ဗုဒ္ဓဟူးနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

UNICODE – လက်စတာမန်နေဂျာ ဘရန်ဒန်ရော်ဂျာက သူ့ရဲ့ လူငယ်မန်နေဂျာဘဝမှာတင် ကမ္ဘာအနှံ့မှာ အားပေးသူ ပရိသတ်ထုကြီးကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလို အသင်းကို ရောက်သွားခဲ့စဉ် ရင်ဆိုင်ရတဲ့ ဖိအားတွေ သိပ်ကြီးမားခဲ့ပါတယ်လို့ ဝန်ခံလိုက်ပါတယ်။

မနေ့ညကပဲ ပရီးမီးယားလိဂ် ကစားသမားနဲ့ ဝန်ထမ်းပေါင်း ၇၄၈ ဦးကို ကိုဗစ် စစ်ဆေးမှုရလဒ် အဖြေတွေ ထွက်ပေါ်လာရာမှာ ကလပ် သုံးသင်းမှာ ကိုရိုနာဗိုင်းရပ် ကူးစက်မှုအသစ် ၆ ခု သွားတွေ့ပါတယ်။ အသစ်တွေ့ထဲ ၆ ဦးအနက် ကစားသမားတစ်ဦးနဲ့ ဝန်ထမ်းနှစ်ဦးမှာ ဝတ်ဖိုဒ့်အသင်းကဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ အစောတည်းက အင်္ဂလန်ပြည်တွင်း ပြန်ဝင်လာဖို့ အသင်းသားတွေကို ခေါ်ယူထားပြီး ပထမဆုံး ပြန်လည် လေ့ကျင့်ခွင့်ရှိတဲ့ ရက်မှာတင်ပဲ လေ့ကျင့်ရေးကို ပြန်လည် စတင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ ဥက္ကဌ ဆီဖာရင်က ကိုရိုနာကပ်ဘေးအလွန် ဘောလုံးလောကအကြောင်း ပြောရာမှာ အဆိုးမြင်တဲ့ အမြင်တွေအစား အကောင်းမြင်ဖို့နဲ့ ပရိသတ်တွေနဲ့အတူ ပြင်းပြစွာ ယှဉ်ပြိုင်ကြရတဲ့ ဘောလုံးကစားပုံစံကို မကြာခင်မှာ ပြန်ရလာလိမ့်မယ်လို့ အာမခံခဲ့တယ်။

အာဆင်နယ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ခြင်းမှာ ငွေကြေးကြောင့်လည်း ပါဝင်တယ်လို့ ကွင်းလယ်လူ ဆောင်းက ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မန်စီးတီးတိုက်စစ်သမား ဆာနေးကို ဂန္တဝင် ကျောနံပါတ် ၁၀ ဝတ်ဆင်ခွင့် ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ကမ်းလှမ်းထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တော်မီနေးကို ပုံမှန် ပွဲကစားချိန် လုံလောက် အောင် မပေးနိုင်ရင် စကော်သားက အသင်းက ထွက်ခွာသွားနိုင်တယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဘရိုင်ယန် မက် ကလဲယားက သတိပေးလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်မှူး ဆွာရက်စ်နေရာကို အစားထိုးဖို့အတွက် မနှစ်တုန်းက စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းကို ကမ်းလှမ်းမှု လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

မန်စီးတီးကို ပရီးမီးယားလိဂ်ဖလား အနိုင်ရစေခဲ့တဲ့ ကျူပီအာကို အနိုင်ရတဲ့ ပွဲပြီးရင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စီတီးရဲ့ အကောင်းဆုံးပွဲက ယူနိုက်တက်ကို ၆ ဂိုးပြတ် အနိုင်ရတဲ့ပွဲပါလို့ မန်စီးတီးပရိသတ်တွေက ရွေးချယ်ခဲ့ကြပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်း Jens Nowotny က တိုင်းပြည်ရဲ့ အနာဂတ်အဖြစ် တောက်ပလာတဲ့ လူငယ်လေး ဟာဗက်ကို အနာဂတ်အတွက် အသင်းရွေးရာမှာ လူငယ်တွေကို အသားပေးသလို မြေတောက်မြှောက်ပေးနိုင်စွမ်းရှိတဲ့ အသင်းကို ရွေးဖို့ သတိပေးလိုက်ပါတယ်။

ဆန်ချို အတွက် ပေါင် သန်း ၁၀၀ ကျော်တဲ့ ကမ်းလှမ်းမှုများသာ လက်ခံ စဉ်းစားမယ်လို့ ဒေါ့မွန်က မာခဲ့ပေမယ့် ကိုရိုနာ ရိုက်ခတ်မှုကြောင့် ဘဏ္ဍာရေး အကြပ်အတည်း ရှိလာတဲ့ ဒေါ့မွန်က ဆိုဈေးထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေး ဖြစ်ရင်တောင် သင့်တင့်ရင် လက်ခံဖို့ ရှိလာပြီ ဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီအပတ် ပရီးမီးယားလိဂ် ကစားသမားတွေ လေ့ကျင့်ရေး ပြန်ဝင်ဖို့ စတင်လာကြတဲ့ ကိစ္စတွေကို ကြိုဆိုလိုက်ပါတယ်။

” ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေ ဖြစ်ခဲ့တာတောင်မှ ဘောလုံးက မပြောင်းလဲသွားပါဘူး။ ဗိုင်းရပ်ကလည်း ဘောလုံးကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ” – ဆီဖာရင် (ယူအီးအက်ဖ်အေ အကြီးအကဲ)

ZAWGYI – လက္စတာမန္ေနဂ်ာ ဘရန္ဒန္ေရာ္ဂ်ာက သူ႔ရဲ႕ လူငယ္မန္ေနဂ်ာဘဝမွာတင္ ကမၻာအႏွံ႔မွာ အားေပးသူ ပရိသတ္ထုၾကီးကို ပိုင္ဆိုင္ထားတဲ့ လီဗာပူးလို အသင္းကို ေရာက္သြားခဲ့စဥ္ ရင္ဆိုင္ရတဲ့ ဖိအားေတြ သိပ္ၾကီးမားခဲ့ပါတယ္လို႔ ဝန္ခံလိုက္ပါတယ္။

မေန႔ညကပဲ ပရီးမီးယားလိဂ္ ကစားသမားနဲ႔ ဝန္ထမ္းေပါင္း ၇၄၈ ဦးကို ကိုဗစ္ စစ္ေဆးမႈရလဒ္ အေျဖေတြ ထြက္ေပၚလာရာမွာ ကလပ္ သံုးသင္းမွာ ကိုရိုနာဗိုင္းရပ္ ကူးစက္မႈအသစ္ ၆ ခု သြားေတြ႔ပါတယ္။ အသစ္ေတြ႔ထဲ ၆ ဦးအနက္ ကစားသမားတစ္ဦးနဲ႔ ဝန္ထမ္းႏွစ္ဦးမွာ ဝတ္ဖိုဒ့္အသင္းကျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အေစာတည္းက အဂၤလန္ျပည္တြင္း ျပန္ဝင္လာဖို႔ အသင္းသားေတြကို ေခၚယူထားျပီး ပထမဆံုး ျပန္လည္ ေလ့က်င့္ခြင့္ရွိတဲ့ ရက္မွာတင္ပဲ ေလ့က်င့္ေရးကို ျပန္လည္ စတင္ခဲ့ပါတယ္။

ယူအီးအက္ဖ္ေအ ဥကၠဌ ဆီဖာရင္က ကိုရိုနာကပ္ေဘးအလြန္ ေဘာလံုးေလာကအေၾကာင္း ေျပာရာမွာ အဆိုးျမင္တဲ့ အျမင္ေတြအစား အေကာင္းျမင္ဖို႔နဲ႔ ပရိသတ္ေတြနဲ႔အတူ ျပင္းျပစြာ ယွဥ္ျပိဳင္ၾကရတဲ့ ေဘာလံုးကစားပံုစံကို မၾကာခင္မွာ ျပန္ရလာလိမ့္မယ္လို႔ အာမခံခဲ့တယ္။

အာဆင္နယ္ကေန ဘာစီလိုနာကို ေျပာင္းေရႊ႔ခဲ့ျခင္းမွာ ေငြေၾကးေၾကာင့္လည္း ပါဝင္တယ္လို႔ ကြင္းလယ္လူ ေဆာင္းက ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ မန္စီးတီးတိုက္စစ္သမား ဆာေနးကို ဂႏၱဝင္ ေက်ာနံပါတ္ ၁၀ ဝတ္ဆင္ခြင့္ ေပးမယ္ဆိုတ့ဲ မက္လံုးနဲ႔ ကမ္းလွမ္းထားပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ေတာ္မီေနးကို ပံုမွန္ ပြဲကစားခ်ိန္ လံုေလာက္ ေအာင္ မေပးနုိင္ရင္ စေကာ္သားက အသင္းက ထြက္ခြာသြားနုိင္တယ္လို႔ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ဘရိုင္ယန္ မက္ ကလဲယားက သတိေပးလိုက္ပါတယ္။

ဘာစီလိုနာအသင္းဟာ ၄င္းတို႔ရဲ႕ တိုက္စစ္မွဴး ဆြာရက္စ္ေနရာကို အစားထိုးဖို႔အတြက္ မႏွစ္တုန္းက စပါးအသင္း တိုက္စစ္မွဴး ဟယ္ရီကိန္းကို ကမ္းလွမ္းမႈ လုပ္ခဲ့ေသးတယ္လို႔ သိရပါတယ္။

မန္စီးတီးကို ပရီးမီးယားလိဂ္ဖလား အႏုိင္ရေစခဲ့တဲ့ က်ဴပီအာကို အႏုိင္ရတဲ့ ပြဲျပီးရင္ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း စီတီးရဲ႕ အေကာင္းဆံုးပြဲက ယူႏုိက္တက္ကို ၆ ဂိုးျပတ္ အႏုိင္ရတဲ့ပြဲပါလို႔ မန္စီးတီးပရိသတ္ေတြက ေရြးခ်ယ္ခဲ့ၾကပါတယ္။

ဂ်ာမနီလက္ေရြးစင္ေဟာင္း Jens Nowotny က တိုင္းျပည္ရဲ႕ အနာဂတ္အျဖစ္ ေတာက္ပလာတဲ့ လူငယ္ေလး ဟာဗက္ကို အနာဂတ္အတြက္ အသင္းေရြးရာမွာ လူငယ္ေတြကို အသားေပးသလို ေျမေတာက္ေျမွာက္ေပးႏုိင္စြမ္းရွိတဲ့ အသင္းကို ေရြးဖို႔ သတိေပးလိုက္ပါတယ္။

ဆန္ခ်ိဳ အတြက္ ေပါင္ သန္း ၁၀၀ ေက်ာ္တဲ့ ကမ္းလွမ္းမႈမ်ားသာ လက္ခံ စဥ္းစားမယ္လို႔ ေဒါ့မြန္က မာခဲ့ေပမယ့္ ကိုရိုနာ ရိုက္ခတ္မႈေၾကာင့္ ဘ႑ာေရး အၾကပ္အတည္း ရွိလာတဲ့ ေဒါ့မြန္က ဆိုေစ်းထက္ နည္းပါးတဲ့ ေျပာင္းေရႊ႕ေၾကး ျဖစ္ရင္ေတာင္ သင့္တင့္ရင္ လက္ခံဖို႔ ရွိလာျပီ ျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီအပတ္ ပရီးမီးယားလိဂ္ ကစားသမားေတြ ေလ့က်င့္ေရး ျပန္ဝင္ဖို႔ စတင္လာၾကတဲ့ ကိစၥေတြကို ၾကိဳဆိုလိုက္ပါတယ္။

” ပထမကမၻာစစ္နဲ႔ ဒုတိယကမၻာစစ္ေတြ ျဖစ္ခဲ့တာေတာင္မွ ေဘာလံုးက မေျပာင္းလဲသြားပါဘူး။ ဗိုင္းရပ္ကလည္း ေဘာလံုးကို ေျပာင္းလဲေစမွာ မဟုတ္ပါဘူး။ ” – ဆီဖာရင္ (ယူအီးအက္ဖ္ေအ အၾကီးအကဲ)