အနာဂတ်အတွက် ကိုင်းဟာဗက် ရွေးချယ်သွားသင့်တဲ့ ပရီးမီးယားလိဂ် မန်နေဂျာ သုံးဦး

UNICODE – ဂျာမနီလက်ရွေးစင်ဟောင်း Jens Nowotny က တိုင်းပြည်ရဲ့ အနာဂတ်အဖြစ် တောက်ပလာတဲ့ လူငယ်လေး ဟာဗက်ကို အနာဂတ်အတွက် အသင်းရွေးရာမှာ လူငယ်တွေကို အသားပေးသလို မြေတောက်မြှောက်ပေးနိုင်စွမ်းရှိတဲ့ အသင်းကို ရွေးဖို့ သတိပေးလိုက်ပါတယ်။

ဟာဗက်ဟာ ဒီနှစ်ရာသီအတွင်း ထိပ်တန်း အလားအလာတွေကို ပြသလာခဲ့သူပါ။ သူဟာ လေဗာကူဆင်မှာ တောက်ပလာနေပြီး ကမ္ဘာအဆင့်ကို ရောက်ဖို့ ဆိုရင်တော့ ပုံမှန် ပွဲထွက်ခွင့်နဲ့အတူ သူ့ကို လမ်းညွှန်မှုတွေ လုပ်ပေးနိုင်မယ့် ကလပ်မှာ ကစားဖို့ လိုပါလိမ့်မယ်။ ပရီးမီးယားလိဂ် မန်နေဂျာတွေဖြစ်တဲ့ ကလော့ပ်၊ ဂွာဒီယိုလာ၊ မော်ရင်ညိုတို့ဟာ ဟာဗက်ကို ထိပ်တန်းကစားသမား ဖြစ်လာစေမယ်သူတွေအဖြစ် သုံးသပ်လာခဲ့ခြင်းဖြစ်တယ်။

Jens Nowotny က ” သူက ကမ္ဘာအကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ အလားအလာကောင်းတွေလည်း ရှိနေပါတယ်။ နောက်ထပ် ခြေလှမ်းက အရေးအကြီးဆုံး ဖြစ်လာပါလိမ့်မယ်။

လေဗာကူဆင်မှာ တစ်နှစ်လောက် ထပ်နေလို့လည်း နာကျင်စေမှာ မဟုတ်ပါဘူး။ ကစားသမားအနေနဲ့ တိုးတက်လာမှုနဲ့ လူပုဂ္ဂိုလ်အဖြစ် တောက်ပလာဖို့တွေက သက်သောင့်သက်သာရှိတဲ့ အသိုင်းအဝိုင်းမှာပဲ ဖြစ်နေသင့်ပါတယ်။ ဒီအခြေအနေမှာတော့ လေဗာကူဆင်ပေါ့။

အလားအလာတွေ အားလုံးကို ထုတ်ပြဖို့ဆိုရင်တော့ နောက်တစ်ဆင့်က အရေးကြီးဆုံးပါ။ သူ့ဘာသာ မေးဖို့လိုတယ်။ ဘယ်အသင်းမှာ သူက တိုးတက်လာမှာလဲ။ သူ့ရဲ့ ကစားသမားဘဝ အမြင့်ဆုံးတွေရောက်ဖို့ ဘယ်အသင်းတွေက အကူအညီဖြစ်မလဲပေါ့။

ယာဂင်ကလောပ်၊ ဂွာဒီယိုလာနဲ့ မော်ရင်ညိုလို မန်နေ၈ျာက သူ့ကို တောက်ပစေနိုင်ပါတယ်။ အခြားတစ်ဘက်မှာ သူတိုးတက်လာဖို့ လူငယ်တွေနဲ့ တွဲပြီး အလုပ်လုပ်တဲ့ အသင်းလည်း ဖြစ်ရမယ်။ လူငယ်ကစားသမားတွေအတွက် ဒေါ့မွန်ဟာ ဘိုင်ယန်ထက်ပိုပြီး တိုးတက်မှုတွေအတွက် ပိုကောင်းတဲ့ အသင်းဖြစ်သလိုပေါ့ ” လို့ သုံးသပ်ပြသွားတာ ဖြစ်ပါတယ်။

ZAWGYI – ဂျာမနီလက်ရွေးစင်ဟောင်း Jens Nowotny က တိုင်းပြည်ရဲ့ အနာဂတ်အဖြစ် တောက်ပလာတဲ့ လူငယ်လေး ဟာဗက်ကို အနာဂတ်အတွက် အသင်းရွေးရာမှာ လူငယ်တွေကို အသားပေးသလို မြေတောက်မြှောက်ပေးနိုင်စွမ်းရှိတဲ့ အသင်းကို ရွေးဖို့ သတိပေးလိုက်ပါတယ်။




