ယူနိုက်တက်ကို ၆-၁ နဲ့ နိုင်တဲ့ပွဲကို အကောင်းဆုံးပွဲအဖြစ် မန်စီးတီးပရိသတ်တွေ ရွေးချယ်

UNICODE – ၂၀၁၂ ခုနှစ် မေလ ၁၄ ရက်မှာတော့ အဂွယ်ရိုရဲ့ သွင်းဂိုးနဲ့အတူ မန်စီးတီးရဲ့ ရွှေ့ရောင်ကာလတွေ စတင်ခဲ့ပါတယ်။ 93:20 လို့ မန်စီးတီးပရိသတ်တွေကြား သိကြတဲ့ အဆိုပါပွဲဟာ စီးတီးသမိုင်းမှာ အကောင်းဆုံး ပွဲလည်း ဖြစ်ခဲ့ပါတယ်။

မန်စီးတီးကို ပရီးမီးယားလိဂ်ဖလား အနိုင်ရစေခဲ့တဲ့ အဆိုပါပွဲပြီးရင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အကောင်းဆုံးပွဲတွေက ဘယ်လိုပွဲတွေပါလဲ။ မန်စီးတီးသတင်းထောက်ဖြစ်တဲ့ Sam Lee က The Athletic သတင်းမှာ ဖော်ပြခဲ့ပြီး ပရိသတ်တွေကိုယ်တိုင် ဆန္ဒပြုမှုအရ ကျူပီအာကို အနိုင်ရတဲ့ပွဲအပြင် စီတီးရဲ့ အကောင်းဆုံးပွဲအဖြစ် ယူနိုက်တက်ကို ၆ ဂိုးပြတ် အနိုင်ရတဲ့ပွဲကို ရွေးချယ်ခဲ့ကြပါတယ်။

1-6, October 2011

Sam Lee က ” ယူနိုက်တက်ကို မန်စီးတီးရဲ့ ၆-၁ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူမှုက မန်ချက်စတာဒါဘီတင် မဟုတ်ဘဲ အင်္ဂလန်ဘောလုံးလောကကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ ဒီနိုင်ပွဲကပဲ နောက်ထပ် ၇ လအကြာမှာ အဂွယ်ရိုရဲ့ “93:20” အနိုင်ဂိုး ဖြစ်လာစေဖို့ အထောက်အပံ့ဖြစ်ခဲ့တာပါ။ ဂိုးကွာခြားချက်နဲ့အတူ မန်စီးတီးရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလား ဖြစ်လာခဲ့တယ်။

ယူနိုက်တက်ကို ၆-၁ နဲ့ နိုင်တဲ့ပွဲကို အခုချိန်ထိ ပွဲတွေတိုင်း ပြောနေကြတုန်းပါပဲ။ ထောင်ပေါင်းများစွာသော ယူနိုက်တက်ပရိသတ်တွေက အိုထရတ်ဖိုဒ့်ကနေ ထွက်ခွာသွားခဲ့ပြီး မန်စီးတီးပရိသတ်တွေက ၁၀ ဂိုးဖြစ်သင့်တယ်လို့ ကြွေးကြော်ခဲ့ကြတယ်။ ဒါပေမယ့်လည်း ၆ ဂိုးကလည်း လုံလောက်ခဲ့ပါတယ်။ နောက်ပြီး ဘာလော့တယ်လီရဲ့ ကျော်ကြားတဲ့ “Why Always Me? ဆိုတာကောပေါ့ ” လို့ ဖော်ပြခဲ့ကြတယ်။

Leicester 0-1 City, May 2019

ယူနိုက်တက်ကို ၆ ဂိုးပြတ် နိုင်တဲ့ပွဲဟာ ဆုဖလားအနိုင်ရစေခဲ့တဲ့ ကျူပီအာပွဲ မပါဘဲ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မန်စီးတီးရဲ့ အကောင်းဆုံးပွဲအဖြစ် မန်စီးတီးပရိသတ် ၅၇.၅% ထိ မဲပေးခဲ့ကြတာဖြစ်တယ်။ နောက်ထပ် မဲပေးကြတဲ့ပွဲကတော့ မဲပေးမှု ၂၀.ဂ% နဲ့အတူ မနှစ်က ဘောလုံးရာသီ လက်စတာကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲဖြစ်တယ်။

မနှစ်ကဘောလုံးရာသီဖြစ်တဲ့ ၂၀၁၉ ခုနှစ် မေလမှာတော့ မန်စီးတီးဟာ လက်စတာနဲ့ အဝေးကွင်းမှ သွားရောက် ယှဉ်ပြိုင်ပြီး ကွန်ပနီရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့တယ်။ အဆိုပါ နိုင်ပွဲကပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး အနီးကပ်ပြိုင်ဘက် လီဗာပူးအသင်းကို နှာတစ်ဖျားအသာနဲ့ ကျော်ဖြတ်ဖို့ အရေးပါစေခဲ့ပါတယ်။

ZAWGYI – ၂၀၁၂ ခုႏွစ္ ေမလ ၁၄ ရက္မွာေတာ့ အဂြယ္ရိုရဲ႕ သြင္းဂိုးနဲ႔အတူ မန္စီးတီးရဲ႕ ေရႊ႔ေရာင္ကာလေတြ စတင္ခဲ့ပါတယ္။ 93:20 လို႔ မန္စီးတီးပရိသတ္ေတြၾကား သိၾကတဲ့ အဆိုပါပြဲဟာ စီးတီးသမိုင္းမွာ အေကာင္းဆံုး ပြဲလည္း ျဖစ္ခဲ့ပါတယ္။

မန္စီးတီးကို ပရီးမီးယားလိဂ္ဖလား အႏုိင္ရေစခဲ့တဲ့ အဆိုပါပြဲျပီးရင္ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း အေကာင္းဆံုးပြဲေတြက ဘယ္လိုပြဲေတြပါလဲ။ မန္စီးတီးသတင္းေထာက္ျဖစ္တဲ့ Sam Lee က The Athletic သတင္းမွာ ေဖာ္ျပခဲ့ျပီး ပရိသတ္ေတြကိုယ္တိုင္ ဆႏၵျပဳမႈအရ က်ဴပီအာကို အႏုိင္ရတဲ့ပြဲအျပင္ စီတီးရဲ႕ အေကာင္းဆံုးပြဲအျဖစ္ ယူႏုိက္တက္ကို ၆ ဂိုးျပတ္ အႏုိင္ရတဲ့ပြဲကို ေရြးခ်ယ္ခဲ့ၾကပါတယ္။

1-6, October 2011

Sam Lee က ” ယူႏုိက္တက္ကို မန္စီးတီးရဲ႕ ၆-၁ ဆိုတဲ့ ရလဒ္ျဖင့္ အႏုိင္ယူမႈက မန္ခ်က္စတာဒါဘီတင္ မဟုတ္ဘဲ အဂၤလန္ေဘာလံုးေလာကကုိပါ ေျပာင္းလဲေစခဲ့ပါတယ္။ ဒီႏုိင္ပြဲကပဲ ေနာက္ထပ္ ၇ လအၾကာမွာ အဂြယ္ရိုရဲ႕ “93:20” အႏုိင္ဂိုး ျဖစ္လာေစဖို႔ အေထာက္အပံ့ျဖစ္ခဲ့တာပါ။ ဂိုးကြာျခားခ်က္နဲ႔အတူ မန္စီးတီးရဲ႕ ပထမဆံုး ပရီးမီးယားလိဂ္ဖလား ျဖစ္လာခဲ့တယ္။

ယူႏုိက္တက္ကို ၆-၁ နဲ႔ ႏုိင္တဲ့ပြဲကို အခုခ်ိန္ထိ ပြဲေတြတိုင္း ေျပာေနၾကတုန္းပါပဲ။ ေထာင္ေပါင္းမ်ားစြာေသာ ယူႏုိက္တက္ပရိသတ္ေတြက အိုထရတ္ဖိုဒ့္ကေန ထြက္ခြာသြားခဲ့ျပီး မန္စီးတီးပရိသတ္ေတြက ၁၀ ဂိုးျဖစ္သင့္တယ္လို႔ ေၾကြးေၾကာ္ခဲ့ၾကတယ္။ ဒါေပမယ့္လည္း ၆ ဂိုးကလည္း လံုေလာက္ခဲ့ပါတယ္။ ေနာက္ျပီး ဘာေလာ့တယ္လီရဲ႕ ေက်ာ္ၾကားတဲ့ “Why Always Me? ဆိုတာေကာေပါ့ ” လို႔ ေဖာ္ျပခဲ့ၾကတယ္။

Leicester 0-1 City, May 2019

ယူႏုိက္တက္ကို ၆ ဂိုးျပတ္ ႏုိင္တဲ့ပြဲဟာ ဆုဖလားအႏုိင္ရေစခဲ့တဲ့ က်ဴပီအာပြဲ မပါဘဲ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း မန္စီးတီးရဲ႕ အေကာင္းဆံုးပြဲအျဖစ္ မန္စီးတီးပရိသတ္ ၅၇.၅% ထိ မဲေပးခဲ့ၾကတာျဖစ္တယ္။ ေနာက္ထပ္ မဲေပးၾကတဲ့ပြဲကေတာ့ မဲေပးမႈ ၂၀.ဂ% နဲ႔အတူ မႏွစ္က ေဘာလံုးရာသီ လက္စတာကို ၁-၀ နဲ႔ အႏုိင္ရတဲ့ပြဲျဖစ္တယ္။

မႏွစ္ကေဘာလံုးရာသီျဖစ္တဲ့ ၂၀၁၉ ခုႏွစ္ ေမလမွာေတာ့ မန္စီးတီးဟာ လက္စတာနဲ႔ အေဝးကြင္းမွ သြားေရာက္ ယွဥ္ျပိဳင္ျပီး ကြန္ပနီရဲ႕ သြင္းဂိုးနဲ႔ အႏုိင္ရခဲ့တယ္။ အဆိုပါ ႏုိင္ပြဲကပဲ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရး အနီးကပ္ျပိဳင္ဘက္ လီဗာပူးအသင္းကို ႏွာတစ္ဖ်ားအသာနဲ႔ ေက်ာ္ျဖတ္ဖို႔ အေရးပါေစခဲ့ပါတယ္။