Q3 (တစ္ႏွစ္တာဝင္ေငြ အပိုင္းေလးပိုင္းရဲ႕ တတိယပိုင္း) အတြက္ ခက္ခဲတဲ့ ကာလျဖစ္ေပမယ့္လည္း ယူႏုိက္တက္ဟာ ဘဏ္မွာ ေငြသားသီးသန္႔ ေပါင္ သန္း ၉၀ ရွိေသးသလို လိုအပ္ရင္ ထုတ္သံုးဖို႔အတြက္ ေပါင္ သန္း ၁၅၀ လည္း ရွိေနပါေသးတယ္။