NEWS: မန်စီးတီးနဲ့ နော်ဝစ်တို့ လေ့ကျင့်ရေး ပြန်ဝင်ကြမယ့် ရက်စွဲကို အတည်ပြု

UNICODE – ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်စီးတီးနဲ့ နော်ဝစ်တို့ဟာ ဒီအပတ် သောကြာနေ့မှာတော့ လေ့ကျင့်ရေးတွေ ပြန်ဝင်မယ်လို့ အတည်ပြုလိုက်ပြီး ၎င်းတို့ နှစ်သင်းဟာ ပုံစံသစ်နဲ့ ပြန်လည်စတင်မယ့် လေ့ကျင့်မှုတွေကို စလုပ်ဖို့ အတည်ပြုနိုင်တဲ့ နောက်ဆုံးအသင်းတွေ ဖြစ်လာပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးက လေ့ကျင့်ရေး ပြန်ဆင်းဖို့ သဘောတူညီထားခဲ့တယ်။ ဒါပေမယ့် မိခင်ဖြစ်သူ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရပြီး ကွယ်လွန်ခဲ့ခြင်းကြောင့် မန်နေဂျာ ဂွာဒီယိုလာဟာ အင်္ဂလန်ကို ပြန်လာဖို့ နှောင့်နှေးနေခဲ့ရပြီး တနင်္လာနေ့မှာ စတင်ရမယ့် လေ့ကျင့်ရေးကို အစီအစဉ်အတိုင်း မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီး ကစားသမားတွေနဲ့ ဝန်ထမ်းတွေကတော့ တနင်္လာနေ့မှာ ကိုဗစ် စစ်ဆေးမှုတွေ ခံယူခဲ့ပြီး ရလဒ်ကောင်းခဲ့ကာ မန်နေဂျာဂွာဒီယိုလာ ဦးဆောင်မယ့် အသင်းသားတွေဟာ သောကြာနေ့မှာ လေ့ကျင့်ရေး ပြန်ဝင်ကြပါမယ်။ စည်းမျဉ်းသစ်အရ ဂိုးသမားအပါ မန်စီးတီး ကစားသမား ၅ ဦး တစ်ဖွဲ့ပုံစံဖြင့် လေ့ကျင့်ရေမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ နည်းပြအဖွဲ့ဝင် သုံးဦးလောက်ပဲ တူညီတဲ့ မြက်ခင်းပြင်မှာ နည်းပြခွင့်ရပါမယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲ ကစားဖို့ ကျန်ရှိနေပြီး လက်ကျန် ၉ ပွဲမှာ ၂ ပွဲနိုင်ရင်ကို ချန်ပီယံဖြစ်မယ့် ပြိုင်ဘက် လီဗာပူးကို ဖိအားပေးရမှာပါ။ မန်နေဂျာဂွာဒီယိုလာကတော့ ပရီးမီးယားလိဂ်ထက် ဇူလိုင်လအကုန် (သို့) သြဂုတ်လမှာ ယှဉ်ပြိုင်ရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲကို ပိုမို အာရုံစိုက်ဖွယ် ရှိနေပါတယ်။

နော်ဝစ်အသင်းကလည်း ကိုဗစ်စစ်ဆေးမှုမှာ ပိုးတွေ့သူ မရှိခြင်းကြောင့် သောကြာနေ့မှာပဲ လေ့ကျင့်ရေး ပြန်ဝင်ကြမှာဖြစ်ပါတယ်။ ဒီအပတ် ကြေညာချက်မှာတော့ ပရီးမီးယားလိဂ်အတွင်း ပိုးတွေ့သူ ၆ ဦးရှိခဲ့ပြီး ဝတ်ဖိုဒ့်မှ ၃ ဦးဖြစ်ကာ ဘန်လေမှ တစ်ဦးဖြစ်တယ်။ ကျန်တဲ့ နှစ်ဦးကတော့ ဘယ်အသင်းကလည်းဆိုတာကို မသိရတာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ေနာ္ဝစ္တို႔ဟာ ဒီအပတ္ ေသာၾကာေန႔မွာေတာ့ ေလ့က်င့္ေရးေတြ ျပန္ဝင္မယ္လို႔ အတည္ျပဳလိုက္ျပီး ၄င္းတို႔ ႏွစ္သင္းဟာ ပံုစံသစ္နဲ႔ ျပန္လည္စတင္မယ့္ ေလ့က်င့္မႈေတြကို စလုပ္ဖို႔ အတည္ျပဳႏုိင္တဲ့ ေနာက္ဆံုးအသင္းေတြ ျဖစ္လာပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးက ေလ့က်င့္ေရး ျပန္ဆင္းဖို႔ သေဘာတူညီထားခဲ့တယ္။ ဒါေပမယ့္ မိခင္ျဖစ္သူ ကိုရိုနာဗုိင္းရပ္ ကူးစက္ခံရျပီး ကြယ္လြန္ခဲ့ျခင္းေၾကာင့္ မန္ေနဂ်ာ ဂြာဒီယိုလာဟာ အဂၤလန္ကို ျပန္လာဖို႔ ေႏွာင့္ေႏွးေနခဲ့ရျပီး တနလၤာေန႔မွာ စတင္ရမယ့္ ေလ့က်င့္ေရးကို အစီအစဥ္အတိုင္း မလုပ္ႏုိင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီး ကစားသမားေတြနဲ႔ ဝန္ထမ္းေတြကေတာ့ တနလၤာေန႔မွာ ကိုဗစ္ စစ္ေဆးမႈေတြ ခံယူခဲ့ျပီး ရလဒ္ေကာင္းခဲ့ကာ မန္ေနဂ်ာဂြာဒီယိုလာ ဦးေဆာင္မယ့္ အသင္းသားေတြဟာ ေသာၾကာေန႔မွာ ေလ့က်င့္ေရး ျပန္ဝင္ၾကပါမယ္။ စည္းမ်ဥ္းသစ္အရ ဂိုးသမားအပါ မန္စီးတီး ကစားသမား ၅ ဦး တစ္ဖြဲ႔ပံုစံျဖင့္ ေလ့က်င့္ေရမွာျဖစ္ျပီး တစ္ခ်ိန္တည္းမွာပဲ နည္းျပအဖြဲ႔ဝင္ သံုးဦးေလာက္ပဲ တူညီတဲ့ ျမက္ခင္းျပင္မွာ နည္းျပခြင့္ရပါမယ္။

မန္စီးတီးဟာ ပရီးမီးယားလိဂ္ပြဲ ၁၀ ပြဲ ကစားဖို႔ က်န္ရွိေနျပီး လက္က်န္ ၉ ပြဲမွာ ၂ ပြဲႏုိင္ရင္ကို ခ်န္ပီယံျဖစ္မယ့္ ျပိဳင္ဘက္ လီဗာပူးကို ဖိအားေပးရမွာပါ။ မန္ေနဂ်ာဂြာဒီယိုလာကေတာ့ ပရီးမီးယားလိဂ္ထက္ ဇူလိုင္လအကုန္ (သို႔) ၾသဂုတ္လမွာ ယွဥ္ျပိဳင္ရမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲကို ပိုမို အာရံုစိုက္ဖြယ္ ရွိေနပါတယ္။

ေနာ္ဝစ္အသင္းကလည္း ကိုဗစ္စစ္ေဆးမႈမွာ ပိုးေတြ႔သူ မရွိျခင္းေၾကာင့္ ေသာၾကာေန႔မွာပဲ ေလ့က်င့္ေရး ျပန္ဝင္ၾကမွာျဖစ္ပါတယ္။ ဒီအပတ္ ေၾကညာခ်က္မွာေတာ့ ပရီးမီးယားလိဂ္အတြင္း ပိုးေတြ႔သူ ၆ ဦးရွိခဲ့ျပီး ဝတ္ဖိုဒ့္မွ ၃ ဦးျဖစ္ကာ ဘန္ေလမွ တစ္ဦးျဖစ္တယ္။ က်န္တဲ့ ႏွစ္ဦးကေတာ့ ဘယ္အသင္းကလည္းဆိုတာကို မသိရတာ ျဖစ္ပါတယ္။