ဆုဖလားမရတဲ့ နှစ်တွေမှာတောင် လီဗာပူးက ပရိသတ်ထုကြီး ပိုင်ဆိုင်ထားခဲ့ကြောင်း ရော်ဂျာ ပြောပြ

UNICODE – လက်စတာမန်နေဂျာ ဘရန်ဒန်ရော်ဂျာက သူ့ရဲ့ လူငယ်မန်နေဂျာဘဝမှာတင် လီဗာပူးအသင်းကို ရောက်သွားခဲ့စဉ် ရင်ဆိုင်ရတဲ့ ဖိအားတွေနဲ့အတူ လီဗာပူးဟာ ကမ္ဘာအနှံ့မှာ အားပေးသူ ပရိသတ်ထုကြီးကို ပိုင်ဆိုင်ထားတဲ့ အသင်းဆိုတာကို ထုတ်ပြောခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဝေလ်းကလပ် ဆွမ်ဆီးမန်နေဂျာ ဘရန်ဒန်ရော်ဂျာဟာ အင်္ဂလန်ရဲ့ ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးကို တိုက်ရိုက် ရောက်ရှိခဲ့ပါတယ်။ ထိုစဉ်တုန်းက လီဗာပူးဟာ အတော်လေး အခြေအနေဆိုးနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်မရတာ ၅ ရာသီတောင် ကြာမြင့်ခဲ့ပြီဖြစ်တယ်။

ဘရန်ဒန် ရော်ဂျာက ” စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ လီဗာပူးအသင်းကို ကျနော် ရောက်သွားတော့ အသက် ၃၉ နှစ်ဖြစ်ပြီး အဲ့မှာ ရရှိတဲ့ စောင့်ကြည့်ခံရမှုတွေက အရမ်းကို ကြီးမားပါတယ်။ ကျနေ်ာ ရောက်သွားတုန်းက လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာက ရာသီသိမ်းပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်မရတာ ၅ ရာသီ ကြာခဲ့ပါပြီ။

လီဗာပူးကို ချန်ပီယံလိဂ်ပြိုင်ပွဲထဲ ပြန်ပို့နိုင်ဖို့ဆိုတဲ့ ကြီးမားတဲ့ မျှော်လင့်ချက်ကောင်းတွေနဲ့အတူ ကျနေ်ာတို့တွေ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို စတင် လုပ်ဆောင်ခဲ့ကြတယ်။ အသင်းကြီးတစ်သင်း ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို အချိန်အကြာကြီး ပါဝင် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ စတင်ရတဲ့ အသုံးစရိတ် အပေါ်မှာလည်း သက်ရောက်ခဲ့တာပေါ့။ အဲ့တုန်းက အခြေအနေက အဲ့လိုပါပဲ။

ကျနော် ရောက်သွားတော့ အသုံးစရိတ်တွေ ဖြတ်တောက်ထားပြီး အချို့ ကစားသမားတွေက ထွက်ခွာမှုတွေ လုပ်နေပါတယ်။ ကျနော်တို့အပေါ် စောင့်ကြည့်မှုက သိပ်ကြီးမားလွန်းပါတယ်။ ကမ္ဘာပေါ်က ဘယ်နေရာကိုပဲ ခရီးသွားသွား လီဗာပူးအသင်းက အထင်ကရအသင်းဆိုတော့ ပရိသတ်တွေ အများအပြားက လာပြီး အားပေးကြပါတယ်။

သြစတြေးလျက မဲလ်ဘုန်ကိုသွားတဲ့ ရာသီကြို ခရီးစဉ်ကို ကျနော် ဘယ်တော့မှ မမေ့ပါဘူး။ ကျနေ်ာတို့ MCG ကွင်းထဲကို သွားခဲ့ကြပြီး တကယ်ကို မင်သပ်လောက်အောင်ပါပဲဗျာ။ အဲ့ကွင်းထဲမှာ ပရိသတ်ပေါင်း ၉၆၀၀၀ အပြည့် ရှိနေပါတယ်။ ပရိသတ်တွေ အားလုံးက တစ်ယောက်မကျန် လီဗာပူးပရိသတ်တွေ ဖြစ်ကြပါတယ်။ တကယ်ကို မယုံနိုင်လောက်အောင်ဖြစ်ပြီး လီဗာပူးလို အသင်းကြီးမှာက ဖိအားတွေ သိပ်ကြီးပါတယ်။ ပွဲတိုင်းကို အနိုင်ရလိုတာကို ရင်ဆိုင်ရပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI – လက္စတာမန္ေနဂ်ာ ဘရန္ဒန္ေရာ္ဂ်ာက သူ႔ရဲ႕ လူငယ္မန္ေနဂ်ာဘဝမွာတင္ လီဗာပူးအသင္းကို ေရာက္သြားခဲ့စဥ္ ရင္ဆိုင္ရတဲ့ ဖိအားေတြနဲ႔အတူ လီဗာပူးဟာ ကမၻာအႏွံ႔မွာ အားေပးသူ ပရိသတ္ထုၾကီးကို ပိုင္ဆိုင္ထားတဲ့ အသင္းဆိုတာကို ထုတ္ေျပာခဲ့ပါတယ္။

၂၀၁၂ ခုႏွစ္မွာ ေဝလ္းကလပ္ ဆြမ္ဆီးမန္ေနဂ်ာ ဘရန္ဒန္ေရာ္ဂ်ာဟာ အဂၤလန္ရဲ႕ ထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ လီဗာပူးကို တိုက္ရိုက္ ေရာက္ရွိခဲ့ပါတယ္။ ထိုစဥ္တုန္းက လီဗာပူးဟာ အေတာ္ေလး အေျခအေနဆိုးေနျပီး ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ပါဝင္ယွဥ္ျပိဳင္ခြင့္မရတာ ၅ ရာသီေတာင္ ၾကာျမင့္ခဲ့ျပီျဖစ္တယ္။

ဘရန္ဒန္ ေရာ္ဂ်ာက ” စိတ္ဝင္စားဖို႔ေကာင္းခဲ့ပါတယ္။ လီဗာပူးအသင္းကို က်ေနာ္ ေရာက္သြားေတာ့ အသက္ ၃၉ ႏွစ္ျဖစ္ျပီး အဲ့မွာ ရရွိတဲ့ ေစာင့္ၾကည့္ခံရမႈေတြက အရမ္းကို ၾကီးမားပါတယ္။ က်ေန္ာ ေရာက္သြားတုန္းက လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၈ ေနရာက ရာသီသိမ္းျပီး ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပါဝင္ယွဥ္ျပိဳင္ခြင့္မရတာ ၅ ရာသီ ၾကာခဲ့ပါျပီ။

လီဗာပူးကို ခ်န္ပီယံလိဂ္ျပိဳင္ပြဲထဲ ျပန္ပို႔ႏုိင္ဖို႔ဆိုတဲ့ ၾကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ေကာင္းေတြနဲ႔အတူ က်ေန္ာတို႔ေတြ ျပန္လည္ တည္ေဆာက္ေရး လုပ္ငန္းစဥ္ေတြကို စတင္ လုပ္ေဆာင္ခဲ့ၾကတယ္။ အသင္းၾကီးတစ္သင္း ျဖစ္ေပမယ့္လည္း ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို အခ်ိန္အၾကာၾကီး ပါဝင္ ယွဥ္ျပိဳင္ႏုိင္ျခင္း မရွိေတာ့ စတင္ရတဲ့ အသံုးစရိတ္ အေပၚမွာလည္း သက္ေရာက္ခဲ့တာေပါ့။ အဲ့တုန္းက အေျခအေနက အဲ့့လိုပါပဲ။

က်ေနာ္ ေရာက္သြားေတာ့ အသံုးစရိတ္ေတြ ျဖတ္ေတာက္ထားျပီး အခ်ိဳ႔ ကစားသမားေတြက ထြက္ခြာမႈေတြ လုပ္ေနပါတယ္။ က်ေနာ္တို႔အေပၚ ေစာင့္ၾကည့္မႈက သိပ္ၾကီးမားလြန္းပါတယ္။ ကမၻာေပၚက ဘယ္ေနရာကိုပဲ ခရီးသြားသြား လီဗာပူးအသင္းက အထင္ကရအသင္းဆိုေတာ့ ပရိသတ္ေတြ အမ်ားအျပားက လာျပီး အားေပးၾကပါတယ္။

ၾသစေၾတးလ်က မဲလ္ဘုန္ကိုသြားတဲ့ ရာသီၾကိဳ ခရီးစဥ္ကို က်ေနာ္ ဘယ္ေတာ့မွ မေမ့ပါဘူး။ က်ေန္ာတို႔ MCG ကြင္းထဲကို သြားခဲ့ၾကျပီး တကယ္ကို မင္သပ္ေလာက္ေအာင္ပါပဲဗ်ာ။ အဲ့ကြင္းထဲမွာ ပရိသတ္ေပါင္း ၉၆၀၀၀ အျပည့္ ရွိေနပါတယ္။ ပရိသတ္ေတြ အားလံုးက တစ္ေယာက္မက်န္ လီဗာပူးပရိသတ္ေတြ ျဖစ္ၾကပါတယ္။ တကယ္ကို မယံုႏုိင္ေလာက္ေအာင္ျဖစ္ျပီး လီဗာပူးလို အသင္းၾကီးမွာက ဖိအားေတြ သိပ္ၾကီးပါတယ္။ ပြဲတိုင္းကို အႏုိင္ရလိုတာကို ရင္ဆိုင္ရပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။