အူဘာမီယန်နဲ့ အိုဇေးကို လက်လွတ်ရင် အာဆင်နယ် အန္တရာယ်များမယ်လို့ သတိပေးမှု

အာဆင်နယ် ကွင်းလယ် ကစားသမား ဇာခါက အသင်းဖော် နှစ်ဦး ဖြစ်တဲ့ အိုဇေးလ်၊ အူဘာမီးယန်းတို့နဲ့ ပတ်သတ်ပြီး ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။

အသင်းပြောင်းဖို့ သတင်းကြီးနေတဲ့ အူဘာမီးယန်းကို လွယ်လွယ် လက်လွှတ်ရင် အာဆင်နယ် အတွက် ဆုံးရှုံးမှု ကြီးမှာ ဖြစ်ပြီး အိုဇေးလ်ကလည်း အသင်းအတွက် သက်ရောက်မှုကောင်းတွေ ပြုလုပ်ပေးနေသူ ဖြစ်တယ်လို့ ၎င်းက ရှင်းလင်း ပြောဆိုလာခဲ့တာပါ။

အာဆင်နယ် အသင်းခေါင်းဆောင်လည်း ဖြစ်ပြီး သွင်းဂိုးတွေ အတွက် အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အူဘာမီးယန်းဟာ နောက်နှစ် နွေမှာ အာဆင်နယ်နဲ့ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပြီး ကစားသမားက စာချုပ်သစ် အတွက် သဘောတူညီမှု မပေးဘဲ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ တို့ထံ ပြောင်းရွှေ့ဖို့ သတင်းကြီးနေပါတယ်။

” အူဘာကိစ္စသာ တကယ်ဖြစ်သွားရင်တော့ အသင်းအတွက် ကလပ် အတွက် ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မယ်။ အူဘာက ပြိုင်ဘက်တွေ အတွက် အန္တာရယ်ကြီး အမြဲပေးနိုင်သူ ဖြစ်တယ်။ သွင်းဂိုးတွေ အတွက် အမြဲ စိတ်ချရတယ်။ လူကောင်း တစ်ယောက်လည်း ဖြစ်တယ်။ သူက အမြဲ အကောင်းမြင်တယ်၊ အကူအညီ ပေးလိုစိတ်ရှိတယ်။ ပရိုလည်း သိပ်ဆန်ပါတယ်။ ” လို့ ဇာခါက အူဘာမီးယန်းနဲ့ ပတ်သတ်ပြီး ပြောဆိုခဲ့ပါတယ်။

ဇာခါက အသင်းပရိသတ်များနဲ့ ပြသနာ ဖြစ်ပြီးနောက် သူ့ရဲ့ အသင်းခေါင်းဆောင် တာဝန်ကို အူဘာမီးယန်းထံ လွှဲအပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၎င်းကပဲ အိုဇေးလ်နဲ့ ပတ်သတ်ပြီး ကာကွယ် ပြောဆိုခဲ့ပါတယ်။ ဂျာမနီ လက်ရွေးစင်ဟောင်းဟာ အားထုတ်မှု လျော့ရဲ့ပြီး အေးစက်စက်နိုင်တာကြောင့် ဝေဖန်မှုတွေ ခံယူနေရပါတယ်။

” အိုဇေးလ်ကလည်း သဘောကျစရာ အသင်းဖော်ကောင်း ဖြစ်တယ်။ သူ ဒီမှာ ရှိနေတာကိုက အသင်းအတွက် သက်ရောက်မှုကောင်းတွေ ရှိတယ်။ သူက အလွန်လည်း နှိမ့်ချတတ်ပြီး သူများကို ကူညီဖို့ဆို အမြဲ အသင့်ပဲ။ ထရိန်နင်မှာလည်း ကြိုးကြိုးစားစား ရှိသူပါ။

မီဆွတ်သာ ပုံစံကောင်း ရနေလို့ကတော့ ကျနေ်ာတို့ အတွက် အင်အားကြီး တစ်ရပ် ဖြစ်ပြီး ပွဲကို ပြောင်းလဲ ပစ်နိုင်တယ်။ သူ့ ဘောလုံး ကျွမ်းကျင်မှုနဲ့ ပတ်သတ်ပြီး ကျနော် ထပ် အကျယ်ချဲ့ ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ” လို့ ဇာခါက ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ ကြင္းလယ္ ကစားသမား ဇာခါက အသင္းေဖာ္ နွစ္ဦး ျဖစ္တဲ့ အိုေဇးလ္၊ အူဘာမီးယန္းတို႔နဲ႕ ပတ္သတ္ျပီး ကာကြယ္ ေျပာဆိုမႈေတြ ျပဳလုပ္လာပါတယ္။

အသင္းေျပာင္းဖို႔ သတင္းၾကီးေနတဲ့ အူဘာမီးယန္းကို လြယ္လြယ္ လက္လႊတ္ရင္ အာဆင္နယ္ အတြက္ ဆံုးရွံဳးမႈ ၾကီးမွာ ျဖစ္ျပီး အိုေဇးလ္ကလည္း အသင္းအတြက္ သက္ေရာက္မႈေကာင္းေတြ ျပဳလုပ္ေပးေနသူ ျဖစ္တယ္လို႔ ၄င္းက ရွင္းလင္း ေျပာဆိုလာခဲ့တာပါ။

အာဆင္နယ္ အသင္းေခါင္းေဆာင္လည္း ျဖစ္ျပီး သြင္းဂိုးေတြ အတြက္ အဓိက တိုက္စစ္မွဴး ျဖစ္တဲ့ အူဘာမီးယန္းဟာ ေနာက္နွစ္ ေႏြမွာ အာဆင္နယ္နဲ႕ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး ကစားသမားက စာခ်ဳပ္သစ္ အတြက္ သေဘာတူညီမႈ မေပးဘဲ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ တို႔ထံ ေျပာင္းေရႊ႕ဖို႔ သတင္းၾကီးေနပါတယ္။

” အူဘာကိစၥသာ တကယ္ျဖစ္သြားရင္ေတာ့ အသင္းအတြက္ ကလပ္ အတြက္ ဆံုးရွံဳးမႈၾကီး ျဖစ္လိမ့္မယ္။ အူဘာက ျပိဳင္ဘက္ေတြ အတြက္ အႏၱာရယ္ၾကီး အျမဲေပးနုိင္သူ ျဖစ္တယ္။ သြင္းဂိုးေတြ အတြက္ အျမဲ စိတ္ခ်ရတယ္။ လူေကာင္း တစ္ေယာက္လည္း ျဖစ္တယ္။ သူက အျမဲ အေကာင္းျမင္တယ္၊ အကူအညီ ေပးလိုစိတ္ရွိတယ္။ ပရိုလည္း သိပ္ဆန္ပါတယ္။ ” လို႔ ဇာခါက အူဘာမီးယန္းနဲ႕ ပတ္သတ္ျပီး ေျပာဆိုခဲ့ပါတယ္။

ဇာခါက အသင္းပရိသတ္မ်ားနဲ႕ ျပသနာ ျဖစ္ျပီးေနာက္ သူ႔ရဲ႕ အသင္းေခါင္းေဆာင္ တာ၀န္ကို အူဘာမီးယန္းထံ လႊဲအပ္ေပးခဲ့တာ ျဖစ္ပါတယ္။ ၄င္းကပဲ အိုေဇးလ္နဲ႕ ပတ္သတ္ျပီး ကာကြယ္ ေျပာဆိုခဲ့ပါတယ္။ ဂ်ာမနီ လက္ေရြးစင္ေဟာင္းဟာ အားထုတ္မႈ ေလ်ာ့ရဲ႕ျပီး ေအးစက္စက္နုိင္တာေၾကာင့္ ေ၀ဖန္မႈေတြ ခံယူေနရပါတယ္။

” အိုေဇးလ္ကလည္း သေဘာက်စရာ အသင္းေဖာ္ေကာင္း ျဖစ္တယ္။ သူ ဒီမွာ ရွိေနတာကိုက အသင္းအတြက္ သက္ေရာက္မႈေကာင္းေတြ ရွိတယ္။ သူက အလြန္လည္း နွိမ့္ခ်တတ္ျပီး သူမ်ားကို ကူညီဖို႔ဆို အျမဲ အသင့္ပဲ။ ထရိန္နင္မွာလည္း ၾကိဳးၾကိဳးစားစား ရွိသူပါ။

မီဆြတ္သာ ပံုစံေကာင္း ရေနလို႔ကေတာ့ က်ေန္ာတို႔ အတြက္ အင္အားၾကီး တစ္ရပ္ ျဖစ္ျပီး ပြဲကို ေျပာင္းလဲ ပစ္နုိင္တယ္။ သူ႔ ေဘာလံုး ကၽြမ္းက်င္မႈနဲ႕ ပတ္သတ္ျပီး က်ေနာ္ ထပ္ အက်ယ္ခ်ဲ႕ ေျပာေနစရာေတာင္ လိုမယ္ မထင္ပါဘူး။ ” လို႔ ဇာခါက ေျပာဆိုခဲ့ပါတယ္။