လီဗာပူးနဲ့ မန်စီးတီး ခေါ်ယူသင့်တဲ့ အိုဇေးတစ်ဝက် ဘောလက်တစ်ဝက် ပါရမီပါတဲ့ ကြယ်ပွင့်လေး

UNICODE – ဘိုင်ယန်မြူးနစ်နဲ့ ယူနိုက်တက် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရိတ်က ဘွန်ဒက်လီဂါကြယ်ပွင့် ဟာဗက်ကို အတော်လေး အထင်ကြီးပါကြောင်းနဲ့ အင်္ဂလန်ကလပ်တွေ ခေါ်ယူသင့်ကြောင်း သုံးသပ်သွားပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေက ဒေါ့မွန်က ဆန်ချိုနဲ့ ဟာလန်တို့အပေါ်မှာ မျက်စိကျနေပေမယ့် လေဗာကူဆင် ကွင်းလယ်လူ ဟာဗက်ကလည်း အတော်လေးကို တောက်ပနေတာပါ။ သူဟာ တိုက်စစ်အားသန်ပေမယ့် ကွင်းလယ်ကို ပိုင်နိုင်စွာ ကစားနိုင်ပြီး ပြိုင်ဘက်တွေကို ဒုက္ခပေးမှုမှာလည်း ဘောလက်လို မာမာထန်ထန် လုပ်နိုင်စွမ်းရှိတယ်လို့ အင်္ဂလန်သားကြီးက ပြောပါတယ်။

ဟားဂရိတ်က ပြောရာမှာ ” သူက တကယ်ကို ထူးရှယ် ကစားသမားပါ။ သူက နောက်ထပ် ထွန်းတောက်လာမယ့် ကြယ်ပွင့်ပါ။ အကောင်းဆုံးသော ဂျာမာန် ကစားသမားတွေဟာ ဘွန်ဒက်လီဂါမှာ ကာလတစ်ခု ကျင်လည်ကြပြီးရင် ပရီးမီးယားလိဂ်နဲ့ စပိန်ကို ပြောင်းရွှေ့ကြေပါတယ်။

တာစတီဂန်၊ တိုနီခရုစ်နဲ့ အိုဇေးတို့က ပြောင်းလဲ ကစားကြပြီး အကောင်းဆုံး လုပ်ပြနိုင်ကြတယ်။ ဘွန်ဒက်လီဂါ ကြယ်ပွင့်တွေဟာ ကျောင်းတွေမှာ သင်ပြမှုကောင်းတွေနဲ့အတူ ပရော်ဖက်ရှယ်နယ်ကောင်းတွေ ဖြစ်လာကြတယ်။ ဟာဗက်က တောက်ပလာမယ့် ကြယ်တစ်ပွင့်ပါပဲ။

လူတိုင်းက ဟာလန်နဲ့ ဆန်ချိုကိုပဲ မျက်စိကျနေပေမယ့် ဟာဗက်က ဂျာမနီနဲ့ အလားအလာရှိ ကစားသမားပါ။ သူက တကယ်ကို ထူးချွန်ပြီး မိုင်ကယ်ဘောလက်နဲ့ အိုဇေးတို့ကို ပေါင်းစပ်ထားတဲ့ စတိုင်ပါပဲ။ သူ့ရဲ့ သွင်းဂိုးတွေနဲ့ အံဝင်ခြင်းတွေကလည်း ဒါကို သက်သေထူနေပါတယ်။ ဟာဗက်က တကယ်ကို စူပါ ကစားသမားပါ။ အင်္ဂလန် ထိပ်တန်း ၆ သင်းက လူတွေဟာ သူ့ကို အများကြီး စောင့်ကြည့်နေကြပြီး ဟာဗက်ကို ခေါ်ယူလိုကြတယ်။

သူက လီဗာပူး၊ ယူနိုက်တက်နဲ့ မန်စီးတီးတို့ကို ရောက်လာနိုင်ပါတယ်။ ဒီအပတ် ဘွန်ဒက်လီဂါပွဲမှာဆိုရင် လူတိုင်းက သူကစားတာကို မြင်ပြီး ဟာဗက်ကို ခေါ်ယူပေးပါဆိုပြီးတောင် ပြောကြလိမ့်မယ်။ သူ့ကို ဘိုင်ယန်မြူးနစ်မှာ မြင်ရမှာကို သဘောကျပါတယ်။ ဒါပေမယ့် သူ့ကို မလိုချင်တဲ့ အသင်းလည်း ရှိမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ဘိုင္ယန္ျမဴးနစ္နဲ႔ ယူႏုိက္တက္ ကြင္းလယ္လူေဟာင္း အိုဝင္ ဟားဂရိတ္က ဘြန္ဒက္လီဂါၾကယ္ပြင့္ ဟာဗက္ကို အေတာ္ေလး အထင္ၾကီးပါေၾကာင္းနဲ႔ အဂၤလန္ကလပ္ေတြ ေခၚယူသင့္ေၾကာင္း သံုးသပ္သြားပါတယ္။

ပရီးမီးယားလိဂ္အသင္းေတြက ေဒါ့မြန္က ဆန္ခ်ိဳနဲ႔ ဟာလန္တို႔အေပၚမွာ မ်က္စိက်ေနေပမယ့္ ေလဗာကူဆင္ ကြင္းလယ္လူ ဟာဗက္ကလည္း အေတာ္ေလးကို ေတာက္ပေနတာပါ။ သူဟာ တိုက္စစ္အားသန္ေပမယ့္ ကြင္းလယ္ကို ပိုင္ႏုိင္စြာ ကစားႏုိင္ျပီး ျပိဳင္ဘက္ေတြကို ဒုကၡေပးမႈမွာလည္း ေဘာလက္လို မာမာထန္ထန္ လုပ္ႏုိင္စြမ္းရွိတယ္လို႔ အဂၤလန္သားၾကီးက ေျပာပါတယ္။

ဟားဂရိတ္က ေျပာရာမွာ ” သူက တကယ္ကို ထူးရွယ္ ကစားသမားပါ။ သူက ေနာက္ထပ္ ထြန္းေတာက္လာမယ့္ ၾကယ္ပြင့္ပါ။ အေကာင္းဆံုးေသာ ဂ်ာမာန္ ကစားသမားေတြဟာ ဘြန္ဒက္လီဂါမွာ ကာလတစ္ခု က်င္လည္ၾကျပီးရင္ ပရီးမီးယားလိဂ္နဲ႔ စပိန္ကို ေျပာင္းေရႊ႔ေၾကပါတယ္။

တာစတီဂန္၊ တိုနီခရုစ္နဲ႔ အိုေဇးတို႔က ေျပာင္းလဲ ကစားၾကျပီး အေကာင္းဆံုး လုပ္ျပႏုိင္ၾကတယ္။ ဘြန္ဒက္လီဂါ ၾကယ္ပြင့္ေတြဟာ ေက်ာင္းေတြမွာ သင္ျပမႈေကာင္းေတြနဲ႔အတူ ပေရာ္ဖက္ရွယ္နယ္ေကာင္းေတြ ျဖစ္လာၾကတယ္။ ဟာဗက္က ေတာက္ပလာမယ့္ ၾကယ္တစ္ပြင့္ပါပဲ။

လူတိုင္းက ဟာလန္နဲ႔ ဆန္ခိ်ဳကိုပဲ မ်က္စိက်ေနေပမယ့္ ဟာဗက္က ဂ်ာမနီနဲ႔ အလားအလာရွိ ကစားသမားပါ။ သူက တကယ္ကို ထူးခၽြန္ျပီး မိုင္ကယ္ေဘာလက္နဲ႔ အိုေဇးတို႔ကို ေပါင္းစပ္ထားတဲ့ စတိုင္ပါပဲ။ သူ႔ရဲ႕ သြင္းဂိုးေတြနဲ႔ အံဝင္ျခင္းေတြကလည္း ဒါကို သက္ေသထူေနပါတယ္။ ဟာဗက္က တကယ္ကို စူပါ ကစားသမားပါ။ အဂၤလန္ ထိပ္တန္း ၆ သင္းက လူေတြဟာ သူ႔ကို အမ်ားၾကီး ေစာင့္ၾကည့္ေနၾကျပီး ဟာဗက္ကို ေခၚယူလိုၾကတယ္။

သူက လီဗာပူး၊ ယူႏုိက္တက္နဲ႔ မန္စီးတီးတို႔ကို ေရာက္လာႏုိင္ပါတယ္။ ဒီအပတ္ ဘြန္ဒက္လီဂါပြဲမွာဆိုရင္ လူတိုင္းက သူကစားတာကို ျမင္ျပီး ဟာဗက္ကို ေခၚယူေပးပါဆိုျပီးေတာင္ ေျပာၾကလိမ့္မယ္။ သူ႔ကို ဘိုင္ယန္ျမဴးနစ္မွာ ျမင္ရမွာကို သေဘာက်ပါတယ္။ ဒါေပမယ့္ သူ႔ကို မလိုခ်င္တဲ့ အသင္းလည္း ရွိမွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။