ကမ္ဘာစစ်တွေတောင် ဘောလုံးကို မပြောင်းလဲနိုင်တာ ဗိုင်းရပ်ကြောင့်တော့ မပြောင်းလဲပါဘူး
UNICODE – ယူအီးအက်ဖ်အေ ဥက္ကဌ ဆီဖာရင်က ကိုရိုနာကပ်ဘေးအလွန် ဘောလုံးလောကအကြောင်း ပြောရာမှာ အဆိုးမြင်တဲ့ အမြင်တွေအစား အကောင်းမြင်တဲ့ အမြင်တွေ ပိုမိုရှိကြဖို့ လိုအပ်မယ့် သဘောကို ပြောဆိုခဲ့ပါတယ်။
ဆီဖာရင်ကတော့ ပရိသတ်တွေနဲ့အတူ ပြင်းပြစွာ ယှဉ်ပြိုင်ကြရတဲ့ ဘောလုံးကစားပုံစံကို မကြာခင်မှာ ပြန်ရလာလိမ့်မယ်လို့ အာမခံခဲ့တယ်။ သူကပဲ ကမ္ဘာစစ်တွေကြောင့်တောင် မပြောင်းလဲခဲ့တဲ့ ဘောလုံးအားကစားဟာ ဗိုင်းရပ်ကြောင့်တော့ မပြောင်းလဲပါဘူးလို့ ပြောဆိုသွားပါတယ်။
ဆီဖာရင်က ” တကယ်ကို အလေးထားရမယ့် အခြေအနေတွေဖြစ်ပါတယ်။ ဗိုင်းရပ်အကြောင်းလည်း ကျနေ်ာတို့ ပိုသိလာတယ်။ ကျနော်က အများအားဖြင့် အကောင်းမြင်တတ်သူပါ။ ဗိုင်းရပ်ကို ဒုတိယလှိုင်း၊ တတိယလှိုင်းကနေ ပဉ္စမလှိုင်းလောက်ထိ စောင့်ဖို့လိုမယ်ဆိုတာတွေကိုတော့ အကောင်းမြင်ပေးလို့ မရပါဘူး။
လူတွေက တစ်ရက်မှာ သေရမယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ပိုပြီး စိုးရိမ်နေရလား? ကျနော်ကတော့ မထင်ပါဘူး။ ကျနေ်ာတို့ အဆင်သင့်ဖြစ်နေပါပြီ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်တွေကိုလည်း လိုက်နာသွားပါမယ်။ ဒါပေမယ့် ကျနော် တစ်ဦးတည်အမြင်နဲ့ သေချာပေါက် ပြောပါမယ်။ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်ရတဲ့ အရင်ပုံစံတွေ မကြာခင် ပြန်ရလာပါလိမ့်မယ်။
ဘောလုံးမှာ ဘာတစ်ခုမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အခုက အတွေ့အကြုံသစ်ဖြစ်နေပြီး ဗိုင်းရပ်က ပုံမှန်အတိုင်း ပြန်ဖြစ်သါားမှာပါ။ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေ ဖြစ်ခဲ့တာတောင်မှ ဘောလုံးက မပြောင်းလဲသွားပါဘူး။ ဗိုင်းရပ်ကလည်း ဘောလုံးကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။
ဒီကိစ္စပြီးရင် ကမ္ဘာကြီးက အရင်လို မဟုတ်တော့ဘူးလို့ လူတွေက ပြောကြတယ် ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် ကျနော်ရဲ့ အမြင်က ဗိုင်းရပ်ကြောင့် ပိုကောင်းလာမယ်လို့ ဘာလို့ တွေးလို့ မရနိုင်ရမှာလဲ။ ပိုပြီး စမတ်ကျလာမယ်လို့ကော ဘာလို့ မတွေးနိုင်ကြရမှာလဲ။ ဒီတော့ သင်ယူရမယ့် သင်ခန်းစာဆိုတာ အမြဲတမ်း ရှိပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI – ယူအီးအက်ဖ်အေ ဥက္ကဌ ဆီဖာရင်က ကိုရိုနာကပ်ဘေးအလွန် ဘောလုံးလောကအကြောင်း ပြောရာမှာ အဆိုးမြင်တဲ့ အမြင်တွေအစား အကောင်းမြင်တဲ့ အမြင်တွေ ပိုမိုရှိကြဖို့ လိုအပ်မယ့် သဘောကို ပြောဆိုခဲ့ပါတယ်။